Fact Check: တနိုင်ငံလုံးကတပ်တွေကို လက်နက်ချဖို့ စစ်ခေါင်းဆောင် အမိန့်ပေးတဲ့ သတင်းတု
တနိုင်ငံလုံးကတပ်တွေကို လက်နက်ချဖို့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အမိန့်ပေး လိုက်တယ်လို့ထားတဲ့ သတင်းတုဗွီဒီယိုတခု ယူကျူ့မှာ ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ ဒီထဲမှာပါပဲ အာဏာလွှဲပြောင်းပေးမယ်လို့လည်း စစ်ခေါင်းဆောင်ကပြောကြောင်းဖော်ပြပါတယ်။ အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။ “နစက ဥက္ကဌ ကာချုပ်မင်းအောင်လှိုင် တနိုင်ငံလုံး စစ်ကောင်စီတပ်များကို လက်နက်ချခိုင်းပြီ မနိုင်တော့ မှန်းသိလို့ အာဏာခုချက်ချင်းလွှဲပေးမယ်ဟု ပြောပြီ” မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် လွတ်လပ်တဲ့ မီဒီယာတွေအပါအဝင် စစ်တပ်ထိန်းချုပ်ထားတဲ့ မီဒီယာတွေမှာ ဒီသတင်းဖော်ပြချက်မရှိပါဘူး။ အခုဖြန့်ဝေနေတဲ့ “Share Local Media”အမည်နဲ့ ယူကျု့ချန်နယ်ဟာ သတင်းမီဒီယာအချို့မှာဖော်ပြခဲ့တဲ့ သတင်းတွေကို ထင်ယောင်ထင်မှားဖြစ်စေနိုင်တဲ့ သတင်းခေါင်းစဉ်လွဲ သို့မဟုတ် သတင်းခေါင်းစဉ်တုတပ် ဖြန့်ချိလေ့ရှိတာ တွေ့ရပါတယ်။ ခေါင်းစဉ်လွဲတပ်ဖြန့်ဝေထားတဲ့ ၈ မိနစ်ကျော်ရှည်လျားတဲ့ ဗွီဒီယိုထဲမှာပါတဲ့ […]
Continue Reading