Fact Check: ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်အကျဉ်းထောင်က ကယ်ထုတ် ဆိုတဲ့ သတင်းတု
ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော် အကျဉ်းထောင်ကနေ အထူးတပ်ဖွဲ့တွေ ကယ်ထုတ်ပြီး ထောင်တခု လုံးကိုဖောက်ခွဲဖျက်ဆီးပစ်လိုက်ပြီလို့ဆိုထားတဲ့ ဗွီဒီယိုတခု ယူကျူ့မှာ ဖြန့်ဝေထားတာဟာ သတင်းတု တခုသာဖြစ်တယ်။ အောက်ပါစခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကတော့ ယူကျူ့ဗွီဒီယိုတခုက ရယူထားခြင်းဖြစ်တယ်။ “အမေစုကို ကယ်ထုတ်လာကြပြီ နေပြည်တော်အကျဉ်းထောင်ဗုံးခွဲဖျက်ဆီး အမေစုတို့ကု အထူးတပ်များကကယ်ထုတ်” မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် သတင်းလုပ်ငန်း အဓိကလုပ်ကိုင်နေတဲ့ မီဒီယာတွေမှာ ဒီသတင်းဖော်ပြချက်မရှိပါဘူး။ ဗွီဒီယိုကို ဖြန့်ဝေထားတဲ့ “Khit Thit Television”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာတချို့မှာဖော်ပြခဲ့ပြီးဖြစ်တဲ သတင်းတွေကို ပြန်လည်ကူးယူဖော်ပြရာမှာ လုပ်ကြံသတင်းခေါင်းစဉ် ဒါမှမဟုတ် ချဲ့ကားရေးသားထားတဲ့ သတင်းခေါင်း စဉ်တပ်ပြီးဖော်ပြပါတယ်။ ဒီယူကျူ့ချန်နဲ့ပတ်သက်ပြီး Fact Crescendo Myanmar က အချက်အလက်စိစစ် ဖော်ပြခဲ့ပြီးဖြစ်ပါတယ်။ ဒီလင့်ခ်မှာကြည့်ပါ။ […]
Continue Reading
