Fact Check: စစ်ခေါင်းဆောင်ကို NATO အဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားတဲ့ သတင်းတု

စစ်‌ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို မြောက်အတ္တလန်တိတ်စစ်စာချုပ်အဖွဲ့(NATO) က ဖမ်းဆီးခေါ်ဆောင်သွားပြီလို့ဆိုတဲ့  ဗွီဒီယိုယူကျူ့ချန်နယ်တခုက ဒီဇင်ဘာ ၁၄ ရက်က ဖြန့်ချိထားရာမှာ ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ သတင်းခေါင်းစဉ်တုတပ်ထားတဲ့ ဗွီဒီယိုသာဖြစ်တယ်။ အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။  “ကခုန်ကြဟေ့ အောင်ပွဲခံလို့ရပြီ အကြမ်းဖက်ခေါင်းဆောင် ကြင်စိုးမအလ NATO အဖွဲ့ဒီနေ့ပဲ ဖမ်းခေါ်သွားကြပြီဟေ့ ခေတ်သစ်တရားဝင်အတည်ပြုကြေညာပြီ” မူရင်းလင်ခ့် – Yotube link | Archive link အချက်အလက်စိစစ်ချက် အခုလို ဖြန့်ဝေ ထားတဲ့ ယူကျူ့ချန်နယ် The Burmese’s on Air ကို ကြည့်မယ်ဆိုရင် သတင်းမီဒီယာအချို့မှာ ဖော်ပြခဲ့တဲ့ သတင်းတွေကို သတင်းခေါင်းစဉ်တု သို့မဟုတ် သတင်းခေါင်းလွဲတွေတပ်ကာ ပြန်လည်ဖြန့်ချိနေ ခြင်းဖြစ်တာတွေ့ ရပါတယ်။ အခု ဗွီဒီယိုအစမှာပြသတဲ့ Thumbnail ဓာတ်ပုံမှာ […]

Continue Reading

Fact Check: စစ်ခေါင်းဆောင်တွေ သေဆုံးမှု သတင်း‌ခေါင်းစဉ်တု

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဆေးရုံမှာ သေဆုံးမှု၊ ဒုတိယစစ်ခေါင်းဆောင် ဒု-ဗိုလ်ချုပ်မှူးကြီး စိုးဝင်း ပစ်သတ်ခံရမှုစသည်ဖြင့် ဗွီဒီယိုတွေ ယူကျူ့ချန်နယ်တခုက ဖြန့်ဝေထားရာမှာ ပျံ့နှံ့မှုအားကောင်း လျှက်ရှိပါတယ်။ သတင်းမှားသာဖြစ်တယ်။  အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ ဗွီဒီယိုပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။  “(၁၄)ရက်နေ့  တနိုင်ငံလုံးကခုန်လို့ရပြီဟေ့ သတင်းထူးကြီးဗျို့ ညက ကာချုပ်ကြီးမင်းအောင်လှိုင်အရေးပေါ် ဆေးရုမှသေပြီဟေ့အ‌လောင်းထုတ်ပြီဗျို့ ရန်ကုန်ခေတ်သစ်တရားဝင်အတည်ပြုပြီ” မူရင်းလင်ခ့် – Youtube link | Archive link ထို့အတူ သေဆုံးမှု၊ ဒုတိယစစ်ခေါင်းဆောင် ဒု-ဗိုလ်ချုပ်မှူးကြီး စိုးဝင်း ပစ်သတ်ခံရတယ်၊ စစ်တပ်ပြန်ကြားရေး တာဝန်ခံ ဗိုလ်ချုပ်‌ဇော်မင်းထွန်း မိသားစု ၃ ဦးပစ်သတ်ခံရတယ်စသည်ဖြင့်လည်း ဒီချန်နယ်က ဖြန့်ချိထား ပါတယ်။ ဒီနေရာနဲ့ ဒီနေရာမှာ ကြည့်ပါ။ အချက်အလက်စိစစ်ချက် သတင်းလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ မီဒီယာတွေမှာ ဒီသတင်းဖော်ပြချက်မရှိပါဘူး။  အခုဖြန့်ဝေနေတဲ့ […]

Continue Reading

Fact Check: ဒုတိယစစ်ခေါင်းဆောင်က အာဏာသိမ်းဆိုတဲ့ သတင်းတု

စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အနားယူသွားပြီး ဒုတိယစစ်ခေါင်းဆောင် ဒုတိယ ဗိုလ်ချုပ်မှူးကြီးစိုးဝင်က အာဏာသိမ်းလိုက်တယ်ဆိုတဲ့ သတင်းမှားတွေ ဖေ့စ်ဘွတ်နဲ့ ယူကျု့ အသုံးပြုသူတွေကြား ဖြန့်ဝေလျှက်ရှိပါတယ်။ အောက်ပါစာသားတွေကတော့ ပျံ့နှံ့နေတဲ့ ပို့စ်တခုပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။ အလားတူတဲ့ရေးသားမျှဝေမှုကို ယူကျူ့ရဲ့ ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။ “မင်းအောင်လှိုင် အနားယူပြီဟု MRTV  ကြေညာ တပ်အလုံးစုံ ရပ်တန့်လိုက်ပြီ ဗိုလ်ချုပ် စိုးဝင်း အာဏာယူပြီ”  မူရင်းလင်ခ့် – Fb link | Archive link အချက်အလက်စိစစ်ချက် အခုဖြန့်ဝေနေတဲ့ ဖေ့စ်ဘွတ်နဲ့ ယူကျူ့ချန်နယ်တွေဟာ သတင်းမီဒီယာအချို့မှာ‌ဖော်ပြခဲ့တဲ့ သတင်းတွေကို ပြန်လည်ကူးယူ‌ဖော်ပြပြီး လိုအပ်သလို သတင်းခေါင်းစဉ်ကို လုပ်ကြံရေးသားဖြန့်ဝေနေခြင်းသာဖြစ်တယ်။ “မင်းအောင်လှိုင် အနားယူပြီဟု MRTV  ကြေညာ တပ်အလုံးစုံ ရပ်တန့်လိုက်ပြီ ဗိုလ်ချုပ် စိုးဝင်း အာဏာယူပြီ” လို့ ဗွီဒီယိုအစမှာရေးသားထားပေမဲ့ […]

Continue Reading

Fact Check: အာဏာသိမ်းစစ်ခေါင်းဆောင် မိသားစုပစ်သတ်ခံရမှုသတင်းတု

အဏာသိမ်းစစ်‌ခေါင်းဆောင် မိသားစုဝင် ၃ ဦးပစ်သတ်ခံရတယ်လို့ဆိုပြီး ယူကျု့အသုံးပြုသူတွေအကြား ဖြန့်ဝေလျက်ရှိရာမှာ ပျံ့နှံ့မှုအားကောင်းလျက်ရှိတယ်။ သတင်းမှားတခုသာဖြစ်တယ်။ ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။  အလားတူရေးသားမျှဝေမှုကို ဒီနေရာမှာလည်းတွေ့ရပါတယ်။ “မင်းအောင်လှိုင် မိသားစု(၃)ဦးပစ်သတ်ခံရ အခုပဲ ရန်ကုန်ခေတ်သစ်အတည်ပြုကြေညာပြီ” မူရင်းလင်ခ့် – Fb link | Archive link အချက်အလက်စိစစ်ချက်  “Share Local Media” ယူကျု့ချန်နယ်တွေကို ကြည့်မယ်ဆိုရင် သတင်းမီဒီယာအချို့က ဖော်ပြခဲ့တဲ့ သတင်းတွေ ကို ပြန်လည်ကူးယူဖြန့်ချိလေ့ရှိတာတွေ့ရပါတယ်။ ဒီလို ဖြန့်ချိရာမှာ လူစိတ်ဝင်စားမှုရအောင် ခေါင်းစဉ်တု သို့မဟုတ် နားလည်မှုလွဲစေနိုင်တဲ့ ချဲ့ကားရေးသားချက် တွေ အသုံးပြုပြီး ဖြန့်ချိနေတဲ့ နေရာတွေဖြစ်တာ တွေ့ရပါတယ်။ အခုလည်း ဗွီဒီယိုပါအကြောင်းအရာဟာ “နိုဝင်ဘာ ၂၇ ရက်နေ့မှာ တစ်နိုင်ငံလုံး စစ်ဆင်ရေး စမယ်လို့ မြောက်ပိုင်းသုံးဖွဲ့ […]

Continue Reading

Fact Check: အင်ဒိုနီးရှားမှာ NUG နဲ့ အပစ်ရပ်ဆွေးနွေးမှုအပြီး စစ်ခေါင်းဆောင်က အာဏာပြန်လွှဲဖို့သဘောတူဆိုတဲ့ သတင်းမှား

အင်ဒိုနီးရှားမှာ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)နဲ့ အပစ်ရပ်ဆွေးနွေးမှုအပြီး စစ်ခေါင်းဆောင်က အာဏာပြန် လွှဲဖို့သဘောတူဆိုတဲ့ သတင်းမှားပို့စ် ဖေ့စ်ဘွတ်နဲ့ ယူကျူ့အသုံးပြုသူတွေအကြား ဖြန့်ဝေနေတာတွေ့ရပါတယ်။ အောက်ပါစာသားတွေကတော့ဖြန့်ဝေထားတဲ့ ယူကျူ့ဗွီဒီယိုပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။  “မအလရှုံးပြီဟေ့ ဝန်ခံလိုက်ပြီ NUG နဲ့အပစ်ရပ်ဖို့ အင်ဒိုနီးရှားမှာဆွေးနွေး မအလ အာဏာပြန်လွှဲဖို့သဘောတူပြီ” (မူရင်းအရေးအသား) မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် သတင်းလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ မီဒီယာတွေမှာ ဒီသတင်းဖော်ပြချက်ရှိပါဘူး။  အခုဖြန့်ဝေထားတဲ့ “Khit Thit Television”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာအချို့မှာဖော်ပြခဲ့တဲ့ သတင်းတွေကို ခေါင်းစဉ် တုတပ်ပြီး ပြန်လည်ဖြန့်ချိပါတယ်။ ထို့အပြင် ပြည်တွင်း သတင်းလုပ်ငန်းမှာ နာမည်ကြီးတဲ့ ရန်ကုန်ခေတ် သစ်မီဒီယာ အမည်နာမကို တုပထားတဲ့ ချန်နယ်တခုဖြစ်တာလည်းတွေ့ရပါတယ်။ Fact Crescendo Myanmar ရဲ့ အချက်အလက်စိစစ်ချက်ကို […]

Continue Reading

Fact Check: တော်လှန်ရေးတပ်ဖွဲ့တွေကို စစ်ခေါင်းဆောင်က အာဏာပြန်လွှဲပေးတဲ့ သတင်းမှား

တော်လှန်ရေးတပ်ဖွဲ့တွေကို စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အာဏာပြန်လွှဲပေးတယ်ဆိုတဲ့ ပို့စ် ဖေ့စ်ဘွတ်နဲ့ ယူကျူ့အသုံးပြုသူတွေအကြား ဖြန့်ဝေနေတာဟာ သတင်းမှားတခုသာဖြစ်တယ်။  အောက်ပါစာသားတွေကတော့ဖြန့်ဝေထားတဲ့ ဖေ့စ်ဘွတ်ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။ နိုဝင်ဘာ ၈ ရက်မှာ အလားတူတဲ့ရေးသားမျှဝေမှုကို ယူကျူ့ရဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။ “စစ်‌ခွေးစစ်သုံပန့်(၁၅၀)ဦး KIA/PDF တပ်ဖမ်းမိ မအလ အရှုံးပေးပြီဟေ့၊ အာဏာပြန်အပ်ရပြီ” (မူရင်းအရေးအသား) မူရင်းလင်ခ့် – Fb link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုအစမှာပြသတဲ့ Thumbnail ဓာတ်ပုံထဲမှာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အရှုံးပေးပြီး အာဏာပြန်အပ်ပြီလို့ရေးထားပေမဲ့ တကယ်တမ်း ဒီအကြောင်းအရာ ဗွီဒီယိုထဲမှာမပါဝင်ပါဘူး။ သတင်းလုပ်ငန်း အဓိကလုပ်ကိုင်နေတဲ့ မီဒီယာတွေမှာ ဒီသတင်းဖော်ပြချက်မျိုးမရှိပါဘူး။  တကယ်တမ်း ဗွီဒီယိုပါသတင်းတွေဟာ သတင်းမီဒီယာတွေမှာ မှာဖော်ပြခဲ့တဲ့ သတင်းတွေကို ပြန်လည်မျှ‌ဝေ နေခြင်းဖြစ်တယ်။ “ဖမ်းမိသည့် […]

Continue Reading

Fact Check: တပ်ချုပ်မင်းအောင်လှိုင် မူးလဲပြီးသေဆုံးတဲ့ သတင်းတု

ရှမ်းပြည်နယ်မြောက်ပိုင်းတိုက်ပွဲသတင်းတွေနဲ့အတူ စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် လဲကျသေ ဆုံးခဲ့တယ်လို့ဆိုတဲ့ ပို့စ်တစ်ခု ဖေ့စ်ဘွတ်မှာဖြန့်ဝေနေတာဟာ နားလည်မှုလွဲစေနိုင်တဲ့ သတင်းမှားသာဖြစ်တယ်။  အောက်ပါကတော့ ဒီလိုဆိုလိုထားတဲ့ ဖေ့စ်ဘွတ်ဗွီဒီယိုပို့စ်တခုရဲ့ စခရင်ရှော့နဲ့ ပို့စ်ပါစာသားကောက်နုတ်ချက် ဖြစ်ပါတယ်။  “ရှမ်းမြောက်တွင် တင့်ကားကြီးနဲ့ အလင်းဝင်လာလို့ သိန်းတစ်သောင်းဆုချီးမြှင့်လိုက်ပြီ တပ်ချုပ်မင်းအောင်လှိုင် မူးလဲပြီးသေဆုံး” မူရင်းလင်ခ့် – Fb link | Archive link အချက်အလက်စိစစ်ချက် သတင်းလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ မီဒီယာတွေမှာ ဒီသတင်းဖော်ပြချက်မျိုးမရှိပါဘူး။ အခုဖြန့်‌‌ဝေနေတဲ့ ဖေ့စ်ဘွတ်စာမျက်နှာက ဗွီဒီယိုဟာ  DVB TV news သတင်းဌာနရဲ့ ယူကျူ့မှာတင်ဆက်ခဲ့တဲ့  နိုဝင်ဘာ ၃ ရက် မနက် ၇ နာရီ သတင်းတွေကို ပြန်လည်ကူးယူဖြန့်ချိနေခြင်းဖြစ်တယ်။ မူလဗွီဒီယိုကို အောက်မှာကြည့်ပါ။ ဒီဗွီဒီယိုထဲမှာ “မြို့ ၃ မြို့ ကျသွားပြီဟု စစ်ကောင်စီဝန်ခံ”၊ […]

Continue Reading

Fact Check: နေပြည်တော်ကို သိမ်းပိုက်မှုနဲ့ စစ်ခေါင်းဆောင်တွေ အဖမ်းခံရမှုသတင်းတု 

နေပြည်တော်အပါအဝင် မြို့ကြီး ၅ မြို့ကို တော်လှန်ရေးတပ်ဖွဲ့တွေက သိမ်းပိုက်လိုက်ပြီး စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ ဒုတိယစစ်ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်နဲ့ အရာရှိကြီးတွေ ဖမ်းဆီးခံရဆိုတဲ့ ဗွီဒီယိုတွေ ယူကျူ့မှာ ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ သတင်းခေါင်းစဉ်လွဲတပ် ဗွီဒီယိုတွေဖြစ်တယ်။ အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။  “နေပြည်တော်အပါအဝင် မြို့ကြီး(၅)မြို့ကို တော်လှန်ရေးပူးပေါင်းတပ်များ သိမ်းပိုက်လိုက်ပြီဟေ့ မအလ၊စိုးဝင်းနဲ့ အရာရှိ(၉၀) အဖမ်းခံရ / ခေသစ် အတည်ပြုပြီ” အလားတူတဲ့ရေးသားဖြန့်ဝေမှုကို ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာတွေမှာလည်းတွေ့ရပါတယ်။ မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် သတင်းလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ မီဒီယာတွေမှာ ဒီသတင်းဖော်ပြချက်မျိုးမရှိပါဘူး။ အခု  ဒီဗွီဒီယိုတွေကို ဖြန့်ဝေနေတဲ့ “Share Local Media”အမည်နဲ့ ယူကျု့ချန်နယ်ဟာ သတင်းမီဒီယာအချို့မှာဖော်ပြခဲ့တဲ့ သတင်းတွေကို […]

Continue Reading

Fact Check: တနိုင်ငံလုံးကတပ်တွေကို လက်နက်ချဖို့ စစ်ခေါင်းဆောင် အမိန့်ပေးတဲ့ သတင်းတု

တနိုင်ငံလုံးကတပ်တွေကို လက်နက်ချဖို့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အမိန့်ပေး လိုက်တယ်လို့ထားတဲ့ သတင်းတုဗွီဒီယိုတခု ယူကျူ့မှာ ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ ဒီထဲမှာပါပဲ အာဏာလွှဲပြောင်းပေးမယ်လို့လည်း စစ်ခေါင်းဆောင်ကပြောကြောင်းဖော်ပြပါတယ်။ အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။  “နစက ဥက္ကဌ ကာချုပ်မင်းအောင်လှိုင် တနိုင်ငံလုံး စစ်ကောင်စီတပ်များကို လက်နက်ချခိုင်းပြီ မနိုင်တော့ မှန်းသိလို့ အာဏာခုချက်ချင်းလွှဲပေးမယ်ဟု ပြောပြီ” မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် လွတ်လပ်တဲ့ မီဒီယာတွေအပါအဝင် စစ်တပ်ထိန်းချုပ်ထားတဲ့ မီဒီယာတွေမှာ ဒီသတင်းဖော်ပြချက်မရှိပါဘူး။ အခုဖြန့်ဝေနေတဲ့ “Share Local Media”အမည်နဲ့ ယူကျု့ချန်နယ်ဟာ သတင်းမီဒီယာအချို့မှာဖော်ပြခဲ့တဲ့ သတင်းတွေကို ထင်ယောင်ထင်မှားဖြစ်စေနိုင်တဲ့ သတင်းခေါင်းစဉ်လွဲ သို့မဟုတ် သတင်းခေါင်းစဉ်တုတပ် ဖြန့်ချိလေ့ရှိတာ တွေ့ရပါတယ်။  ခေါင်းစဉ်လွဲတပ်ဖြန့်ဝေထားတဲ့ ၈ မိနစ်ကျော်ရှည်လျားတဲ့ ဗွီဒီယိုထဲမှာပါတဲ့ […]

Continue Reading

Fact Check: စစ်ခေါင်းဆောင်သေမဲ့ရက်ဟောလို့ ကိုရင်လေးကို စစ်တပ်က‌‌ သေဒဏ်ပေးတဲ့ သတင်းတု

မင်းအောင်လှိုင် သေမဲ့ရက်ဟောလို့ ကိုရင်လေးကို သေဒဏ်ပေးဖို့ ဗိုလ်ချုပ်ဇော်မင်းထွန်းကြေညာပြီဆိုပြီး ဖေ့စ်ဘွတ်နဲ့ ယူကျု့အသုံးပြုသူတွေအကြား ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။  “မင်းအောင်လှိုင် သေမဲ့ရက် ဟောတဲ့ ကိုရင်လေးကို သေဒဏ်ပေးမှာလား ဗိုလ်ချုပ် ဇော်မင်းထွန်း ကြေညာပြီ” အလားတူတဲ့ရေးသားမျှဝေမှုကို ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။ မူရင်းလင်ခ့် – Fb link | Archive link အချက်အလက်စိစစ်ချက် သတင်းလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ မီဒီယာတွေမှာ ဒီသတင်းဖော်ပြချက်မျိုးမရှိပါဘူး။  အခုဗွီဒီယိုထဲမှာ လူမှုကွန် ယက်မှာ ရေပန်းစားနေတဲ့ အရှင်ဥတ္တမသာရဆိုတဲ့ ကိုရင်လေးအကြောင်းကို အွန်လိုင်းအသုံးပြုသူတွေ စိတ်ဝင်စားမှုမြင့်တက်နေချိန်မှာ အခုလိုမျိုးခေါင်းစဉ်တုဖန်တီးထားခြင်းဖြစ်တယ်။  ဒီဗွီဒီယိုထဲမှာပဲ ဒီကိုရင်လေးဟာ စစ်ခေါင်းဆောင်သေမဲ့ရက်ကို အခြားသူတဦးက မြှောက့်ပင့်မေးတာကြောင့် ဟောကြားလိုက်တဲ့အကြောင်း၊ ဒီလိုပြောလိုက်တဲ့အတွက် ကိုရင်လေးအနေနဲ့ အနေကြပ်သွားတဲ့ အကြောင်း။ လူတွေအနေနဲ့ ဒီလိုမလုပ်သင့်တဲ့အကြေင်း စသည်ဖြင့် […]

Continue Reading