Fact Check: ICJ က မြန်မာစစ်တပ်ခေါင်းဆောင် ၂ ဦးကို ဖမ်းဝရမ်းထုတ်တဲ့ သတင်းတု
ICJ က မြန်မာစစ်တပ်ထိန်တန်းခေါင်းဆောင် ၂ ဦးဖြစ်တဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ ဒုတိယဗိုလ် ချုပ်မှူးကြီး စိုးဝင်းကို ဖမ်းဝရမ်းထုတ်လိုက်တယ်ဆိုတဲ့ သတင်းတု ဗွီဒီယိုပို့စ်တစ်ခု ယူကျူ့မှာ ကြည့်ရှု့မှု များပြားလျက်ရှိပါတယ်။ ဗွီဒီယိုခေါင်းစီးစာသားနေရာမှာ “စစ်ခေါာင်းဆောင်နှစ်ဦး ICJ ဖမ်းဝရမ်းထုတ်ပြီ”(မူရင်းအရေးသား)လို့ရေးထား သလို ဗွီဒီယိုထဲမှာတော့ “မအလနဲ့ စိုးဝင်းတို့နှစ်ဦးအား နိုင်ငံတကာရာဇဝတ်ခုံရုံးမှ ဖမ်းဝရမ်းထုတ်လိုက်ပြီ”လို့ လည်း ရေးသားထားပါတယ်။ မူရင်းလင်ခ့် – Youtube link | Archive link အလားတူ တူညီတဲ့ရေးသားဖြန့်ဝေမှုကို ဒီနေရာမှာလည်း တွေ့ရပါတယ်။ အချက်အလက်စိစစ်ချက် အပြည်ပြည်ဆိုင်ရာ တရားရုံး(International Court of Justice- ICJ)မှာ မြန်မာနိုင်ငံအပေါ် ဂမ်ဘီယာနိုင်ငံက လူမျိုးတုံးသတ်ဖြတ်မှုတားဆီးကာကွယ်ရန်ပျက်ကွက်မှုနဲ့ ၂၀၁၉ ခုနှစ်က တရားစွဲဆိုခဲ့ပါတယ်။ အဓိကအားဖြင့် ၂၀၁၆ ခုနှစ်နဲ့ ၂၀၁၇ […]
Continue Reading