Fact Check: မင်းအောင်လှိုင် ရာထူးကနုတ်ထွက်ကြောင်း မြဝတီသတင်းက ထုတ်ပြန် ကြေညာဆိုတဲ့သတင်းတု
မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရာထူးမှ ရုတ်တရက်နုတ်ထွက်ကြောင်း စစ်တပ်ပိုင် မြဝတီသတင်းက ထုတ်ပြန်ကြေညာလိုက်တယ်လို့ဆိုထားတဲ့ ယူကျူ့ဗွီဒီယိုတခုဟာ ပျံ့နှံ့မှု အားကောင်း လျှက်ရှိပါတယ်။ အောက်ပါစာသားနဲ့ စခရင်ရှော့ကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ဖြစ်တယ်။ “(၁၇)ရက်နေ့ အရေးပေါ်သတင်း မအလ ရာထူးမှရုတ်တရက်နုတ်ထွက် MWD တရားဝင်ထုတ်ပြန်ကြေညာပြီ မအလ စစ်ရှုံးလို့ ခေါင်းရှောင်သွားပြီဗျို့”လို့ဆိုပြီး Share Local Media”အမည်နဲ့ ယူကျု့ချန်နယ်ကဖော်ပြ ထားပါတယ်။ မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် ၈ မိနစ်ကျော်ရှည်လျားတဲ့ ဒီဗွီဒီယိုဖိုင်ကို စိစစ်ကြည့်ရာမှာ မင်းအောင်လှိုင် ရာထူးမှ ရုတ်တရက်နုတ်ထွက်တဲ့ အကြောင်း စစ်တပ်ပိုင် မြဝတီမီဒီယာက ထုတ်ပြန်ကြေညာလိုက်တယ်ဆိုတဲ့သတင်းကို ဖော်ပြသွားတာကို မတွေ့ရပါဘူး။ ဒီအပြင် သတင်းလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ ပြည်တွင်းမီဒီယာတွေမှာ ဒီလိုသတင်း […]
Continue Reading
