Fact Check: အမေရိကန်ဆီက စစ်ရေးအကူအညီရကြောင်း NUG ပြောတဲ့ သတင်းမှား
အမေရိကန်ဆီက စစ်ရေးအကူအညီတွေရရှိပြီလို့ အမျိုးသားညီညွှတ်ရေးအစိုးရ(NUG)ကပြောတယ်လို့ဆိုထားတဲ့ ဗွီဒီယိုတွေ ယူကျူ့မှာ ဖြန့်ဝေထားရာမှာ ပျံ့နှံ့မှုအားကောင်းလျက်ရှိတယ်။ နားလည်မှုလွဲစေနိုင်တဲ့ သတင်းခေါင်း စဉ်တုနဲ့ သတင်းမှား ဖြန့်ချိနေခြင်းဖြစ်တယ်။ ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုကရယူထားတဲ့ စခရင်ရှော့နဲ့ စာသားကို အောက်မှာကြည့်ပါ။ “အမေရိကန်ကပေးတဲ့ စစ်ရေး အကူအညီ ရောက်ပြမို့ ပြင်ဦးလွင်၊ မန္တလေးနှင့်နေပြည်တော်ကို သိမ်းတော့မယ်ဟု NUG သမ္မတ ကြေငြာမှုကြီး” မူရင်းလင်ခ့် – Youtube link | Archive link ဇန်နဝါရီ ၁၃ ရက်က ဒီချန်နယ်မှာပဲ နောက်ထပ် အလားတူဖြန့်ဝေထားတဲ့ ဗွီဒီယိုတခုမှာတော့ “US ပေးတဲ့ တိုက်လေယဉ်တွေ ရှေ့တန်းကို ပို့တော့မည်ဟု Dr.sasa ကမ္ဘာသိကြေငြာ”စသည်ဖြင့်လည်းဖော်ပြထားတယ်။ ဒီနေရာမှာကြည့်ပါ။ အချက်အလက်စိစစ်ချက် သတင်းလုပ်ငန်းလုပ်ကိုင်နေတဲ့ မီဒီယာအချို့မှာဖော်ပြခဲ့တဲ့ သတင်းတွေကို ပြန်လည်ကူးယူဖော်ပြပြီး ခေါင်းစဉ်လွဲ […]
Continue Reading