Fact Check: Carabao ကဒေါ်လာ တစ်သိန်းလှူဒါန်းတဲ့ဓာတ်ပုံနဲ့ပတ်သက်ပြီး သတင်းမှားဖြန့်
ကျွဲခေါင်းပုံအမှတ်တံဆိပ်နဲ့ အဖြူအစိမ်းလွှမ်းမိုးမှုရှိတဲ့ လှူဒါန်းငွေပေးခြင်းဆိုင်ရာ မှတ်တမ်းဓာတ်ပုံကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့အား USDP က ဒေါ်လာ တစ်သိန်းလှူဒါန်းမှုအဖြစ်ရေးသားပြီး လူမှုကွန်ယက်မှာဖြန့်ဝေလျက်ရှိပါတယ်။ “Covid တိုက်ဖျတ်ရေး အလှု USDP မှ ဒေါ်လာ 1သိန်း နီပိန်းတွေ အာ့လိုလှုတာမြင်ဖူးလား”လို့ရေးသားပြီး “ပြည်ခိုင်ဖြိုးပါတီ ချစ်သူများ we love usdp”ဖေ့စ်ဘွတ်အုပ်စုမှာ “Aung Zaw”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက အောက်တိုဘာ ၇ ရက်မှာ မျှဝေထားပါတယ်။ သို့သော်လည်း မျှဝေလျက်ရှိတဲ့ဓာတ်ပုံမှာ ကျွဲခေါင်းပုံအမှတ်တံဆိပ်အချိုရည်ကုမ္ပဏီ Carabao က လှူဒါန်းမှုအဖြစ်ရေးသားထားပြီး ကျွဲခေါင်းအမှတ်တံဆိပ်ကိုလည်း ထင်ရှားစွာမြင်တွေ့ရပါတယ်။ ဒီလိုမျှဝေထားတဲ့ဓာတ်ပုံပို့စ်ကို လူမှုကွန်ယက်အသုံးပြုသူတွေက မှတ်ချက်အမျိုးမျိုးနဲ့ ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာတွေမျှဝေထားတာတွေ့ရပါတယ်။ မူရင်းလင်ခ့် – Fb link | Archive link အချက်အလက်စိစစ်ချက် ဒီပို့စ်ပါဓာတ်ပုံကို အောက်တိုဘာ ၆ […]
Continue Reading