Fact Check: မုန်တိုင်းသတင်းတင်ဆက်သူ ဂျပန်အမျိုးသမီးတစ်ဦး စကပ်လှန်သွားတဲ့ ဗွီဒီယိုက AI နဲ့ ဖန်တီးထားခြင်းဖြစ်တယ်
မုန်တိုင်းသတင်းရိုက်ကူးစဉ် ဂျပန်သတင်းတင်ဆက်သူ အမျိုးသမီးတစ်ဦး စကပ်လှန်သွားတဲ့ ဗွီဒီယိုတခု လူမှုကွန်ယက်မှာ ပျံ့နှံ့မှု အားကောင်းခဲ့တာ တွေ့ရတယ်။ ဒါပေမဲ့လည်း တကယ်တော့ ဗွီဒီယိုဟာ ဉာဏ်ရည်တု နည်းပညာ(AI)အသုံးပြုဖန်တီးထားတာဖြစ်ပြီး အပြင်မှာ အမှန်တကယ်ဖြစ်ပျက်ခဲ့တာတော့ မဟုတ်ပါဘူး။ မေ ၃၁ ရက်ကနေ ဇွန် ၃ ရက်အတွင်း ဂျပန်နိုင်ငံ အိုကီနာဝါ(Okinawa)၊ အမမီ(Amami)၊ ကျူးရှုး(Kyushu) ကျွန်းစုတွေ အနီးကနေ တိုင်ဖုန်း ဂျန့်မီ(Jangmi) ဖြတ်သန်းသွားခဲ့ပါတယ်။ ဖေ့စ်ဘွတ်မှာ ပျံ့နှံ့မှုအားကောင်းခဲ့တဲ့ ပို့စ်တခုက ရယူထားတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။ ဇွန် ၃ ရက်မှာ မျှဝေထားတဲ့ ဒီဗွီဒီယိုဟာ ပြန်လည်မျှဝေမှုပေါင်း ၈၀၀၀ နီးပါးနဲ့ ကြည့်ရှု့မှု ၅ သန်းကျော်ရရှိထားတယ်။ တူညီတဲ့ မျှဝေမှုကို ဒီနေရာမှာလည်းတွေ့ရတယ်။ “နင်တို့တွေ ရေးတုန်းက […]
Continue Reading
