Fact Check: NUG ကိုစစ်ရေးကူညီဖို့ နေတိုးမဟာမိတ်အုပ်စုလက်မှတ်ထိုးလိုက်ပြီဆိုတဲ့ သတင်းတု

NUG ကိုစစ်ရေးကူညီဖို့ မြောက်အတ္တလန်တိတ်စာချုပ်အဖွဲ့(NATO)လက်မှတ်ထိုးလိုက်ပြီလို့ရေးသားထား တဲ့ပို့စ်တစ်ခုဖေ့စ်ဘွတ် အသုံးပြုသူတွေအကြားပျံ့နှံ့လျက်ရှိပါတယ်။ သတင်းတုဖြန့်ချိနေခြင်းဖြစ်ပါတယ်။ ဗွီဒီယိုထဲမှာ ဉရောပပါလီမန်က စစ်တပ်ကို ပိုမိုအရေးယူဖို့ဆုံးဖြတ်ချက်အကြောင်းသာဖြစ်ပြီး နေတိုးစစ်စာချုပ်အဖွဲ့နဲ့သက်ဆိုင်ခြင်းမရှိပါဘူး။ “NUG ကိုစစ်ရေးကူညီဖို့ နေတိုးမဟာမိတ်အုပ်စုလက်မှတ်ထိုးလိုက်ပြီ”လို့ ရေးသားပြီး “Meal Breeze” အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာက ဗွီဒီယိုတစ်ခုကိုအောက်ပါအတိုင်းမျှဝေထားတာတွေ့ရပါတယ်။  မူရင်းလင်ခ့် – FB link |  Archive link   တူညီတဲ့ရေးသားမျှဝေမှုကို Youtube ရဲ့ဒီနေရာမှာ လည်းတွေ့ရပါတယ်။  အချက်အလက်စိစစ်ချက် “Meal Breeze” အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာဟာ လူမှုကွန်ယက်မှာပျံ့နှံ့ခဲ့တဲ့သတင်းဌာနတွေမှာဖော်ပြပြီး အကြောင်းအရာတွေကို ဗွီဒီယိုပုံစံပြောင်းပြီး ပြန်လည်ကူးယူးဖော်ပြနေတဲ့ စာမျက်နှာတစ်ခုဖြစ်တာ တွေ့ရပါတယ်။ ဒီလိုမျှဝေရာမှာ အကြောင်းအရာဟာ လူမှုကွန်ယက်တွေမှာ ပျံ့နှံ့ခဲ့ပြီးဖြစ်တာကြောင့် လူတွေရဲ့ စိတ်ဝင်စားမှုကို ရရှိဖို့အတွက် ခေါင်းစဉ်အတုခေါင်းစဉ်အမှားတွေပေးပြီး ဗွီဒီယိုကိုဖြန့်ချိပါတယ်။ ၄ မိနစ်ကျော် ရှည်လျားတဲ့ အခုဗွီဒီယိုဖိုင်ကိုဖြန့်ဝေရာမှာ […]

Continue Reading

Fact Check: USDP ဉက္ကဌ ဦးခင်ရီ သေနတ်နဲ့ပစ်သတ်ခံရဆိုတဲ့ သတင်းတု သတင်းမှား

မကြာသေးခင်က ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြို့ရေးပါတီ(USDP)ဉက္ကသစ်ဖြစ်လာတဲ့ ဦးခင်ရီ အောက်တိုဘာ ၁ ရက်ကလုပ်ကြံသတ်ဖြတ်ခံရတယ်ဆိုပြီး ဗွီဒီယိုပို့စ်တစ်ခုဖေ့စ်ဘွတ်မှာဖြန့်ဝေလျက်ရှိတယ်။ ခေါင်းစဉ်အတု အမှားနဲ့ ထင်ယောင်ထင်မှားဖြစ်အောင်ဖြန့်ဝေနေခြင်းဖြစ်ပါတယ်။ “ဦးခင်ရီ အလောင်းပေါ်ပြီ”လို့ ရေးသားပြီး “မန္တလေးအိမ်ခြံမြေ ရောင်းဝယ်ငှား” အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာက အောက်ပါအတိုင်းမျှဝေထားတာတွေ့ရပါတယ်။ဗွီဒီယိုထဲက ရုပ်သေဓာတ်ပုံထဲမှာလည်း လည်း “မအလ ပေါက်ကွဲနေပြီ ၁ ရက်နေ့ ဦးခင်ရီ ခေါင်းဒဲ့ချိန်ပစ်သတ်ခံရ အရေးပေါ်ကြေညာချက် ထုတ်ပြန်”စသည်ဖြင့် ရေးသားထားပါတယ်။ မူရင်းလင်ခ့် – FB link |  Archive link   တူညီတဲ့ရေးသားမျှဝေမှုကို youtube ရဲ့ဒီနေရာနဲ့ ဖေ့စ်ဘွတ်ရဲ့ဒီနေရာမှာလည်းတွေ့ရပါတယ်။  အချက်အလက်စိစစ်ချက် ဗွီဒီယိုပါအကြောင်းအရာကို စိစစ်ကြည့်ရာမှာ စစ်တပ်ခန့် လူဝန်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီး နေရာကနေ အနားပေးခံရပြီးနောက် သူ့ကို စစ်တပ်ခေါင်းဆောင်က တာဝန်ပေးသယောင်လုပ်ပြီး USDP ဉက္ကဌ နေရာကို […]

Continue Reading

Fact Check: ဂျပန်နိုဘယ်ဆုရဆေးပညာရှင်ဓာတ်ပုံကိုအသုံးပြုဖြန့်ဝေနေတဲ့ ဆေးဝါးကြော်ငြာအတု

ဂျပန်နိုဘယ်ဆုရဆေးပညာရှင် ယိုရှီနိုရီ အိုဆုမိ(Yoshinori Ohsumi)ရဲ့ ဓာတ်ပုံကို အသက် ၁၀၉နှစ်အရွယ် မြန်မာအကျော်အမော် နှလုံးပညာရှင် ဦးကျော်သူမောင်အဖြစ်ဖော်ပြထားပြီး အသက်ရှည်ဖို့အတွက် Cardiovax ဆေးဝါးကိုမှီဝဲဖို့ တိုက်တွန်းချက်ဆိုတဲ့ ဘလော့ဂ်ပို့စ်တစ်ခုကို Fact Crescendo Myanmar က သတိပြုမိ ခဲ့ပါတယ်။  အောက်ပါ screenshot ကတော့ အသက် ၁၀၉ နှစ်အရွယ်ရှိ မြန်မာအကျော်အမော် နှလုံးပညာရှင် ဦးကျော်သူမောင်နဲ့ အင်တာဗျူးဆိုပြီးရေးသားဖော်ပြချက်ဖြစ်ပါတယ်။ သွေးတိုးမဖြစ်ဖို့ နှလုံးသွေးကြော တွေကောင်းဖို့လိုပြီး Cardiovax ဆိုတဲ့ဆေးသာသောက်မယ်ဆိုရင် အသက် ၁၂၀ အထိ ရှည်နိုင်ကြောင်း ရေးသားထားဖြန့်ဝေထားတာဖြစ်ပါတယ်။ ရှည်လျားစွာရေးသားထားတဲ့ ဒီဘလော့ရဲ့အောက်ခြေမှာတော့ ဒီဘလော့ဂ်စာမျက်နှာ ကတစ်ဆင့် ဆေးမှာယူရန်ဆိုပြီးတော့လည်းပါဝင်ပြီး ဆေးတစ်ဗူးကို လျော့ဈေး ပေးတဲ့အနေနဲ့ မြန်မာငွေ ကျပ် ၅၀၀၀၀ နဲ့မှာယူနိုင်ကြောင်းလည်းဖော်ပြပါတယ်။ မူရင်းလင်ခ့် – […]

Continue Reading

Fact Check: စစ်ကိုင်းတိုင်းကို PDF က၉၇ ရာခိုင်နှုန်း သိမ်းပိုက်ထားနိုင်ပြီဆိုတဲ့ သတင်းမှား

 စစ်ကိုင်းတိုင်း‌ဒေသကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF )က ရာနှုန်းပြည့်နီးပါး သိမ်းယူထား နိုင်ပြီ ဆိုတဲ့စာသားပို့စ်တစ်ခုဟာ ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြား ပျံ့နှံ့လျက်ရှိပါတယ်။  သို့သော် မြန်မာ့အရေး အထူးအကြံပေး ကောင်စီ အဖွဲ့ (SAC-M )ရဲ့  စစ်တမ်းအရ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ NUG နဲ့မဟာမိတ်တွေက ထိန်းချုပ်နိုင်တယ်ဆိုတဲ့ ဒေသများဟာ ၅၂ ရာခိုင်နှုန်းအထက်ရှိကြောင်း ဖော်ပြထားပါတယ်။ စစ်ကိုင်းဒေသကြီးကို ၉၇ ရာခိုင်နှုန်း ပြည်သူ့ကာကွယ်ရေးအင်အားစုအဖွဲ့ (PDF ) ကထိန်းချုပ်ထားနိုင်ပြီဆိုတဲ့ စစ်တမ်းမျိုးကို မတွေ့ရပါဘူး။ “စစ်ကိုင်း PDF 97%သိမ်းပိုက်ပြီ စစ်ကိုင်း၊ပုလဲမြို့ရဲစခန်းကို PDFအဖွဲ့မှ သိမ်းပိုက်၊ ရဲတပ်သား(၁၀၀)ထွက်ပြေး(ရုပ်/သံဖိုင်)”လို့ ရေးသားပြီး “ကီးဘုတ် ဖိုက်တာ” အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာက အောက်ပါအတိုင်း မျှဝေထားတာ တွေ့ရပါတယ်။  မူရင်းလင်ခ့် – FB link |  […]

Continue Reading

Fact Check: စစ်ရေးဖြင့် တုံ့ပြန်မယ်လို့ ဘင်္ဂလားဒေ့ရှ်ရဲ့ပြောဆိုချက် NUG ထောက်ခံဆိုတဲ့ သတင်းတုသတင်းမှား

ရခိုင်ပြည်နယ် တောင်ပြိုဘက်ကနေ လက်နက်ကြီးတွေ ဘင်္ဂလားဒေ့ရှ်ဘက်ကို ထပ်မံပစ်ခတ်မယ်ဆိုရင် စစ်ရေး အရတုံ့ပြန်ရန်အသင့်ဖြစ်နေတယ်လို့ ဘင်္ဂလားဒေ့ရှ်စစ်ဦးစီးချုပ်ပြောဆိုချက်ကို အပြည့်အဝ ကြိုဆိုထောက်ခံ ကြောင်း NUGထုတ်ပြန်တယ်ဆိုတဲ့ သတင်းတုသတင်းမှားတစ်ခု ပျံ့နှံ့လျှက်ရှိပါတယ်။ NUG အနေနဲ့ ထုတ်ပြန် ပြောဆိုချက်မရှိပါဘူး။  အောက်ပါစာသားကတော့ ဖေ့စ်ဘွတ်မှာပျံ့နှံ့လျှက်ရှိတဲ့ပို့စ်ပါ စာသားတွေဖြစ်ပါတယ်။ “ဒေါ်စုရဲ့ နှစ်၃၀ ကျော် စီမံကိန်းကြီး အထင်အရှား ရုပ်လုံးပေါ်လာ ပြီ ******************************** ရခိုင်ပြည်နယ်၊ တောင်ပြိုဘက်မှ လက်နက်ကြီးများဘင်္ဂလားဒေ့ရ်ှဘက်သို့ ထပ်မံပစ်ခတ်ပါက စစ်ရေးဖြင့် တုံ့ပြန်ရန် အသင့်ဖြစ်နေကြောင်း ဘင်္ဂလားဒေ့ရှ်စစ်ဦးစီးချုပ်၏ ပြောဆိုချက်အား အပြည့်အဝ ကြိုဆိုထောက်ခံပါကြောင်း NUGထုတ်ပြန် နယူးယောက်၊ ၂၀၂၂ စက်တင်ဘာ ၂၄ ရက် (စနေနေ့) ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ တောင်ပြိုဘက်မှဘင်္ဂလားဒေ့ရ်ှပိုင်နက်အတွင်းသို့ လက်နက်ကြီးများ ထပ်မံပစ်ခတ်ပါက စစ်ရေးဖြင့် တုံ့ပြန်တိုက်ခိုက်ရန်အသင့်ပြင်ဆင်ပြီးဖြစ်ကြောင်း ဘင်္ဂလားဒေ့ရ်ှနိုင်ငံ […]

Continue Reading

Fact Check: KBZ ဘဏ်ဒေဝါလီခံလိုက်ပြီဆိုတဲ့ နားလည်မှုလွဲစေနိုင်တဲ့ခေါင်းစဉ်မှား

KBZ ဘဏ်ဒေဝါလီခံလိုက်ပြီဆိုတဲ့ ဗွီဒီယိုပို့စ်တစ်ခုဖေ့စ်ဘွတ်အသုံးပြုသူတွေအကြားပျံ့နှံ့ခဲ့တာတွေ့ရတယ်။ တကယ်တော့ ဗွီဒီယိုထဲမှာ KBZ PAY အကောင့်တွေ ပိတ်သိမ်းခံရမှုအကြောင်းသာပါဝင်ပါတယ်။ သတင်းခေါင်း စဉ်မှားအသုံးပြုပြီး လူတွေကိုလှည့်စားထားတဲ့ သတင်းတစ်ခုဖြစ်ပါတယ်။ အောက်ပါ screenshots ကတော့ ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြား ပျံ့နှံ့လျှက်ရှိတဲ့ ပို့စ်တစ်ခုဖြစ်ပါတယ်။ “KBZ ဘဏ်ဒေဝါလီခံလိုက်ပြီ”လို့ ရေးသားပြီး “MM New” အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာက စက်တင်ဘာ ၂၁ ရက်က အောက်ပါ အတိုင်းမျှဝေထားရာမှာ ဒီဗွီဒီယိုကို ကြည့်ရှူ့မှုပေါင်း ၂ သိန်းကျော်ရှိပါတယ်။ ဗွီဒီယိုထဲက  Thumbnail ဓာတ်ပုံစာသားမှာလည်း “(21)ရက်နေ့ KBZ ဘဏ်ဒေဝါလီခံလိုက်ပြီ ဦးတေဇ ပြေပြီးတဲ့ KBZ ဘဏ်ဒေဝါလီခံလိုက်ပြီ”စသည်ဖြင့်ပါဝင်ပါတယ်။ မူရင်းလင်ခ့် – FB link |  Archive link   တူညီတဲ့ရေးသားမျှဝေမှုတွေက ဖေ့စ်ဘွတ်ရဲ့ ဒီနေရာနဲ့  […]

Continue Reading

Fact Check: အကြမ်းဖက်မှုတွေအတွက် ဦးဝင်းထိန်က ဒေါ်အောင်ဆန်းစုကြည်ကို အပြစ်တင်တဲ့သတင်းတု

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ နာယက ဦးဝင်းထိန်က အကြမ်းဖက်မှုတွေဟာ ဒေါ်အောင်ဆန်းစုကြည်မှာ တာဝန်ရှိတယ်ဆိုပြီးအပြစ်တင်ထားတဲ့သတင်းတု ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြားပျံ့နှံ့လျက်ရှိပါတယ်။ ပုံနှိပ်သတင်းကို ဓာတ်ပုံရိုက်ထားဟန်ပို့စ်မှာ ဦးဝင်းထိန်က ၂၀၂၁ ခုနှစ် စက်တင်ဘာ ၂၄ ရက်က နေပြည်တော် ဉတ္တရခရိုင်တရားရုံး ရုံးထုတ်အပြီးမှာ ပြောခဲ့တာလိုဆိုပြီး သူ့ရဲ့ပြောကြားချက်အနေနဲ့ “ကျွန်တော်လည်း အသက် (၈၀) ပြည့်တော့မယ်၊ အေးအေးချမ်းချမ်းနေချင်ပြီဗျာ၊ ထောင်တွေတန်း တွေလည်း အကျမခံချင်တော့ဘူး၊ အစိုးရသက်သေအဖြစ်နဲ့ ကျွန်တော်သိထားသမျှတွေ ထွက်ဆိုပေးချင်တယ်၊ အဓိက မဲကိစ္စပေါ့၊ မဲမခိုးခဲ့ရင် တပ်မတော်ကလည်း အာဏာသိမ်းမှာ မဟုတ်ဘူးလေ၊ အခုက တိုင်းပြည်အခြေအနေမကောင်းဘူး၊ စီအိုင်အေ ခြေရှုပ်ခဲ့တာလည်း ပါတယ်၊ ကျွန်တော်တားတော့ ကျွန်တော့်ကို စိတ်ဆိုးတယ်၊ ဒါကြောင့် ဩစတြေးလျကို ကျွန်တော်ထွက်သွားခဲ့တာ၊ နိုဗယ်ငြိမ်းချမ်းရေးဆုကို ပိုင်ဆိုင်ထားတဲ့ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့လည်း အကြမ်းဖက်တဲ့လုပ်ရပ်တွေကို တားဆီးသင့်တယ်၊ အလိုတူနေလို့ မတားတာလဲ […]

Continue Reading

Fact Check: ဒေါ်အောင်ဆန်းစုကြည် ပြန်လွတ်ပြီဆိုတဲ့သတင်းမှား

ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွတ်လာပြီဆိုတဲ့ သတင်းမှားတစ်ခု ခမာဘာသာနဲ့ “ផ្កាយ” လို့ရေးသားထားတဲ့ စာမျက်နှာကဖြန့်ဝေလျှက်ရှိပါတယ်။ ဒီစာမျက်နှာဟာ “အမေစုပြန်လွတ်ပြီ”လို့ ရေးသားထားသလို မျှဝေထား တဲ့ဗွီဒီယိုရုပ်ကပ်မှာလည်း “၁၃ ရက် လွတ်ပြီ ဟေ့ စိုးဝင်းတရားဝင်လက်မှတ်ရေး ထိုးလိုက်ပြီလို့ရေးသား ထားပါသေးတယ်။  မူရင်းလင်ခ့် – FB link |  Archive link   တူညီတဲ့မျှဝေမှုကို ယူကျူ့ရဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။ အချက်အလက်စိစစ်ချက် တကယ်တော့ ဒီစာမျက်နှာဟာ ခေါင်းစဉ်အတုတွေပေးပြီး လူတွေကို စိတ်ဝင်စားမှုရယူ ဗွီဒီယိုကို ကြည့်ရှူ့မှု များအောင်လုပ်နေတဲ့ စာမျက်နှာတစ်ခုသာဖြစ်ပါတယ်။ ဗွီဒီယိုထဲမှာ KNU ထိန်းချုပ်မှုအောက်မှာရှိတဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးကအင်တာဗျူးတစ်ခုကို ဖြေဆိုနေတဲ့ ဗွီဒီယိုဖိုင်သာဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ  အာဏာသိမ်းစစ်တပ်က စွပ်စွဲထားတဲ့ အမှုပေါင်းများစွာနဲ့ တရားရင်ဆိုင်နေရသလို စစ်တပ်ထိန်းချုပ်မှု အောက်မှာရှိတဲ့ တရားရုံးကနေ ထောင်ဒဏ်အများအပြားလည်း ချမှတ်ခံထားရပါတယ်။ […]

Continue Reading

Fact Check: ကိုဂျင်မီနဲ့ကိုဖြိုးဇေယျာသော်ပြန်လွတ်လာဆိုတဲ့ သတင်းတုသတင်းမှား     

ကိုဂျင်မီနဲ့ကိုဖြိုးဇေယျာသော်တို့ ပြန်လွတ်လာပြီး အသက်ရှင်လျှက်တွေ့ရလို့ ပြည်သူတွေအံ့သြကုန်တယ်လို့ ရေးသားထားတဲ့ ပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြားမှာ ပျံ့နှံ့လျက်ရှိပါတယ်။ သတင်းတုဖြန့်ချိနေခြင်း ဖြစ်ပါတယ်။ ကိုဂျင်မီ၊ကိုဖြိုးဇေယျာသော်၊ကိုလှမျိုးအောင်၊ကိုအောင်သူရဇော်တို့ ၄ ဦး ကြိုးပေးကွပ်မျက်မှုကို စစ်တပ်ဘက်ကအတည်ပြုထားပြီးဖြစ်သလို မီဒီယာတွေမှာလည်းဖော်ပြပြီးဖြစ်ပါတယ်။  ဒီလိုအခြေအနေမှာပဲ “ကိုဂျင်မီတို့ကိုဒီနေ့အသက်ရှင်လျှက်တွေ့ရလို့ပြည်သူတွေ အံ့သြကုန်။” ပို့စ်စာသားမှာ ရေးသားပြီး ကိုဂျင်မီနဲ့ ကိုဖြိုးဇေယျာသော်တို့ ၂ ဦးရဲ့ ဓာတ်ပုံပေါ်မှာလည်း “ကိုဂျင်နဲ့ကိုဖြိုးမသေပဲ အသက်ရှင်လျက် ဒီနေ့ထွက်လာလို့ ပြည်သူတွေအံ့ဩကုန်”လို့ ထပ်မံရေးသားဖြန့်ဝေနေတာဖြစ်ပါတယ်။  မူရင်းလင်ခ့် – FB link |  Archive link   တူညီတဲ့မျှဝေမှုတွေကို ဒီနေရာ၊ဒီနေရာ နဲ့ ဒီနေရာ မှာလည်းတွေ့ရပါတယ်။ အချက်အလက်စိစစ်ချက် ဒီပို့စ်တွေမှာမျှဝေထားတဲ့ ဘလော့ဂ်ပို့စ်လင့်ခ်တွေကို ထောက်ကြည့်လိုက်မယ်ဆိုရင် ယူကျူ့ ဗွီဒီယိုဖိုင်တစ်ခုကို ဦးတည်သွားပါတယ်။ ဘလော့ဂ်နဲ့ယူကျူ့ကနေ ကြော်ညာထိုးခတွေနဲ့ ဝင်ငွေရှာနေတဲ့ မီဒီယာပုံစံလုပ်ကိုင်နေတဲ့ လုပ်ငန်းတွေက […]

Continue Reading

Fact Check: သတင်းခေါင်းစဉ်တုတွေဖြန့်ချိနေတဲ့ ခမာဘာသာ “ផ្កាយ” ဖေ့စ်ဘွတ်စာမျက်နှာ

မြန်မာလို့ “ကြယ်ပွင့်”လို့ဘာသာပြန်ဆိုနိုင်တဲ့ ခမာဘာသာနဲ့ “ផ្កាយ”လို့ရေးသားထားတဲ့ဖေ့စ်ဘွတ်စာမျက်နှာဟာ ထင်ယောင်ထင်မှားဖြစ်ဖွယ်ခေါင်းစဉ်တုတွေနဲ့ သတင်းတွေကို ဆက်တိုက်ဖြန့်ချိနေတာတွေ့ရပါတယ်။ လူမှုကွန်ယက်မှာ ပျံ့နှံ့မှုအားကောင်းခဲ့တဲ့ သတင်းမီဒီယာလုပ်ငန်းအချို့က သတင်းတွေကို သတင်းတုခေါင်းစဉ် ပေးပြီး ဗွီဒီယိုပုံစံ ယူကျူ့နဲ့ဘလော့ဂ်အချို့မှာ ပြန်လည်ဖော်ပြနေခြင်းဖြစ်ပြီး လူမှုကွန်ယက်အသုံးပြုသူတွေကို နားလည်မှုလွဲစေနိုင်တာတွေ့ရပါတယ်။ အောက်ပါ screenshot ကတော့ လွန်ခဲ့တဲ့ နာရီအနည်းငယ်အတွင်းမှာ ဒီစာမျက်နှာဖော်ပြခဲ့တဲ့ နားလည်မှုလွဲ စေနိုင်တဲ့ သတင်းခေါင်းစဉ်တုနဲ့ ဗွီဒီယိုတွေပဲဖြစ်ပါတယ်။ မူရင်းလင်ခ့် – FB link |  Archive link   ဒီနေရာ၊ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာတွေမှာကြည့်ပါ။  အချက်အလက်စိစစ်ချက် ၂၀၂၁ ခုနှစ် အောက်တိုဘာမှစတင်ဖွင့်လှစ်ခဲ့တဲ့ ဖေ့စ်ဘွဝ်ဒီစာမျက်နှာဟာ ပြီးခဲ့တဲ့ တစ်ပတ်အတွင်းမှာ ဗွီဒီယို ပေါင်း ၂၂၀ ကျော်ကိုဖော်ပြခဲ့ပြီးဖြစ်ပါတယ်။  များသောအားဖြင့် ပို့စ်ပါစာသားနဲ့ ဗွီဒီယိုရုပ်သေမှာဖော်ပြထားတဲ့ ခေါင်းစဉ်ပါစာသားတွေ ဗွီဒီထဲမှာတဲ့ အကြောင်းအရာ […]

Continue Reading