Fact Check: ဒေါ်အောင်ဆန်းစုကြည် စစ်တပ်သတ်လို့ ကွယ်လွန်တဲ့သတင်းတု

ဒေါ်အောင်ဆန်းစုကြည်ကို စစ်တပ်က သတ်လို့ ကွယ်လွန်သွားပြီလို့ဆိုတဲ့ ပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေ အကြားပျံ့နှံ့ခဲ့ပါတယ်။ သတင်းတုဖြစ်ပါတယ်။ ဗွီဒီယိုပုံစံနဲ့ဖြန့်ဝေနေတဲ့ ဒီပို့စ်မှာ “မအလ ယုတ်မာသွားပြီ အမေစုသေပြီတဲ့ မယုံဘူးဆိုတဲ့သူတွေ ၁ မိနစ်ကြည့်ပါ ၆ နာရီတိတိမှာ ဆုံးတာလို့ သတင်းပေါက်ကြား”လို့ ရေးသားပြီး “Tsx mar07” အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာက ဒီဇင်ဘာ ၈ ရက်မှာအောက်ပါအတိုင်းမျှဝေထားတာတွေ့ရပါတယ်။  မူရင်းလင်ခ့် – FB link |  Archive link   တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာမှာ လည်းတွေ့ရပါတယ်။  အချက်အလက်စိစစ်ချက် “မအလ ယုတ်မာသွားပြီ အမေစုသေပြီတဲ့ မယုံဘူးဆိုတဲ့သူတွေ ၁ မိနစ်ကြည့်ပါ ၆ နာရီတိတိမှာ ဆုံးတာလို့ သတင်းပေါက်ကြား”စသည်ဖြင့်ရေးသားထားပေမဲ့ ဗွီဒီယိုတစ်ခုလုံးမှာ ဒေါ်အောင်းဆန်းစုကြည် လုပ်ကြံ သတ်ဖြတ်ခံရတယ်ဆိုတဲ့အကြောင်းအရာမပါဝင်ဘူး။ ၇ မိနစ်ကျော်ရှည်လျားတဲ့ […]

Continue Reading

Fact Check: ကရင်ပြည်နယ်တစ်ခုလုံးမှာ စစ်တပ်က လက်နက်ချလိုက်ပြီဆိုတဲ့ သတင်းမှား

ကရင်ပြည်နယ်တစ်ခုလုံးမှာ စစ်တပ်က လက်နက်ချလိုက်ပြီဆိုတဲ့  ပို့စ်တစ်ခုဖေ့စ်ဘွတ်အသုံးပြုသူတွေ အကြားပျံ့နှံ့လျက်ရှိပါတယ်။ သတင်းတုဖြန့်ချိမှုဖြစ်ပါတယ်။ “စစ်ခွေး(၅၀၀၀)လက်နက်ချပြီ။မအလ ခွေးလုံးလုံးဖြစ်သွားပီ”လို့ ရေးသားပြီး နိုဝင်ဘာ ၁၈ ရက်မှာ “Ly La” အမည်နဲ့ ဖေ့စ်ဘွတ် စာမျက်နှာကအောက်ပါအတိုင်းမျှဝေထားတာတွေ့ရပါတယ်။ ဗွီဒီယိုအစမှာပြသတဲ့ ဓာတ်ပုံစာသားမှာလည်း “ (၁၈) ရက်နေ့ အထူးသတင်း ကရင်ပြည်နယ် တခုလုံးက စစ်ခွေးတွေ လက်နက်ချပြီ”လို့ ရေးသားထားတာပါ။ မူရင်းလင်ခ့် – FB link |  Archive link   တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။  အချက်အလက်စိစစ်ချက် စစ်အာဏာသိမ်းပြီးကတည်းက အာဏာဖိဆန်ရေးလှုပ်ရှားမှု(CDM)မှာ ပါဝင်လာတဲ့ စစ်တပ်နဲ့ ရဲတပ်ဖွဲ့က စုစု ပေါင်းအရေအတွက်ဟာ ၂၀၂၁ ခုနှစ် နိုဝင်ဘာလအထိ စုစုပေါင်း ၈၀၀၀ ထက်မှာ ရှိခဲ့ပါတယ်။ သို့သော်လည်း ကရင်ပြည်နယ်တစ်ခုထဲက […]

Continue Reading

Fact Check: ဒေါ်အောင်ဆန်းစုကြည် နိုဝင်ဘာ ၁၁ ရက်မှာ ပြန်လွတ်မယ်ဆိုတဲ့ သတင်းမှား

၂၀၂၂ခုနှစ် နိုဝင်ဘာ ၁၁ ရက်မှာ ဒေါ်အောင်ဆန်းစုကြည် ပြန်လွတ်လာပြီး လူထုနဲ့တွေ့မယ်လို့ ရေးသား ထားတဲ့ ဗွီဒီယိုကို တစ်တော့(tiktok)အသုံးပြုသူတစ်ဦးက မျှဝေထားရာမှာ ဗွီဒီယိုဟာ တစ်ရက်အတွင်း ကြည့်ရှူ့မှုပေါင်း ၂ သိန်းကျော်ရှိပြီး ပြန်လည်မျှဝေမှုပေါင်း ၁၃၀၀ ကျော်ရှိပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ အောက်တိုဘာ ၁၂ ရက်အထိ စုစုပေါင်း ထောင်ဒဏ် ၂၆ နှစ်ချမှတ်ခံထားရပြီး နောက်ထပ်အမှုတွေလည်း ဆက်လက်ရင်ဆိုင် နေရဆဲဖြစ်ပါတယ်။ ဒီလိုအခြေအနေမှာ “10.11.2022 ရက်နေ့ အမေဒေါ်အောင်ဆန်းစုကြည် ပြည်သူလူထုနဲ့ အတူတွေ့ဆုံခွင့်ရ တော့မည် သတင်းအမှန်ပါ။ Copy ယူပြီးလူများများသိအောင် ရှယ်ပေးခဲ့ပါ”လို့ ရေးသားပြီး “nayminkok59” အမည်နဲ့တစ်တော့ အသုံးပြုသူကအောက်ပါအတိုင်းမျှဝေထားတာတွေ့ရပါတယ်။ မူရင်းလင်ခ့် – မူရင်းလင့်ခ်|  Archive link   အချက်အလက်စိစစ်ချက် ဒီ “nayminkok59”အမည်နဲ့အကောင့်ကိုလေ့လာကြည့်ရာမှာ အောက်တိုဘာ […]

Continue Reading

Fact Check: ဒေါ်အောင်ဆန်းစုကြည်ကို စစ်ယာဉ်တန်းနဲ့ ရန်ကုန်ပို့လိုက်ပြီဆိုတဲ့ သတင်းခေါင်းစဉ်တု 

စစ်သားရာချီဝန်းရံပြီး ဒေါ်အောင်ဆန်းစုကြည်ကို ရန်ကုန်ပြန်ပို့ပြီလို့ရေးသားမျှဝေထားတဲ့ ပို့စ်တစ်ခုဖေ့စ်ဘွတ် အသုံးပြုသူတွေအကြားပျံ့နှံ့ခဲ့ပါတယ်။ ဗွီဒီယိုရဲ့ ဒေါ်အောင်ဆန်းစုကြည်လုံခြုံရေးအရာရှိဟောင်းကို ထောင် ၁၀ နှစ်ချ မှတ်မှုသတင်းကို သတင်းခေါင်းစဉ်တုတွေအသုံးပြုဖြန့်ဝေနေခြင်းဖြစ်ပါတယ်။ “စစ်သားရာချီဝန်းရံပြီးအမေစုကိုရန်ကုန်ပြန်ပို့ပါပြီ။အခြေနေတွေပြောင်းပြန်ဖြစ်ကုန်ပြီ။”လို့ ရေးသားပြီး “နွေဦးတော်လှန်ရေး” အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူကအောက်ပါအတိုင်းမျှဝေထားတာတွေ့ရပါတယ်။ ဗွီဒီယို thumb nail ဓာတ်ပုံမှာလည်း ဒေါ်အောင်ဆန်းစုကြည် ကားထဲက ပြုံးနေတဲ့ဓာတ်ပုံနဲ့ သူ့ရဲ့ကားနောက်မှာ လုံခြုံရေးတပ်ဖွဲ့ကားမြင်ကွင်းပါဓာတ်ပုံကိုအသုံးပြုထားပါတယ်။  မူရင်းလင်ခ့် – FB link |  Archive link   တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာမှာလည်းတွေ့ရပါတယ်။  အချက်အလက်စိစစ်ချက် “စစ်သားရာချီဝန်းရံပြီး ဒေါ်အောင်ဆန်းစုကြည်ကို ရန်ကုန်ပြန်ပို့ပြီ”လို့ရေးသားထားတဲ့ ဗွီဒီယိုကို ဝင်ရောက် ကြည့်ရှု့ရာမှာ ဗွီဒီယိုပါအကြောင်းအရာဟာ ၂၀၂၂ ခုနှစ် အောက်တိုဘာ ၁၃ ရက်က မြန်မာနောင်းသတင်းဌာန ဖော်ပြခဲ့တဲ့ “ဒေါ်အောင်ဆန်းစုကြည်၏ လုံခြုံရေးအရာရှိ ထောင် ၁၀ နှစ်ချခံရ”ဆိုတဲ့ […]

Continue Reading

Fact Check: စစ်တိုင်းမှူး ၅ဦးနဲ့ တပ်သား ၂၇၀ကျော်ပျောက်ဆုံးနေဆိုတဲ့ သတင်း ခေါင်းစဉ်အတု

စစ်တိုင်းမှူး ၅ဦးနဲ့ တပ်သား ၂၇၀ကျော် အသင်းအစနမရ ပျောက်ဆုံးနေတယ်လို့ဆိုထားတဲ့ ဗွီဒီယို ပို့စ်တစ်ခု ကိုမျှဝေထားရာမှာ ဒီဗွီဒီယိုကို ပြန်လည်မျှဝေမှုပေါင်း ၂၇၀၀ ကျော်ရှိခဲ့ပြီး ဖေ့စ်ဘွတ်အသုံးပြုသူတွေကို နားလည်မှု လွဲစေနိုင်တာတွေ့ရပါတယ်။ တကယ်တော့ ခေါင်းစဉ်အတုပေးပြီး လူတွေစိတ်ဝင်စားအောင်လုပ်ထားတဲ့ ဗွီဒီယိုတစ်ခုသာဖြစ်ပါတယ်။  “မန္တလေးအိမ်ခြံမြေ ရောင်းဝယ်ငှား” အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာက အောက်တိုဘာ ၇ ရက်က အောက်ပါအတိုင်းရေးသား မျှဝေထားတာတွေ့ရပါတယ်။ “စစ်တိုင်းမှူး ၅ဦးနှင့်တပ်သား ၂၇၀ကျော် ‌သတင်းအစနမရပျောက်ဆုံးနေ နေပြည်တော် တပ်တွင်းကယက်ထကုန်ပြီ”လို့ ပို့စ်စာသားနေရာမှာရော ဗွီဒီယိုထဲမှာပါရေးသားထားတာတွေ့ရပါတယ်။ မူရင်းလင်ခ့် – FB link |  Archive link   တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာနဲ့ ဒီနေရာမှာ လည်းတွေ့ရပါတယ်။  အချက်အလက်စိစစ်ချက် ပို့စ်စာသားနေရာမှာရော ဗွီဒီယိုထဲမှာပါ စစ်တိုင်းမှူး ၅ဦးနဲ့ တပ်သား ၂၇၀ကျော် […]

Continue Reading

Fact Check: Justin Bieber ဗုဒ္ဓဘာသာအဖြစ်ကူးပြောင်းပြီး သာသနာ့ဘောင် ဝင်ရောက်ဆိုတဲ့ သတင်းတု

အမေရိကန် အဆိုတော် Taylor Swift တစ်ယောက် ဗုဒ္ဓဘာသာဝင်အဖြစ်ခံယူသွားပြီးနောက် ကနေဒါနာမည် ကြီးအဆိုတော် Justin Bieber ကလည်း ဗုဒ္ဓဘာသာဝင်အဖြစ်ခံယူကာ ဘုန်းကြီးဝတ်သွားတယ်ဆိုတဲ့ ပို့စ်တစ်ခုဖေ့စ်ဘွတ်အသုံးပြုသူတွေအကြားပျံ့နှံ့ခဲ့တာတွေ့ရပါတယ်။ ပြောဆိုချက်ဟာ မှားယွင်းပါတယ်။ “ယနေ့ အဆို‌တော်Taylor Swiftတစ်ယောက် ဗုဒ္ဓဘာသာဝင်အဖြစ်ခံယူသွားပြီးနောက် အဆိုတော်Justin Bieberဟာလည်း အားကျမခံ ဗုဒ္ဓဘာသာဝင်အဖြစ်ခံယူကာ ဘုန်းကြီးဝတ်သွားတယ်လို့သိရပါတယ်။ ဒီလိုကမ္ဘာ့ထိပ်သီးအဆိုတော်ကြီးနှစ်ဦးရဲ့ ဗုဒ္ဓဘာသာဝင်အဖြစ်ကူးပြောင်းမှုကြောင့် တခြားဘယ်အနုပညာရှင်တွေရော ပါဝင်ကြဦးမလဲဆိုတာ စိတ်ဝင်စားစွာ ဆက်လက်စောင့်ကြည့်ရဦးမှာပါ။ ကျွန်တော်တို့ ဗုဒ္ဓဘာသာမြန်မာလူမျိုးတွေအတွက်ကတော့ အင်မတန်ဝမ်းမြောက်ဂုဏ်ယူစရာပါ။”လို့ ရေးသားပြီး “Felix Luffy” အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူကအောက်ပါအတိုင်းမျှဝေထားတာတွေ့ရပါတယ်။  မူရင်းလင်ခ့် – FB link |  Archive link   တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာမှာ လည်းတွေ့ရပါတယ်။  အချက်အလက်စိစစ်ချက် အဓိကျတဲ့စကားလုံးအချို့အသုံးပြုပြီး အကြောင်းအရာကို ရှာဖွေကြည့်ရာမှာ Justin Bieber […]

Continue Reading

Fact Check: NUG ကိုစစ်ရေးကူညီဖို့ နေတိုးမဟာမိတ်အုပ်စုလက်မှတ်ထိုးလိုက်ပြီဆိုတဲ့ သတင်းတု

NUG ကိုစစ်ရေးကူညီဖို့ မြောက်အတ္တလန်တိတ်စာချုပ်အဖွဲ့(NATO)လက်မှတ်ထိုးလိုက်ပြီလို့ရေးသားထား တဲ့ပို့စ်တစ်ခုဖေ့စ်ဘွတ် အသုံးပြုသူတွေအကြားပျံ့နှံ့လျက်ရှိပါတယ်။ သတင်းတုဖြန့်ချိနေခြင်းဖြစ်ပါတယ်။ ဗွီဒီယိုထဲမှာ ဉရောပပါလီမန်က စစ်တပ်ကို ပိုမိုအရေးယူဖို့ဆုံးဖြတ်ချက်အကြောင်းသာဖြစ်ပြီး နေတိုးစစ်စာချုပ်အဖွဲ့နဲ့သက်ဆိုင်ခြင်းမရှိပါဘူး။ “NUG ကိုစစ်ရေးကူညီဖို့ နေတိုးမဟာမိတ်အုပ်စုလက်မှတ်ထိုးလိုက်ပြီ”လို့ ရေးသားပြီး “Meal Breeze” အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာက ဗွီဒီယိုတစ်ခုကိုအောက်ပါအတိုင်းမျှဝေထားတာတွေ့ရပါတယ်။  မူရင်းလင်ခ့် – FB link |  Archive link   တူညီတဲ့ရေးသားမျှဝေမှုကို Youtube ရဲ့ဒီနေရာမှာ လည်းတွေ့ရပါတယ်။  အချက်အလက်စိစစ်ချက် “Meal Breeze” အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာဟာ လူမှုကွန်ယက်မှာပျံ့နှံ့ခဲ့တဲ့သတင်းဌာနတွေမှာဖော်ပြပြီး အကြောင်းအရာတွေကို ဗွီဒီယိုပုံစံပြောင်းပြီး ပြန်လည်ကူးယူးဖော်ပြနေတဲ့ စာမျက်နှာတစ်ခုဖြစ်တာ တွေ့ရပါတယ်။ ဒီလိုမျှဝေရာမှာ အကြောင်းအရာဟာ လူမှုကွန်ယက်တွေမှာ ပျံ့နှံ့ခဲ့ပြီးဖြစ်တာကြောင့် လူတွေရဲ့ စိတ်ဝင်စားမှုကို ရရှိဖို့အတွက် ခေါင်းစဉ်အတုခေါင်းစဉ်အမှားတွေပေးပြီး ဗွီဒီယိုကိုဖြန့်ချိပါတယ်။ ၄ မိနစ်ကျော် ရှည်လျားတဲ့ အခုဗွီဒီယိုဖိုင်ကိုဖြန့်ဝေရာမှာ […]

Continue Reading

Fact Check: USDP ဉက္ကဌ ဦးခင်ရီ သေနတ်နဲ့ပစ်သတ်ခံရဆိုတဲ့ သတင်းတု သတင်းမှား

မကြာသေးခင်က ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြို့ရေးပါတီ(USDP)ဉက္ကသစ်ဖြစ်လာတဲ့ ဦးခင်ရီ အောက်တိုဘာ ၁ ရက်ကလုပ်ကြံသတ်ဖြတ်ခံရတယ်ဆိုပြီး ဗွီဒီယိုပို့စ်တစ်ခုဖေ့စ်ဘွတ်မှာဖြန့်ဝေလျက်ရှိတယ်။ ခေါင်းစဉ်အတု အမှားနဲ့ ထင်ယောင်ထင်မှားဖြစ်အောင်ဖြန့်ဝေနေခြင်းဖြစ်ပါတယ်။ “ဦးခင်ရီ အလောင်းပေါ်ပြီ”လို့ ရေးသားပြီး “မန္တလေးအိမ်ခြံမြေ ရောင်းဝယ်ငှား” အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာက အောက်ပါအတိုင်းမျှဝေထားတာတွေ့ရပါတယ်။ဗွီဒီယိုထဲက ရုပ်သေဓာတ်ပုံထဲမှာလည်း လည်း “မအလ ပေါက်ကွဲနေပြီ ၁ ရက်နေ့ ဦးခင်ရီ ခေါင်းဒဲ့ချိန်ပစ်သတ်ခံရ အရေးပေါ်ကြေညာချက် ထုတ်ပြန်”စသည်ဖြင့် ရေးသားထားပါတယ်။ မူရင်းလင်ခ့် – FB link |  Archive link   တူညီတဲ့ရေးသားမျှဝေမှုကို youtube ရဲ့ဒီနေရာနဲ့ ဖေ့စ်ဘွတ်ရဲ့ဒီနေရာမှာလည်းတွေ့ရပါတယ်။  အချက်အလက်စိစစ်ချက် ဗွီဒီယိုပါအကြောင်းအရာကို စိစစ်ကြည့်ရာမှာ စစ်တပ်ခန့် လူဝန်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီး နေရာကနေ အနားပေးခံရပြီးနောက် သူ့ကို စစ်တပ်ခေါင်းဆောင်က တာဝန်ပေးသယောင်လုပ်ပြီး USDP ဉက္ကဌ နေရာကို […]

Continue Reading

Fact Check: ဂျပန်နိုဘယ်ဆုရဆေးပညာရှင်ဓာတ်ပုံကိုအသုံးပြုဖြန့်ဝေနေတဲ့ ဆေးဝါးကြော်ငြာအတု

ဂျပန်နိုဘယ်ဆုရဆေးပညာရှင် ယိုရှီနိုရီ အိုဆုမိ(Yoshinori Ohsumi)ရဲ့ ဓာတ်ပုံကို အသက် ၁၀၉နှစ်အရွယ် မြန်မာအကျော်အမော် နှလုံးပညာရှင် ဦးကျော်သူမောင်အဖြစ်ဖော်ပြထားပြီး အသက်ရှည်ဖို့အတွက် Cardiovax ဆေးဝါးကိုမှီဝဲဖို့ တိုက်တွန်းချက်ဆိုတဲ့ ဘလော့ဂ်ပို့စ်တစ်ခုကို Fact Crescendo Myanmar က သတိပြုမိ ခဲ့ပါတယ်။  အောက်ပါ screenshot ကတော့ အသက် ၁၀၉ နှစ်အရွယ်ရှိ မြန်မာအကျော်အမော် နှလုံးပညာရှင် ဦးကျော်သူမောင်နဲ့ အင်တာဗျူးဆိုပြီးရေးသားဖော်ပြချက်ဖြစ်ပါတယ်။ သွေးတိုးမဖြစ်ဖို့ နှလုံးသွေးကြော တွေကောင်းဖို့လိုပြီး Cardiovax ဆိုတဲ့ဆေးသာသောက်မယ်ဆိုရင် အသက် ၁၂၀ အထိ ရှည်နိုင်ကြောင်း ရေးသားထားဖြန့်ဝေထားတာဖြစ်ပါတယ်။ ရှည်လျားစွာရေးသားထားတဲ့ ဒီဘလော့ရဲ့အောက်ခြေမှာတော့ ဒီဘလော့ဂ်စာမျက်နှာ ကတစ်ဆင့် ဆေးမှာယူရန်ဆိုပြီးတော့လည်းပါဝင်ပြီး ဆေးတစ်ဗူးကို လျော့ဈေး ပေးတဲ့အနေနဲ့ မြန်မာငွေ ကျပ် ၅၀၀၀၀ နဲ့မှာယူနိုင်ကြောင်းလည်းဖော်ပြပါတယ်။ မူရင်းလင်ခ့် – […]

Continue Reading

Fact Check: စစ်ကိုင်းတိုင်းကို PDF က၉၇ ရာခိုင်နှုန်း သိမ်းပိုက်ထားနိုင်ပြီဆိုတဲ့ သတင်းမှား

 စစ်ကိုင်းတိုင်း‌ဒေသကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF )က ရာနှုန်းပြည့်နီးပါး သိမ်းယူထား နိုင်ပြီ ဆိုတဲ့စာသားပို့စ်တစ်ခုဟာ ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြား ပျံ့နှံ့လျက်ရှိပါတယ်။  သို့သော် မြန်မာ့အရေး အထူးအကြံပေး ကောင်စီ အဖွဲ့ (SAC-M )ရဲ့  စစ်တမ်းအရ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ NUG နဲ့မဟာမိတ်တွေက ထိန်းချုပ်နိုင်တယ်ဆိုတဲ့ ဒေသများဟာ ၅၂ ရာခိုင်နှုန်းအထက်ရှိကြောင်း ဖော်ပြထားပါတယ်။ စစ်ကိုင်းဒေသကြီးကို ၉၇ ရာခိုင်နှုန်း ပြည်သူ့ကာကွယ်ရေးအင်အားစုအဖွဲ့ (PDF ) ကထိန်းချုပ်ထားနိုင်ပြီဆိုတဲ့ စစ်တမ်းမျိုးကို မတွေ့ရပါဘူး။ “စစ်ကိုင်း PDF 97%သိမ်းပိုက်ပြီ စစ်ကိုင်း၊ပုလဲမြို့ရဲစခန်းကို PDFအဖွဲ့မှ သိမ်းပိုက်၊ ရဲတပ်သား(၁၀၀)ထွက်ပြေး(ရုပ်/သံဖိုင်)”လို့ ရေးသားပြီး “ကီးဘုတ် ဖိုက်တာ” အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာက အောက်ပါအတိုင်း မျှဝေထားတာ တွေ့ရပါတယ်။  မူရင်းလင်ခ့် – FB link |  […]

Continue Reading