Fact Check: ရေဘီးလူခေါင်းဆောင် လုပ်ကြံခံရပြီး သေဆုံးမှု သတင်းမှား

ရေးမြိုနယ်မှာ အဓိကလှုပ်ရှားနေတဲ့ ရေးဘီလူးအဖွဲ ခေါင်းဆောင် လုပ်ကြံခံရလို့ သေဆုံးတဲ့ ဓာတ်ပုံအဖြစ်  ဓာတ်ပုံတပုံ ဖေ့စ်ဘွတ်မှာ ပျံ့နှံ့ခဲ့တာဟာ သတင်းမှားတခုသာ ဖြစ်တယ်။  အောက်ပါစာသားနဲ့ စခရင်ရှော့ကတော့ ဒီလို ဖြန့်ဝေထားတဲ့ ဖေ့စ်ဘွတ်ပို့စ်တခုက ရယူထားခြင်းဖြစ်တယ်။ တူညီတဲ့ရေးသားမျှဝေမှုကို ဖေ့စ်ဘွတ်ရဲ့ ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာနဲ့ စစ်တပ်ဝါဒဖြန့်ချိရေးဝက်ဘ်ဆိုဒ်ရဲ့ ဒီနေရာမှာ တွေ့ရပါတယ်။  “ရေးဘီလူး(ခ) လှိုင်းဝင်း လုပ်ကြံခံရ  ရေးမြိုနယ်တွင်အဓိကလှုပ်ရှားနေသည့် အင်အား ၂၀၀ ခန့်ရှိ ရေးဘီလူးအဖွဲ ခေါင်းဆောင်သည် ယမန်နေ့က အမညျမသျိ လူသုံးဦး၏ လက်ချက်ဖြင့်သေဆုံးသွားကြောင်းသိရသည်။ စခန်းဒုခေါင်းဆောင်နှင့် လွန်ခဲ့သည့်တစ်ပတ်က အလှူငွေကိစ္စ စကားများကြရာက ယခုကဲသို လုပ်ကြံခြင်းဖြစ်နိုင်ကြောင်း တပ်ဖွဲဝင်များ က ဆိုသည်။ ၎င်းသေဆုံးခြင်းကို လျှိဝှက်ထားချင်သည့်အတွက် သတင်းကိုဖုံးဖိရန် အစပိုင်းက ကြိုးစားသော်လဲ ၎၏ အလောင်းပုံ […]

Continue Reading

Fact Check: ဧပြီ ဒုတိယပတ်က ဒူဘိုင်းမှာ မုန်တိုင်းထန်ပြီး ရေကြီးနေပုံလား-မဟုတ်ပါ 

ဒူဘိုင်းမှာ မုန်တိုင်းထန်ပြီး မိုးကြီးနေပုံလို့ဆိုပြီး ဗွီဒီယိုတခု ဖေ့စ်ဘွတ်နဲ့ ပျံ့နှံ့ခဲ့တာဟာ သတင်းမှားတခုသာ ဖြစ်တယ်။ ဧပြီ ၁၆ ရက်က ဒူဘိုင်းမှာ မုန်တိုင်းထန်ပြီး မိုးသည်းထန်စွာရွာသွန်းမှုနဲ့အတူ အခုလို ဗွီဒီယိုတွေ ပျံ့နှံ့လာတာဖြစ်တယ်။ ဒါပေမဲ့  ၁မိနစ်ကျော်ရှည်လျားတဲ့ ဒီဗွီဒီယိုထဲ အစိတ်အပိုင်းအတော်များများဟာ ဧပြီ ၁၆ ရက်က ဒူဘိုင်းမှာဖြစ်ပွားခဲ့တဲ့ မိုးလေဝသဖြစ်စဉ်တွေနဲ့ သက်ဆိုင်ခြင်းမရှိပါဘူး။ အောက်ပါစာသားနဲ့ စခရင်ရှော့ကတော့ ဒီလို ဖြန့်ဝေထားတဲ့ ဖေ့စ်ဘွတ်ပို့စ်တခုကို ရယူထားခြင်းဖြစ်တယ်။ တူညီတဲ့ရေးသားမျှဝေမှုကို  ဒီနေရာမှာလည်း တွေ့ရပါတယ်။  “မနေ့က… အရမ်းကြမ်းတဲ့…ဒူဘိုင်း က..လေနဲ့မိုး…😱 ဒီနေ့.. လေမိုးအလွန် ပျက်စီးဆုံးရှုံးမှုများ..😌😌😌” မူရင်းလင်ခ့် – Fb link | Archive link အချက်အလက်စိစစ်ချက် ၁ မိနစ်ကျော်ရှည်လျားတဲ့ ဗွီဒီယိုတွေကို Google မှာ […]

Continue Reading

Fact Check: စစ်ခေါင်းဆောင်နဲ့ ဒုတိယစစ်ခေါင်းဆောင် နုတ်ထွက်ဆိုတဲ့ သတင်းတု

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ ဒုတိယစစ်ခေါင်းဆောင် ဒုတိယ ဗိုလ်ချုပ်မှူးကြီးစိုးဝင်းဟာ ရာထူးကနုတ်ထွက်ပြီး ရုရှားကို ပြေးသွားတယ်ဆိုတဲ့ ဗွီဒီယိုတွေ ယူကျူ့မှာ ပျံ့နှံ့မှု အားကောင်းနေတာ တွေ့ရတယ်။ သတင်းမှားဗွီဒီယိုတခုသာဖြစ်တယ်။ အောက်ပါစာသားနဲ့ စခရင်ရှော့ကတော့ ဒီလို ဖြန့်ဝေထားတဲ့ ဖေ့စ်ဘွတ်ဗွီဒီယိုတခုက ရယူထားခြင်းဖြစ်တယ်။ ဧပြီ ၂၄ ရက်က မျှဝေထားတဲ့ ဒီဗွီဒီယိုဟာ ကြည့်ရှု့မှုပေါင်း တသိန်းဝန်းကျင်ရရှိထားတယ်။ အလားတူတဲ့ မျှဝေမှုတွေကို ယူကျူ့ရဲ့ ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။ “လုံးဝထင်မထားတဲ့ သတင်းကြီးဟေ့  မအလ နှုတ်ထွက်ပြီတဲ့ကွ စစ်ဗိုလ်ချုပ် ၁၅၀ နီးပါး  ရုရှားနဲ့ တရုတ် ကို အသီးသီးပြေးကုန်ပြီ”(မူရင်းအရေးအသား) မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် ဒီလိုရေးသားဖြန့်ဝေထားတဲ့ ယူကျူ့ချန်နယ်တွေကို လေ့လာကြည့်ရာမှာ […]

Continue Reading

Fact Check: ပြင်ဦးလွင်မှာ စစ်တပ်ယာဉ်တန်းကို PDF ကပစ်ခတ်တိုက်ခိုက်မှု သတင်းတု

ဧပြီ ၁၇ ရက်နေ့က ပြင်ဦးလွင်မှာ စစ်ကားတွေကို တော်လှန်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်မှုအဖြစ် ဖော်ပြထားတဲ့ ဗွီဒီယိုတခု ဖေ့စ်ဘွတ်မှာ ပျံ့နှံ့ခဲ့တာတွေ့ရပါတယ်။ သတင်းမှားဗွီဒီယိုတခုသာဖြစ်တယ်။ အောက်ပါစာသားနဲ့ စခရင်ရှော့ကတော့ ဒီလို ဖြန့်ဝေထားတဲ့ ဖေ့စ်ဘွတ်ဗွီဒီယိုတခုက ရယူထားခြင်းဖြစ်တယ်။ ဧပြီ ၁၈ ရက်က မျှဝေထားတဲ့ ဗွီဒီယိုဟာလက်ရှိအချိန်အထိ ကြည့်ရှု့မှုပေါင်း ၁ ဒသမ ၈ သန်းကျော်ရရှိထားတယ်။ “17/4/2024 ပြင်ဦးလွင်လာနေတဲ့ စစ်ကား ပုံးစွဲခံရ စိတ်တော်မကောင်းဘူး”(မူရင်းအရေးအသား) မူရင်းလင်ခ့် – Fb link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုကို Google မှာ ပုံရှာနည်းအသုံးပြုရှာဖွေရာမှာ ဒီဗွီဒီယိုဟာ ARMA 3 ဆော့ဖ်ဝဲလ်လို စစ်ရေးဆိုင်ရာတွေကို စိတ်ကူးဖန်တီးရေးဆွဲလို့ရတဲ့ ဆော့ဖ်ဝဲလ်တခုသုံးပြီး ထုတ်လုပ်ထားတဲ့ ဗွီဒီယိုဖြစ်တာတွေ့ရတယ်။ မူလဗွီဒီယိုလို့ […]

Continue Reading

Fact Check: မြဝတီမှာ မြန်မာစစ်တပ်လေယာဉ်တွေ ပစ်ချခံရမှု သတင်းတု

မြဝတီမှာ မြန်မာစစ်တပ်လေယာဉ်တွေ KNU နဲ့ ထိုင်းက ပစ်ချလိုက်တယ်လို့ဆိုပြီး ဗွီဒီယိုတွေ ယူကျူ့မှာ မျှဝေထားပြီး ပျံ့နှံ့မှုလည်း အားကောင်းလျက်ရှိတယ်။ တချို့သော ဖြန့်ဝေနေတဲ့ ယူကျူ့ချန်နယ်တွေမှာ ထိုင်းလေတပ်က မြန်မာစစ်တပ် တိုက်လေယာဉ်တွေကို ပစ်ချလိုက်တယ်၊ ထိုင်းက KNU ဘက်က ဝင်တိုက်နေပြီစသည့် လည်းဖော်ပြထားတယ်။ သတင်းတုသတင်းမှားတွေသာဖြစ်တယ်။ အောက်ပါစာသားနဲ့ စခရင်ရှော့ကတော့ ဒီလို ဖြန့်ဝေထားတဲ့ ယူကျူ့ဗွီဒီယိုတခုက ရယူထားခြင်းဖြစ်တယ်။ ဧပြီ ၁၉ ရက်က မျှဝေထားတဲ့ ဒီဗွီဒီယိုဟာ လက်ရှိအချိန်အထိ ကြည့်ရှု့မှုပေါင်း ၁ ဒသမ ၂ သိန်းကျော်ရရှိထားတယ်။ အလားတူတဲ့ မျှဝေမှုတွေကို ဒီနေရာ၊ ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရတယ်။  “ထိုင်းဝင်ကူနေပြီဟေ့ ရုရှားထုတ်ရဟတ်ယာဉ်ပစ်ချ တိုသ်းမှူးအဆင့်လိုက်ပါပြီးမြဝတီကိုလာတာ ထိုင်းလေကြောင်းအဖွဲ့ကပစ်ချလိုက်တာ”(မူရင်းအရေးအသား) မူရင်းလင်ခ့် – Youtube link […]

Continue Reading

Fact Check: ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့်တို့ ပြန်လည်လွတ်မြောက်မှုနဲ့ အာဏာပြန်လွှဲတဲ့ သတင်းတု

ပူပြင်းတဲ့ရာသီဥတုကို ရှောင်ရှားပေးတဲ့အကြောင်းပြချက်နဲ့ ဒေါ်‌အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့် တို့ကို သက်ဆိုင်ရာ ထောင်အသီးအသီးကနေ စစ်ကောင်စီက နေရာပြောင်းရွှေ့ပေးခဲ့တယ်ဆိုတဲ့ သတင်းတွေထွက်ပေါ် လာပြီးမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့်တို့ကို ပြန်လွှတ်ပေးလိုက်ပြီ၊ စစ်ခေါင်းဆောင်က အာဏာပြန်လွှဲပေးလိုက်ပြီစသည့်ဖြင့်  နားလည်မှုလွဲမှားစေနိုင်တဲ့ သတင်းမှား ဗွီဒီယိုတွေ ဖေ့စ်ဘွတ်နဲ့ ယူကျူ့မှာ ပျံ့နှံ့လာခဲ့ပါတယ်။  အောက်ပါစာသားနဲ့ စခရင်ရှော့ကတော့ ဒီလို ဖြန့်ဝေထားတဲ့ ဖေ့စ်ဘွတ်ပို့စ်တခုက ရယူထားခြင်းဖြစ်တယ်။  “မအလ ကိုဖြုတ်ချပြီး သမ္မတဦးဝင်းမြင့်ကို ရာထူးပြန်ပေးဖို့ ၁၀၀% အတည်ပြုပြီ”(မူရင်းအရေးအသား) မူရင်းလင်ခ့် – Fb link | Archive link ဒီအပြင် အလားတူတဲ့ ဖြန့်ဝေမှုတွေကို ယူကျူ့ရဲ့ ဒီနေရာ၊ ဒီနေရာ၊ ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာတွေမှာလည်းတွေ့ ရပါတယ်။ အချက်အလက်စိစစ်ချက် နေပြည်တော်အချုပ်ထောင်ထဲမှာ ထိန်းသိမ်းခံထားရတဲ့ အတိုင်ပင်ခံဒေါ်အောင်ဆန်းစုကြည်ကို […]

Continue Reading

Fact Check: သင်္ကြန်အကြိုနေ့ ရန်ကုန်မြို့တော်ခန်းမရှေ့မှာ ဗုံးပေါက်ကွဲလို့ အများအပြားသေဆုံးဆိုတဲ့ သတင်းတု

သင်္ကြန်အကြိုနေ့က ရန်ကုန်မြို့တော်ခန်းမရှေ့မှာ ဗုံးပေါက်ကွဲလို့ သွေးချောင်းစီးခဲ့တယ်လို့ဆိုပြီး ယူကျူ့မှာ မျှဝေထားတဲ့ ဗွီဒီယိုဟာ သတင်းမှားတခုသာဖြစ်တယ်။  အောက်ပါစာသားနဲ့ စခရင်ရှော့ကတော့ ဒီလို ဖြန့်ဝေထားတဲ့ ယူကျူ့ဗွီဒီယိုတခုက ရယူထားခြင်းဖြစ်တယ်။ ဧပြီ ၁၃ ရက်က မျှဝေထားတဲ့ ဒီဗွီဒီယိုဟာ လက်ရှိအချိန်အထိ ကြည့်ရှု့မှုပေါင်း တ သိန်းကျော်ရရှိထားတယ်။ “ရန်ကုန် သင်္ကြန်အကြိုနေ့ သွေးချာင်းစီးပြီ  မြို့တော်ခန်းမ မဏ္ဏပ် ဗုံးခွဲ့ခံရ ၊ ဘောမတွေ  (၅၀၀၀)စားတွေ အကုန်သေကြပြီ”(မူရင်းအရေးအသား) မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် သတင်းလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ ယုံကြည်ရလောက်တဲ့ သတင်းမီဒီယာတွေမှာ ဒီသတင်းဖော်ပြချက် မရှိပါဘူး။  အခုလို ရန်ကုန်မှာ သင်္ကြန်အကြိုနေ့ ဗုံးပေါက်ကွဲလို့ လူအများအပြား ထိခိုက်သေဆုံးတယ်လို့ ဆိုတဲ့ အကြောင်း အရာကို […]

Continue Reading

Fact Check:  အမေရိကန်တိုက်ဖွန်းမုန်တိုင်း၊အင်ဒိုနီးရှားမီးတောင်ပေါက်ကွဲမှုနဲ့ တရုတ်က အဆောက်အဦး ဖြိုချမှုတွေကို ထိုင်ဝမ်ငလျင်အဖြစ်မျှဝေနေ

၂၀၂၄ ခုနှစ် ဧပြီ ၃ ရက်ကထိုင်ဝမ်မှာ လှုပ်ခတ်ခဲ့တဲ့ ငလျင်လို့ဆိုထားပြီး ပေါက်ကွဲမှုတခုနဲ့အတူ အဆောက်အဦး တလုံးပြီးတလုံးပြိုကျခဲ့တဲ့မြင်ကွင်း၊ မိုးကြိုးလျှပ်စီးကြောင်းနဲ့အတူ လေပြင်းတိုက်နေတဲ့ မြင်ကွင်း၊ ပေါက်ကွဲမှု တခုအပြီး မီးခိုးလုံးတွေထကာ လူတွေ ပြေးလွှာနေကြတဲ့ မြင်ကွင်းတွေပေါင်းစပ်ထားတဲ့ ဗွီဒီယိုတခုကို ဖေ့စ်ဘွတ်မှာ ပျံနှံ့မှုအားကောင်းခဲ့တာတွေ့ရပါတယ်။ တကယ်တော့ မသက်ဆိုင်တဲ့ ဖြစ်စဉ်အသီးသီးက မြင်ကွင်းတွေကို ပေါင်းစပ်ပြီး မျှဝေထားတဲ့ သတင်းမှားတခုသာဖြစ်တယ်။ အောက်ပါစာသားနဲ့ စခရင်ရှော့ကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ဖေ့စ်ဘွတ်ပို့စ်တခုက ရယူထားခြင်းဖြစ်တယ်။ ဧပြီ ၅ ရက်မှာ စတင်ပျံ့နှံ့ခဲ့တဲ့ ဒီဗွီဒီယိုဟာ လက်ရှိအချိန်အထိ ကြည့်ရှု့မှုပေါင်း ၇ သိန်းကျော်ရရှိထားပြီး မျှဝေမှုပေါင်း ၆၀၀၀ နီးပါးရှိထားတယ်။ အလားတူတဲ့ ပြောဆိုမျှဝေမှုတွေကို ဒီနေရာမှာလည်းတွေ့ရတယ်။ “ပြီးခဲ့သည့်ဧပြီလသုံးရက်နေ့ကထိုင်ဝမ်မှာငလျှင်လှုပ်တာကိုသံဝေဂယူကာအသိတရားတွေရသင့်ကြပေပြီ။ဘယ်နိူင်ငံ၊ဘယ်လူမျိုးတွေဖြစ်ဖြစ်စိတ်မကောင်းဖြစ်မိတာကတော့အမှန်ပါ။” မူရင်းလင်ခ့် – Fb link | […]

Continue Reading

Fact Check: KNU နဲ့ဆက်သွယ်လို့ အနုပညာရှင်တွေ အဖမ်းခံရဆိုတဲ့ သတင်းတု

ကရင်အမျိုးသားအစည်းအရုံး(KNU)ထဲ ဝင်ဖို့လုပ်တဲ့အတွက် အနုပညာရှင်တွေ အဖမ်းခံရတယ်လို့ဆိုထားတဲ့ သတင်းမှားဗွီဒီယိုတွေ ယူကျူ့အသုံးပြုသူတွေအကြား ပျံ့နှံ့မှုအားကောင်း လျှက်ရှိပါတယ်။ အောက်ပါစာသားနဲ့ စခရင်ရှော့ကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုတခုက ရယူထားခြင်းဖြစ်တယ်။ ဖေဖော်ဝါရီ ၂၆ ရက်ကစတင်ဖြန့်ဝေထားတဲ့ ဒီဗွီဒီယိုဟာ လက်ရှိအချိန်မှာ ကြည့်ရှူ့မှုပေါင်း ၆၀၀၀၀ကျော်ရရှိ ထားတယ်။ “KNU ထဲသွားမယ့် မြင့်မြတ် အဖမ်းခံရပြီ” မူရင်းလင်ခ့် – Youtube link | Archive link ဒီအပြင် သရုပ်ဆောင်နေတိုး၊ အဆိုတော် စိုင်းစိုင်းခမ်းလှိုင်တို့လည်း KNU ထဲသွားဖို့ ပြင်နေစဉ်အဖမ်းခံရတယ် ဆိုပြီးတော့ ရေးသားမျှဝေထားပါသေးတယ်။ ယူကျူ့ရဲ့ ဒီနေရာနဲ့ ဒီနေရာမှာ ကြည့်ပါ။ အချက်အလက်စိစစ်ချက် ဗွီဒီယိုကို ဖော်ပြထားတဲ့ Channel P အမည်နဲ့ ယူကျူ့ချန်နယ်ဟာ အနုပညာရှင်တွေနဲ့ ပတ်သတ်တဲ့ အကြောင်း […]

Continue Reading

Fact Check: ကောလင်းမှာ ရဟတ်ယာဉ်ပစ်ချခံရတယ်ဆိုတဲ့ သတင်းမှား

ကောလင်းမြို့ ကျောက်တန်းရွာမှာတိုက်ပွဲဖြစ်ပြီး စစ်တပ်ရဟတ်ယာဉ်တစီး ပစ်ချခံရမှုမှာ ဗိုလ်ကြီးနဲ့ စစ်သား ၉ ‌ယောက်သေဆုံးတယ်လို့ဆိုထားတဲ့ ဗွီဒီယိုတခုယူကျူ့မှာ ဖြန့်ဝေထားရာ ပျံ့နှံ့မှုအားကောင်း လျှက်ရှိပါတယ်။ အောက်ပါစာသားနဲ့ စခရင်ရှော့ကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုတခုက ရယူထားခြင်းဖြစ်တယ်။ ဖေဖော်ဝါရီ ၂၅ ရက်မှာ စတင်ဖြန့်ဝေထားတဲ့ ဒီဗွီဒီယိုဟာ လက်ရှိအချိန်မှာ ကြည့်ရှူ့မှုပေါင်း ၈၀၀၀၀ ကျော်ရရှိ ထားတယ်။ “‌ကောလင်းမြို့ ကျောက်တန်းရွာမှာတိုက်ပွဲဖြစ် စစ်တပ်မှရဟတ်ယာန်ဖြင့်လိုက်ပစ်နေစဉ် ပစ်ချခံရပြီး ဗိုလ်ကြီးနဲ့ စစ်ခွေး၉ဦးသေ”(မူရင်းအရေးအသား) မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် တကယ်တမ်း ဗွီဒီယိုတွေပါသတင်းဟာ ဧရာဝတီတိုင်းမ်သတင်းဌာနကဖော်ပြခဲ့တဲ့ “ကောလင်းမြို့ ကျောက်တန်းရွာတွင် စစ်ကောင်စီနှင့် တိုက်ပွဲပြန်လည်ဖြစ်ပွားနေပြီး စစ်ကောင်စီတပ်က မြို့ပေါ်ရှိ အိမ်ခြေ ၈၀ ရာခိုင်နှုန်းခန့်ကို ပြာကျအောင် မီးရှို့ထား”ဆိုတဲ့ […]

Continue Reading