Fact Check: ၂၄ နာရီအတွင်း အာဏာလွှဲနိုင်ခြေရှိတယ်ဆိုတဲ့ သတင်းမှားဖြန့်ဝေ

စစ်ကောင်စီက ၂၄ နာရီအတွင်း အာဏာလွှဲနိုင်ရေးအတွက် အရေးကြီးအစည်းအဝေးလုပ်ခဲ့တယ်ဆိုပြီးတော့  ပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေ အကြား ဖြန့်ဝေနေတာတွေ့ရပါတယ်။  သတင်းမှားဖြစ်ပါတယ်။ “၂၄ နာရီအတွင်းအာဏာလွဲနိုင်ချေရှိ၊ အရေးကြီးဆင့်ခေါ်ခံရ”လို့  ရေးသားပြီး “  Queen10シ ” အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာက အောက်ပါအတိုင်း မျှဝေထားတာတွေ့ရပါတယ်။  မူရင်းလင်ခ့် – FB Link ၊ Archive Link တူညီတဲ့ရေးသားမျှဝေမှုတွေကို  ယူကျူ့ရဲ့ ဒီလင့်ခ်မှာလည်းတွေ့ရပါတယ်။ အချက်အလက်စိစစ်ချက် “၂၄ နာရီအတွင်းအာဏာလွဲနိုင်ချေရှိ၊” ဆိုပြီးရေးသားထားပေမဲ့  ၁၁ မိနစ်ကျော်ရှည်လျားတဲ့ ဒီဗွီဒီယိုဖိုင်ထဲမှာ ဒီလိုအာဏာလွှဲတဲ့ကိစ္စနဲ့ပတ်သက်ပြီး တစ်စုံတစ်ရာမပါဝင်ဘဲ လွတ်လပ်တဲ့ အာရှအသံ သတင်းဌာနက ဖော်ပြထားတဲ့ “လေပိုင်နက်ကျူးကျော်တိုက်ခိုက်တဲ့ စစ်ကောင်စီကို တုံ့ပြန် ဆောင်ရွက်ဖို့ အိန္ဒိယကို တောင်းဆို”ဆိုတဲ့ သတင်းတစ်ပုဒ်ကို ပြန်လည်ဖတ်ကြား နေတာဖြစ်ပါတယ်။ သုံးသပ်ချက်  “၂၄ […]

Continue Reading

Fact Check: အိန္ဒိယကနေ လက်နက်သယ်လာတဲ့စစ်ယာဉ်တန်းကို PDF က သိမ်းပိုက် ဆိုတဲ့သတင်းမှား

အိန္ဒိယကနေ လက်နက်သယ်လာတဲ့စစ်ယာဉ်တန်းကို PDF က သိမ်းပိုက်လိုက်ပြီဆိုတဲ့ ဗွီဒီယိုပို့စ်တွေ Youtube မှာ ဖြန့်ဝေနေတာတွေ့ရပါတယ်။ လူတွေ စိတ်ဝင်စားမှုရဖို့ ချဲ့ကားရေးသားထားတဲ့ သတင်းခေါင်းစဉ်အမှား ဖြစ်ပါတယ်။ အောက်ပါ screenshot ကတော့ Youtube Channelတစ်ခုကတင်ထားတဲ့ ဗွီဒီယိုရဲ့မြင်ကွင်းတစ်ခုဖြစ်ပါတယ်။ ၂၉ ရက်နေ့က အိန္ဒိယက လက်နက်တွေသယ်လာတဲ့ သံချပ်ကာပါ အစီး ၈၀ ပါတဲ့ စစ်ယာဉ်တန်း ကလေး-တမူး အာရှလမ်းပေါ် မိုင်တိုင်(၅၆)မှာသိမ်းပိုက်လိုက်တယ်လို့ရေးသားထားပါတယ်။ မူရင်းလင်ခ့် –  Youtube link |  Archive link   အလားတူရေးသားမျှဝေမှုတွေကို ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။ အချက်အလက်စိစစ်ချက် အိန္ဒိယကနေ လက်နက်တွေသယ်လာတဲ့ မြန်မာစစ်တပ်ယာဉ်တန်းကို ကြားဖြတ်တိုက်ခိုက်ခဲ့တယ်ဆိုတဲ့ သတင်းတွေကို ဒီလင့်ခ်နဲ့ ဒီလင့်ခ်တွေမှာတွေ့ရပါတယ်။ “Ayeyarwaddy Times”က နိုဝင်ဘာ ၂၇ ရက်နေ့က […]

Continue Reading

Fact Check: စိုးဝင်းကိုအာဏာလွှဲပြီး မင်းအောင်လှိုင်နုတ်ထွက် ဇော်မဲလုံးကြေညာဆိုတဲ့ သတင်းမှား

ဗိုလ်ချူပ်မှူးကြီးမင်းအောင်လှိုင် တာဝန်က အနားယူလိုက်ပြီး ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းကိုအဏာလွှဲကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းကြေညာဆိုတဲ့ ဗွီဒီယိုပို့စ်တစ်ခုဖေ့စ်ဘွတ်အသုံးပြုသူတွေအကြားပျံ့နှံ့ခဲ့ပါတယ်။ သတင်းမှား ဖြစ်ပါတယ်။သတင်းဌာနအချို့ကဖော်ပြပြီးဖြစ်တဲ့သတင်းတွေကို လူတွေစိတ်ဝင်စားမှုရဖို့အတွက် သတင်းခေါင်းစဉ်တုနဲ့ထပ်မံဖြန့်ချိနေဖြစ်ပါတယ်။ “မင်းအောင်လှိုင် နုတ်ထွက်ပြီ#သတင်းထူး”လို့ ရေးသားပြီး “Always” အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာက အောက်ပါအတိုင်းမျှဝေထားတာတွေ့ရပါတယ်။  မူရင်းလင်ခ့် – FB link |  Archive link   တူညီတဲ့ရေးသားမျှဝေမှုတွေကို ယူကျူ့ရဲ့ ဒီနေရာမှာ လည်းတွေ့ရပါတယ်။  အချက်အလက်စိစစ်ချက် ဗွီဒီယိုရဲ့ thumbnail ရုပ်ပုံမှာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ ဒုတိယဗိုလ်ချုပ်ကြီးစိုးဝင်းတို့ အစည်းအဝေး ဓာတ်ပုံ၊ ဗိုလ်ချုပ်ဇော်မင်းထွန်းရဲ့ သတင်းစာရှင်းလင်းပွဲဓာတ်ပုံတွေအသုံးပြုပြီး “စိုးဝင်းကို အာဏာလွှဲပြီး မင်းအောင်လှိုင်နုတ်ထွက် ဇော်မဲလုံး တရားဝင်ကြေညာလိုက်ပြီ”စသည်ဖြင့်ရေးသားထားပေမဲ့ ဗွီဒီယိုတစ်ခုလုံးမှာ ဒီအကြောင်းအရာပါမဝင်ပါဘူး။ ဗွီဒီယိုပါမပထမဆုံးသတင်းတစ်ပုဒ်ဟာ Ayeyarwaddy Times သတင်းဌာနက နိုဝင်ဘာ ၁၇ ရက်ဖော်ပြခဲ့တဲ့ “စစ်ခေါင်းဆောင် မင်းအောင်လှိုင်က […]

Continue Reading

Fact Check: ဖရူဆိုမှာ ပြည်သူပိုင်နွားတွေကို ကရင်နီအကြမ်းဖက်အုပ်စုက ခိုးယူ သတ်ဖြတ်ဆိုတဲ့ သတင်းမှား

ဖရူဆိုမြို့နယ်မှာ အရပ်သားများ၏ နွားများကို ကရင်နီအကြမ်းဖက်အုပ်စုက ပေါ်ပေါ်တင်တင် သတ်ဖြတ်ယူ ဆောင်နေတယ်ပို့စ်တစ်ခုဖေ့စ်ဘွတ်အသုံးပြုသူတွေအကြားပျံ့နှံ့ခဲ့ပါတယ်။ သတင်းမှား ဖြစ်ပါတယ်။ “Sept 25 “ဖရူဆိုမြို့နယ်၌ အရပ်သားများ၏ နွားများကို ကရင်နီအကြမ်းဖက်အုပ်စုက ပေါ်ပေါ်တင်တင် သတ်ဖြတ် ယူဆောင်နေဟုဆို” ကယားပြည်နယ်၊ ဖရူဆိုမြို့နယ်၌ တောင်သူလုပ်ကိုင် စားသောက်နေသည့် ပြည်သူများ၏ နွားများကို ကရင်နီ အကြမ်းဖက်အုပ်စု (KNDF) က အတင်းအဓမ္မ သတ်ဖြတ်ယူဆောင်နေကြပြီး ဟန့်တားသော ရွာသူရွာသားများကို မသေရုံတမယ် ရိုက်နှက်မှုများ ပြုလုပ်နေကြသည်ဟု ဒေသခံများထံမှ သိရသည်။ “ကျွန်တော်တို့မှာ ဒီနွားလေးတွေနဲ့ လုပ်စားနေရတာပါ။ အဲဒါကို သူတို့အဖွဲ့အတွက် ဟင်းစားမရှိရင်လည်း သူတို့ကြိုက်တဲ့နွားကို သတ်ပြီးယူတတ်ကြတယ်။ တစ်ခါတစ်လေ ဆက်ကြေးတောင်းတဲ့အခါ ပေးစရာ မရှိရင်လည်း နွားကို သေနတ်နဲ့ပစ်သတ်ပြီး ယူသွားကြပါတယ်။ ဒါလေးပဲရှိတာမို့လို့ မယူပါနဲ့လို့ ပြောပြန်တော့လည်း […]

Continue Reading

Fact Check: ဒီပဲယင်း လက်ယက်ကုန်း လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသူတွေမှာ ကလေးတွေမပါလို့ သတင်းမှားဖြင့် ဝါဒဖြန့်

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ လက်ယက်ကုန်းရွာစာသင်ကျောင်းမှာ KIA နဲ့ PDF ရှိတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ စီနင်းတိုက်ခိုက်မှုမှာ ကျောင်းတက်နေတဲ့ ကလေးငယ် ၇ ဦးထက်မနည်းသေဆုံးခဲ့ရပြီး ဒီဖြစ်စဉ်ဟာ ပြည်တွင်းမှာ အာဏာသိမ်းစစ်တပ်အပေါ် မကျေနပ်မှုပိုမိုကြီးထွားစေခဲ့ပါတယ်။ ဒီဖြစ်စဉ်အပြီးမှာ ထုံးစံ အတိုင်းပဲ စစ်တပ်က သူတို့လုပ်ရပ်ဟာ ဘယ်တော့မှ မမှားဘူးဆိုပြီး ဝါဒဖြန့်ချိလွှမ်းမိုးဖို့ကြိုးစားခဲ့ပြီး အခြားသူကို လက်ညှိုးထိုးပြီး တန်ပြန် သတင်းထုတ်လွှင့်မှုတွေဆောင်ရွက်ခဲ့ရာမှာ ဒီဖြစ်ကြောင့် သေဆုံးရသူတွေဟာ လူကြီးတွေသာဖြစ်ပြီး ကလေးတွေ မပါဘူးဆိုတဲ့ ပို့စ်တစ်ခုလည်းပါဝင်ပါတယ်။ “မေပျိုဖြူ”အမည်နဲ့ ဖေ့စ်ဘွတ်အသုံးက စက်တင်ဘာ ၂၀ ရက်က မျှဝေထားတဲ့ ဖေ့စ်ဘွတ်မှာပျံ့နှံ့ခဲ့တဲ့ စာသား ကောက်နှုတ်ချက်ကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။ “ဘယ်သူသေသေ ငတေမာဖို့သာ လုပ်နေတဲ့ PDF ဒီပဲယင်း လက်ယက်ကုန်းရွာ စာသင်ကျောင်းမှာ ပုန်းခိုနေတဲ့ PDF အကြမ်းဖက်တွေကို […]

Continue Reading

Fact Check: ပြည်ပရောက် KBZ PAY အသုံးပြုသူတွေပိတ်ဆို့ခံရဆိုတာမဟုတ်ပါ

ပြည်ပရောက် KBZ PAY အသုံးပြုသူတွေဟာ ဒီငွေကြေးဝန်ဆောင်မှုကို ဆက်လက်အသုံးပြုနိုင်တော့မှာ မဟုတ် ကြောင်း KBZ PAY ကထုတ်ပြန်လိုက်တယ်ဆိုတဲ့ပို့စ်တစ်ခုဖေ့စ်ဘွတ် အသုံးပြုသူတွေအကြား ပျံ့နှံ့မှုအားကောင်း ခဲ့ပါတယ်။ နားလည်မှုလွဲစေနိုင်တဲ့ သတင်းမှားတစ်ခုဖြစ်ပါတယ်။ ပျံ့နှံ့ခဲ့တဲ့ပို့စ်တွေမှာ KBZ PAY အသုံးပြုသူတွေဟာ ပြည်ပမှာ KBZ PAY ကိုအသုံးပြုနိုင်မှာမဟုတ်ဘဲ ပြည်တွင်း ပြန်လည်ရောက်ရှိချိန်မှသာလျှင် သူတို့ရဲ့ ငွေတွေကို ပြန်လည်အသုံးပြုနိုင်မယ်ဆိုပြီး KBZ PAY ကပေးပို့တယ်ဆို တဲ့ စာသားဓာတ်ပုံတစ်ခုလည်းပါဝင်ပါတယ်။ “MDY news center”အမည်နဲ့ဖေ့စ်ဘွတ်စာမျက်နှာက မျှဝေထားတဲ့ တူညီတဲ့ပြောဆိုချက်တွေပါဝင်တဲ့ ပို့စ်တစ်ခုကို အောက်ပါအတိုင်းတွေ့ရပါတယ်။ “ပြည်ပရောက် KBZ PAY အသုံးပြုသူများ ဆက်လက်အသုံးပြု့နိုင်မည်မဟုတ်ပဲ ပြည်တွင်းသို့ ပြန်လည် ရောက်ရှိချိန်မှသာလျှင် Login ပြန်လည်ဝင်ရောက် အသုံးပြု့နိုင်မှာဖြစ်ကြောင်း KBZ pay မှထုတ်ပြန်လိုက်ကြောင်းသိရှိရ” […]

Continue Reading

Fact Check: Express ကားတွေမှာ လူမဲ့တန်ဆာပစ္စည်းပို့တာ လက်မခံတော့ဘူးဆိုတာ မဟုတ်ပါ

အဝေးပြေးကားတွေမှာ လူမဲ့တန်ဆာပစ္စည်းလက်မခံတော့ဘူးဆိုတဲ့ ဖေ့စ်ဘွတ် ပို့စ်တစ်ခုဖေ့စ်ဘွတ် အသုံးပြုသူတွေအကြားပျံ့နှံ့ခဲ့ပါတယ်။ တကယ်တော့ နားလည်မှုလွဲစေနိုင်တဲ့သတင်းမှားတစ်ခုဖြစ်တာ တွေ့ရပါတယ်။ အောက်ပါစာသားကတော့ “Thet Paing Soe”အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူ မျှဝေထားတဲ့ ပျံ့နှံ့မှုအားကောင်းခဲ့တဲ့ ပို့စ်က ကောက်နှုတ်ဖော်ပြချက်ဖြစ်ပါတယ်။  “Express ကားတွေကို ယနေ့မှစ၍ လူမဲ့တန်ဆာလက်မခံတော့ဟု သတင်းထွက်ပေါ်နေ ‼ ရန်ကုန်က နယ်ကျော်မြို့ကျော် Online shop လုပ်ကြတဲ့ ကိုကို မမများ မင်မင်တို့အပါအဝင် အကုန် တိုင်ပတ်ပါပြီလို့ Express ကားတွေကို ယနေ့မှစ၍ လူမဲ့တန်ဆာလက်မခံတော့ဟုသိရတဲ့အတွက် အောင်မင်္ဂလာတို့ အောင်ဆန်းကွင်းတို့ကနေ မြို့ကျော်နယ်ကျော်ပစ္စည်းတွေပို့ဆောင်လို့ရတော့မှာမဟုတ်ပါဘူး။ တရားဝင်ပစ္စည်းသယ်ယူပို့ဆောင်တဲ့ Delivery Service များကိုသာ အားကိုးရတော့မှာဖြစ်ပါတယ်။” (မူလအရေးအသား) မူရင်းလင်ခ့် – FB link |  Archive link   တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာနဲ့ […]

Continue Reading