Fact Check: ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ အစိုးရသစ်ဖွဲ့စည်းတဲ့ သတင်းတု
စစ်တပ်သဘောတူညီချက်နဲ့ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ အစိုးရသစ်ဖွဲ့စည်းသွားမယ်ဆိုတဲ့ ဗွီဒီယိုတွေ ဒီရက်ပိုင်း ယူကျူ့ချန်နယ် တခုကဆက်တိုက် ဖြန့်ဝေထားတာမှာ ပျံ့နှံ့မှုအားကောင်းနေတာ တွေ့ရပါတယ်။ သတင်းတုဖြန့်ချိမှု သာဖြစ်တယ်။ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်တခုက ရယူထားတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာ ကြည့်ပါ။ အလားတူတဲ့ ဖြန့်ဝေမှုတွေကို ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရတယ်။ “ကြားဖြတ်အစိုးရ ဖွဲ့စည်းရန် သဘောတူ ဒေါ်စုပြန်လည် ဦးဆောင်မည် တိုင်းရင်းသား ခေါင်းဆောင်ကြီးတွေ ဒေါ်စုနဲ့ ပူးပေါင်းပြီ မအလ ဘယ်လိုမှ ငြင်းချက်ထုတ်လို့မရတော့ဘူး အာဆီယံနဲ့ ဆွေးနွေးမှု ထုတ်ပြန်” Original link | Archive link အချက်အလက်စိစစ်ချက် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ အစိုးရသစ်ဖွဲ့မယ်ဆိုတဲ့ ဒီသတင်းကို သတင်းလုပ်ငန်းလုပ်ကိုင်နေတဲ့ သတင်းမီဒီယာတွေနဲ့ ယုံကြည်ရတဲ့ သတင်းအရင်းအမြစ်တွေမှာဖော်ပြချက်မရှိပါဘူး။ ဒီဗွီဒီယိုဖြန့်ဝေထားတဲ့ “Mandalay Khitthit”ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာတွေမှာဖော်ပြခဲ့ပြီးဖြစ်တဲ့ […]
Continue Reading
