Fact Check: အမေရိကန်သံရုံးအရာရှိ ပျူစောထီးတွေ သတ်ဖြတ်မှု သမ္မတ ထရမ့် ဒေါသထွက်ပြီး မင်းအောင်လှိုင်ကို အရေးယူတဲ့ သတင်းတု
အမေရိကန် သံရုံးအရာရှိ စစ်တပ်လက်အောက်ခံ ပျူစောထီးတွေ သတ်ဖြတ်လို့ သမ္မတ ထရမ့် ဒေါသထွက်ပြီး မင်းအောင်လှိုင်ကို အရေးယူမယ်လိုက်ပြီလို့ ဆိုထားတဲ့ ဗွီဒီယိုတခု ယူကျူ့ချန်နယ်တခုက မျှဝေထားတာမှာ ပျံ့နှံ့မှု အားကောင်း နေတယ်။ နားလည်မှုလွဲစေနိုင်တဲ့ သတင်းတုသာဖြစ်တယ်။ လတ်ရှိအချိန်အထိ အမေရိကန်သံရုံလုံခြုံရေးအရာရှိ သေဆုံးမှုနဲ့ ပတ်သက်ပြီး အမေရိကန်ဘက်က မည်သူမည်ဝါဆိုတာကို အပြစ်ထုတ်ဖော်ပြောဆိုထားခြင်းမရှိပါဘူး။ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်တခုက ရယူထားတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။ “အမေရိကန် သံရုံးအရာရှိ ပျူစောထီးတွေ သတ်ဖြတ်လို့ သမ္မတ ထရမ့် ဒေါသထွက် ၊ မင်းအောင်လှိုင်ကို ဆင့်ခေါ်ပြီ” (မူရင်းအရေးအသား) Original link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုဖြန့်ဝေထားတဲ့ “Yangon Khit Thit ”ယူကျူ့ချန်နယ်ဟာ သတင်းလုပ်ငန်းလုပ်ကိုင်နေတဲ့ […]
Continue Reading
