Fact Check: အမေရိကန်နဲ့ ကုလသမဂ္ဂကန့်ကွက်လို့ ဒေါ်အောင်ဆန်းစုကြည် ဖမ်းဝရမ်း နိုင်ငံတကာရဲတပ်ဖွဲ့ ရုပ်သိမ်းတဲ့ သတင်းတု
အမေရိကန်နဲ့ ကုလသမဂ္ဂကန့်ကွက်လို့ ဒေါ်အောင်ဆန်းစုကြည် ဖမ်းဝရမ်း နိုင်ငံတကာရဲတပ်ဖွဲ့ ရုပ်သိမ်း လိုက်ပြီလို့ဆိုထားတဲ့ ဗွီဒီယိုတွေ ယူကျူ့ချန်နယ်တခုက ဖြန့်ဝေထားရာ ပျံ့နှံ့မှု အားကောင်းနေ တာတွေ့ ရပါတယ်။ သတင်းတုဖြန့်ချိနေခြင်းသာဖြစ်တယ်။ အောက်ပါစခရင်ရှော့ကတော့ ဒီလိုပြောဆိုဖြန့်ဝေထားပြီး ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုတခုက ရယူထားခြင်းဖြစ်တယ်။ ဗွီဒီယိုပါစာသားကောက်နုတ်ချက်ကိုလည်း ကြည့်ပါ။ “ဒေါ်စု ဖမ်းဝရမ်း ပြန်ရုတ်သိမ်း အမေရိကန်နဲ့ ကုလ ကန့်ကွက်လို့ ပြန်ရုတ်သိမ်းပြီ စစ်ခေါင်းဆောင်များကိုသာ ဖမ်းဆီးဖို့အင်တာပို လက်ခံ” မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုကို ဖြန့်ဝေထားတဲ့ “Khit Thit Media”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာတချို့က သတင်းတွေကို ကူးယူပြီး သတင်းခေါင်းစဉ်တုတပ်ဖြန့်ချိတာ၊ လူမှုကွန်ယက်အသုံးပြုသူတွေ မျှဝေထားတဲ့ အတွေးအမြင်တွေကို ခေါင်းစဉ်တုတပ်ဖြန့်ချိတာတွေ လုပ်ပါတယ်။ […]
Continue Reading
