Fact Check: တပ်မ ၉၉ တပ်ရင်းလိုက် ကိုးကန့် MNDAA ထံအလင်းဝင်တဲ့ သတင်းတု

တပ်မ ၉၉ ကတပ်ရင်းလိုက် ကိုးကန့်လက်နက်ကိုင်တပ်ဖွဲ့-MNDAA ထံအလင်းဝင်သွားတယ်ဆိုတဲ့ ပို့စ်တစ်ခု အွန်လိုင်းမှာပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ တပ်မ ၉၉ က တပ်သားတယောက် အလင်းဝင်သွားတာကို နားလည်မှုလွဲစေနိုင်တဲ့ သတင်းခေါင်းစဉ်တုနဲ့ ဖြန့်ချိနေခြင်းဖြစ်တယ်။ အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။ “June 26, 2023 တပ်မ (၉၉) တပ်ရင်းလက်နက်ချအလင်းဝင်ကုန်ပြီဗျို့”လို့ ‌ရေးသားပြီး “Share Local Media”အမည်နဲ့ ယူကျူ့ချန်နယ်က မျှဝေထားတာ အောက်ပါအတိုင်းတွေ့ရပါတယ်။ တူညီတဲ့ရေးသားမျှဝေမှုကို ဖေ့စ်ဘွတ်ရဲ့ ဒီနေရာ မှာလည်း ရေးသားထားပါတယ်။ မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုပါအကြောင်းအရာဟာ ဇွန်လ ၂၀ ရက်က စစ်ကောင်စီရဲ့တပ်မ ၉၉ တပ်ရင်း ၄၁၉ က တပ်သား သန်းထိုက် […]

Continue Reading

Fact Check: ဟား၅ကောင်အလင်းဝင်သွားပြီဆိုတဲ့ သတင်းမှား

ဟား၅ကောင်စစ်တပ်နဲ့ပူးပေါင်းသွားပြီလို့ဆိုတဲ့ပို့စ်တစ်ခုဖေ့စ်ဘွတ်အသုံးပြုသူတွေအကြားပျံ့နှံ့လျက်ရှိပြီး  နားလည်မှုလွဲမှားစေနိုင်တဲ့ သတင်းမှားတစ်ခုဖြစ်တာတွေ့ရပါတယ်။ “ဟား၅ကောင်စစ်တပ်နဲ့ပူးပေါင်းသွားပြန်ပြီ။ကြည့်ကြပါအုံးဟာ။စိတ်ဓာတ်တွေကျနေပြီ”လို့ ရေးသားပြီး “Jolene Mcdonald” အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာက ဗွီဒီယိုတစ်ခုကို မျှဝေထားရာမှာ ဒီပို့စ်ကို ပြန်လည်မျှဝေမှုပေါင်း ၂၀၀ ကျော်နဲ့ ကြည့်ရှူ့မှုပေါင်း ၃ သိန်းကျော်ရှိပါတယ်။ မူရင်းလင်ခ့် – FB link |  Archive link   တူညီတဲ့မျှဝေမှုတွေကို ဒီနေရာနဲ့ ဒီနေရာမှာ လည်းတွေ့ရပါတယ်။ အချက်အလက်စိစစ်ချက် ဒီဗွီဒီယိုထဲမှာ ဟား ၅ ကောင် အလင်းဝင်သွားပြီလို့ စစ်တပ်ဝါဒဖြန့်ချိရေးအကောင့်တစ်ခုဖြစ်တဲ့ “Aung Min”အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူကသတင်းမှားဖြန့်ဝေနေတာကို ဟား ၅ ကောင်အဖွဲ့ဝင် တိုးကျော်က သူ့ရဲ့ ဖေ့စ်ဘွတ် အကောင့်ကနေ ဒီဇင်ဘာ ၂၃ ရက်က တုန့်ပြန်ခဲ့တာကို ဖော်ပြထားခြင်းပါတယ်။ လူရွှင်တော်ကလည်း တိုင်းကျော် ၂၀၂၃ ခုနှစ်၊ […]

Continue Reading

Fact Check: လေတပ်အရာရှိ လေယာဉ်နဲ့အတူ NUG ထံအလင်းဝင်ဆိုတဲ့ သတင်းတု

နိုဝင်ဘာ ၅ ရက်နေ့မှာ လေတပ်အရာရှိ လေယာဉ်နဲ့အတူ NUG ထံအလင်းဝင်တယ်ဆိုတဲ့ ပို့စ်တစ်ခုဖေ့စ်ဘွတ် အသုံးပြုသူတွေအကြားပျံ့နှံ့လျက်ရှိပါတယ်။ သတင်းတုတစ်ခုဖြစ်ပါတယ်။  “Meas Davuth” အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာက အောက်ပါအတိုင်းရေးသားပြီး ဗွီဒီယိုတစ်ခုကို မျှဝေထား ရာမှာ ၄ နာရီအတွင်း ဒီပို့စ်ကို ပြန်လည်မျှဝေမှုပေါင်း ၁၄၀၀ ဝန်းကျင်ရှိပါတယ်။ ဗွီဒီယိုထဲမှာ “လေတပ်အရာရှိ လေယာဉ်နဲ့ထွက်ပြေးလာပြီ”လို့လည်းထပ်မံရေးသားထားပါတယ်။ မူရင်းလင်ခ့် – FB link |  Archive link  အချက်အလက်စိစစ်ချက် ဗွီဒီယိုပါအကြောင်းအရာကိုလေ့လာကြည့်ရာမှာ စစ်တပ်အာဏာသိမ်းအပြီး ကယားပြည်နယ်က ဆန္ဒပြပွဲတွေမှာ ရဲတပ်ဖွဲ့ဝင်အချိုပါ ပူးပေါင်းဆန္ဒပြခဲ့ပြီးနောက် ဖေ့စ်ဘွတ်အသုံးပြုသူတစ်ဦးက ရဲနဲ့ စစ်သားတွေကို အာဏာရှင် စစ်ဦးစီးချုပ်အမိန့်ကို မနာခံဘဲ ပြည်သူလူထုနဲ့ပူးပေါင်းခြင်းအားဖြင့် တိုင်းပြည်အနာဂတ်ကိုကယ်တင်ဖို့ တောင်းပန်နေတဲ့ ဗွီဒီယိုသာဖြစ်ပါတယ်။  ၁၁ မိနစ်ကျော်ရှည်လျားတဲ့ ဒီဗွီဒီယိုရဲ့ ၇ […]

Continue Reading

Fact Check: NUG လူ/ကယ်ပြန်ဝန်ကြီး တပ်မ ၉၉ ဗျူဟာမှူးထံမှာ လက်နက်ချ အလင်းဝင်ဆိုတဲ့သတင်းမှား

တပ်မ ၉၉ တံဆိပ်ပါရှိတဲ့ စစ်သားတစ်ယောက် ဒေါက်တာဝင်းမြတ်အေးနဲ့ ရယ်မောစကားပြောကာ လက်ဆွဲ နှုတ်ဆက်နေတဲ့ ဓာတ်ပုံကို အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ဝင် ဒေါက်တာဝင်းမြတ်အေး လက်နက်ချ အလင်းဝင်ဆိုပြီး ပို့စ်တစ်ခု ဖေ့စ်ဘွတ် အသုံးပြုသူတွေအကြားမှာ ပျံနှံ့ခဲ့ပါတယ်။ တကယ်တော့ ဒီဓာတ်ပုံဟာ NLD အစိုးရလက်ထက်မှာ လူကယ်ပြန်ဝန်ကြီး တာဝန်ယူခဲ့စဥ်က ဖြစ်ပြီး ၊ ၂၀၁၇ ခုနှစ် ရခိုင်ပြည်နယ် မောင်းတောဒေသကို သွားရောက်ခဲ့စဉ် တပ်မ ၉၉ က စစ်သားတွေ အရာရှိတွေနဲ့ တွေ့ဆုံ နှုတ်ဆက် စကားပြောနေတဲ့ ဓာတ်ပုံသာ ဖြစ်ပါတယ်။ “လက်နက်ချ အလင်းဝင်ရောက်လာသည့်   NLD ဝန်ကြီးဟောင်း အား  ရှေ့တန်းတပ်မ ၉၉ နည်းဗျူဟာမှူးမှ လှိုက်လှဲစွာ ကြိုဆို”လို့  ရေးသားပြီး “ဇော် မင်း လွင်” အမည်နဲ့ […]

Continue Reading

Fact Check: ဟား ၅ ကောင်အလင်းဝင်ဖို့ပြောကြားမှု ဝါဒဖြန့်သတင်းမှားဗွီဒီယိုသာ ဖြစ်တယ်

ဟားငါးကောင်က အလင်းဝင်ရောက်လိုကြောင်း ပြောကြားချက်ဗွီဒီယိုဆိုပြီးတော့ ပို့စ်တစ်ခု ဖေ့စ်ဘွတ် အသုံးပြုသူတွေအကြား ပျံ့နှံ့လျက်ရှိပါတယ်။ “ဟားငါးကောင်က အလင်းဝင်ရောက်လိုကြောင်း ပြောပြီ။” စသည်ဖြင့် ရေးသားပြီး “Verity News”အမည်နဲ့ဖေ့စ်ဘွတ်စာမျက်နှာက အောက်ပါအတိုင်း မျှဝေထားပါတယ်။ ၅၅ စက္ကန့်ရှည်လျားတဲ့ ဗွီဒီယိုထဲမှာ ဟာသလူရွှင်တော် တိုင်းကျော်လို့ ယူဆရတဲ့ အမျိုးသားတစ်ဦးက “အရင်တုန်းက တကယ်ကိုလည်းမကြိုက်ခဲ့ပါဘူး။ မကြိုက်လို့လည်း ကျွန်တော်တို့တွေ စစ်ကောင်စီကို တွန်းလှန်မယ်ဆိုပြီးတော့ တော်လှန်မယ်ဆိုပြီးတော့ ကျွန်တော်တို့တွေ တော်ခုခဲ့ပါတယ်။ လွတ်မြောက် နယ်မြေကို ကျွန်တော်တို့တွေ ရောက်အောင်လာခဲ့ပါတယ်။ အခုချိန်မှာ ကျွန်တော်တို့ အနုပညာသမားတွေက မြို့ပေါ်မှာ ပွဲလမ်းသဘင်တွေလုပ်နေကြတယ်။ ကနေကြတယ်။ ကျွန်တော်တို့ အနုပညာရှင်တွေ အများကြီးပဲ ကနေကြတယ်။ အဲတာသူတို့ကို တွေ့တော့ ကျွန်တော်တို့လည်း ကချင်တာပေါ့ဗျာ။ ကျွန်တော်လည်း အနုပညာသမားလေဗျာ။ ကချင်တာပေါ့။ အခုကျွန်တော်တို့ နားလည်သွားပါပြီ။ […]

Continue Reading