Fact Check: ငလျင်ကြောင့် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးဝင်းမြင့်သေဆုံးဆိုတဲ့ သတင်းတု 

ငလျင်ကြောင့် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့် သေဆုံးသွားတယ်လို့ဆိုထားတဲ့ ဗွီဒီယို ယူကျူ့ချန်နယ်ခုက ဖြန့်ဝေထားရာမှာ ပျံ့နှံ့မှုအားကောင်းနေတာ တွေ့ရပါတယ်။ သတင်းတု ဖြန့်ချိနေခြင်းဖြစ်တယ်။  မတ် ၂၈ ရက်မှာ မြန်မာနိုင်ငံလှုပ်ခတ်ခဲ့တဲ့စစ်ကိုင်းငလျင်ကြောင့် စစ်ကိုင်း၊ မန္တလေး၊ နေပြည်တော်အပါအဝင် မြို့အတော်များများ ထိခိုက်ပျက်စီးခဲ့ပြီး လူထောင်ပေါင်းများစွာ သေဆုံးမှုရှိခဲ့ပါတယ်။ ဒီလိုအခြေအနေမှာ စစ်တပ်က ဖမ်းဆီးထောင်ချထားတဲ့ ခေါင်း‌ဆောင်နှစ်ဦးရဲ့ အခြေအနေကိုလည်း လူထုက စိုးရိမ်နေချိန်ဖြစ်တယ်.  ဖြန့်ဝေထားတဲ့ ယူကျူ့ ဗွီဒီယိုစခရင်ရှော့နဲ့ ဗွီဒီယိုပါစာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။  “၆ ရက်နေ့ တနိုင်ငံလုံးကပြည်သူတွေ ငိုရတဲ့နေ့ဗျို့ ငလျင်ကြောင့် အမေစုနဲ့သမ္မတ အသက်ပေးရပြီ ဗိုလ်ချုပ်ဇော်မင်းထွန်း အကုန်ဖွင့်ချ” မူရင်းလင်ခ့် – Original link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုကို ဖြန့်ဝေထားတဲ့ “Local […]

Continue Reading

Fact Check: တောင်ငူအကျဉ်းထောင်မှာ သမ္မတဦးဝင်းမြင့်ကို သေဒဏ်ပေးတဲ့ သတင်းတု

တောင်ငူအကျဉ်းထောင်မှာ သမ္မတဦးဝင်းမြင့်ကို သေဒဏ်ပေးလိုက်တယ်လို့ ဆိုထားတဲ့ ဗွီဒီယို ယူကျူ့ချန်နယ် တခုက ဖြန့်ဝေထားတာသတင်းတု တခုသာဖြစ်တယ်။  “Local Celegram”အမည်နဲ့ ယူကျူ့ချန်နယ်မှာ ဖြန့်ဝေထားတဲ့  ဗွီဒီယိုပို့စ်ပါစာသား ကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။   “တောင်ငူအကျည်းထောင်မှာ ပွဲဆူပြီ သမ္မတဦးဝင်းမြင့်ကို သေဒဏ်ပေးလိုက်လို့တဲ့  ပြည်သူတွေအလောင်းပြန်တောင်းတာမရဘူး”(မူရင်းအရေးအသား) မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် သတင်းလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ မီဒီယာတွေမှာ ဒီလိုသတင်းဖော်ပြချက်မရှိပါ။ ဗွီဒီယိုကို ဖြန့်ဝေထားတဲ့ “Local Celegram”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ ခေါင်းစဉ်လွဲ သို့မဟုတ် လုပ်ကြံ သတင်း ခေါင်းစဉ်တုတွေ တပ်ပြီး ဆက်တိုက်ဖြန့်ဝေနေတာတွေ့ရပါတယ်။ တကယ်တမ်း ဗွီဒီယိုထဲမှာ အသံဖိုင်နဲ့ ဖတ်ကြားနေရတဲ့ အကြောင်းအရာတွေဟာ သတင်းမီဒီယာတချို့မှာဖော်ပြခဲ့ပြီးဖြစ်တဲ့ သတင်းတွေကို ပြန်လည်ကူးယူ ဖော်ပြနေခြင်းဖြစ်တာတွေ့ရတယ်။ Also Read […]

Continue Reading

Fact Check: ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့် ပြန်လည်လွှတ်မြောက်လာတဲ့ သတင်းမှား

ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့် ပြန်လည်လွှတ်မြောက်လာတဲ့ သတင်းမှားပို့စ်တွေ အခုရက်ပိုင်း ဖေ့စ်ဘွတ်နဲ့ ယူကျူ့ချန်နယ်တွေမှာ ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ ‌ အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။  “August 1, 2023 ဒေါ်စုနဲ့သမ္မတလွတ်ပြီးငြိမ်းချမ်းရေးယူပြီ” မူရင်းလင်ခ့် – Youtube link | Archive link အလားတူ ရေးသားမျှဝေမှုကို ဒီနေရာ၊ဒီနေရာနဲ့ဒီနေရာမှာလည်း တွေ့ပါတယ်။ အချက်အလက်စိစစ်ချက် တကယ်တော့ သမ္မတဦးဝင်းမြင့်နဲ့ ဒေါ်အောင်ဆန်းစုကြည် ပြန်လည်လွတ်မြောက်ပြီဆိုတဲ့အကြောင်းအရာအဟာ မကြာခဏဖြန့်ဝေနေတဲ့ သတင်းမှားအကြောင်းအရာ သာဖြစ်တယ်။ Fact Crescendo Myanmar အနေနဲ့ အချက်အလက်စိစစ်ထားတာတွေကို ဒီလင့်ခ်၊ ဒီလင့်ခ်နဲ့ ဒီလင့်ခ်တွေမှာ ကြည့်ပါ။ အခုတကြိမ်မှာတော့ အာဏာသိမ်းအပြီး စစ်တပ်က ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့်တို့အပေါ်  စွပ်စွဲ ချမှတ်ထားတဲ့ ပြစ်ဒဏ်အချို့ကို လျော့ပေးခဲ့တဲ့ သတင်းနဲ့အတူအခုလို သမ္မတဦးဝင်းမြင့်နဲ့ […]

Continue Reading

Fact Check: အိန္ဒိယဝန်ကြီးချုပ်နဲ့ NUG တွေ့ဆုံမှုအပြီး သမ္မတ ဦးဝင်းမြင့်ပြန်လွတ် ဆိုတဲ့ သတင်းတု

ဧပြီလ ၂၃ ရက်နေ့က  အိန္ဒိယဝန်ကြီးချုပ်နဲ့အမျိုးသားညီညွှတ်ရေးအစိုးရ(NUG)တို့တွေ့ဆုံမှုအပြီး ၂၀၂၁ခုနှစ် ဖေဖော်ဝါရီ စစ်အာဏာသိမ်းမှုကတည်းက ဖမ်းဆီးထားတဲ့ သမ္မတ ဦးဝင်းမြင့်လွတ်ပြီဆိုတဲ့ ဗွီဒီယိုပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေရဲ့အကြားပျံ့နှံ့မှု့အားကောင်းခဲ့ပါတယ်။ သတင်းတုဖြန့်ချိ နေခြင်း ဖြစ်ပါတယ်။  ပျံ့နှံ့နေတဲ့ ယူကျူ့ဒီဗွီဒီယိုပို့စ်မှာ “၂၃ ရက် သမိုင်းတွင်တဲ့နေ့ အိန္ဒိယဝန်ကြီးချုပ်နဲ့NUGတွေ့ပြီ မြင့်ဆွေပြုတ်၊ သမ္မတဝင်းမြင့်လွှတ်”စသည်ဖြင့်ရေးသားထားပါတယ်။ မူရင်းလင်ခ့် – Youtube link|  Archive link အချက်အလက်စိစစ်ချက် အိန္ဒိယဝန်ကြီးချုပ် နာရင်ဒြာ မိုဒီနဲ့ NUGတွေ့ဆုံမှု၊ သမ္မတဦးဝင်းမြင့်ပြန်လည်လွှတ်မြောက်မှု သတင်း ဖော်ပြချက် ကို သတင်းမီဒီယာလုပ်ငန်းအဓိကလုပ်ကိုင်တဲ့ သတင်းဌာနတွေမှာ ဖော်ပြချက်တွေမှာလည်း မတွေ့ရှိ သလို အမျိုးသားညီညွှတ်ရေးအစိုးရရဲ့ တရားဝင် NUG ဖေ့စ်ဘွတ်စာမျက်နှာမှာလည်း မတွေ့ရပါဘူး။ စစ်ကောင်စီထိန်း ချုပ်ထားတဲ့ မီဒီယာတွေမှာလည်း မတွေ့ရပါဘူး။ တကယ်တော့ ဗွီဒီယိုပါအကြောင်းအရာတွေဟာ ဘီဘီစီမြန်မာပိုင်းသတင်းဌာနကဖော်ပြခဲ့တဲ့ […]

Continue Reading

Fact Check: ဒေါ်အောင်ဆန်းစုကြည်နဲ့သမ္မတဦးဝင်းမြင့် ပြန်လွတ်လာပြီဆိုတဲ့ သတင်းမှား

နိုင်ငံတော်အတိုင်ပင်ခံဒေါ်အောင်ဆန်းစုကြည်နဲ့သမတကြီးဦးဝင်းမြင့်တို့ကို ဖေဖော်ဝါရီလ ၉ ရက်နေ့က ပြန်လွတ်မြောက်လာပြီလို့ဆိုတဲ့ ဗွီဒီယို ပုံစံနဲ့ပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေရဲ့အကြား ပျံ့နှံ့မှု့ အားကောင်း ခဲ့ပါတယ်။ သတင်းတုဖြန့်ချိနေခြင်းဖြစ်ပါတယ်။ ပျံ့နှံ့နေတဲ့ ဒီဗွီဒီယိုပို့စ်မှာ “ဖေဖော်ဝါရီလ ၉ ရက် ၊ ညနေ ၉နာရီ သမ္မတဦးဝင်းမြင့်နဲ့ဒေါ်စုလွှတ်ရလာပြီ ၊ပျော်လွန်းလို့မျက်ရည်တေညင်ကျမိတယ်“လို့ စသည် ဖြင့် ရေးသားကာ “NGV”အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူက အောက်ပါအတိုင်း မျှဝေထားပါတယ်။  မူရင်းလင်ခ့် – Fb link|  Archive link အလားတူ တူညီတဲ့ရေးသားဖြန့်ဝေမှုကို ဒီနေရာ၊ဒီနေရာ၊ဒီနေရာမှာလည်း တွေ့ရပါတယ်။ အချက်အလက်စိစစ်ချက် ၂၅ မိနစ်ကျော် ရှည်လျားတဲ့ ဒီဗွီဒီယိုဖိုင်ကို စိစစ်ကြည့်ရာမှာ ဗွီဒီယိုဖိုင် အဖွင့်မှာပါတဲ့ “ဖေဖော်ဝါရီလ ၉ ရက်နေ့၊ ညနေ ၉ နာရီ၊ သမ္မတဦးဝင်းမြင့်နဲ့ဒေါ်စုလွှတ်ရလာပြီ”ဆိုတဲ့ အကြောင်းအရာ […]

Continue Reading

Fact Check: ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးဝင်းမြင့် လွတ်ပြီး နေအိမ်ပြန်ရောက် သတင်းခေါင်းစဉ်တုနဲ့ သတင်းမှား ဖြန့်ဝေ

စစ်ကောင်စီ က မတရား ဖမ်းဆီးထိန်းသိမ်းထားတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ‌ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတကြီး ဦးဝင်းမြင့်ကို ပြန်လွတ်ပြီး နေအိမ်သို့ ပြန်ရောက်နေပြီလို့ ခေတ်သစ်သတင်းဌာနက အတည်ပြု ကြေညာခဲ့တယ်ဆိုတဲ့ ဗွီဒီယိုပုံစံနဲ့သတင်းတစ်ပုဒ် လူမှုကွန်ယက်စာမျက်နှာမှာ ပျံ့နှံခဲ့ပါတယ်။ သတင်း‌ခေါင်းစဉ်တုအသုံးပြုပြီး ဒေါ်အောင်ဆန်းစုကြည်အပါအဝင်နိုင်ငံရေးအကျဉ်းသားတွေလွှတ်ပေးဖို့ လုံခြုံရေးကောင်စီဆုံးဖြတ်ချက်သတင်းကို ဖြန့်ချိနေခြင်းဖြစ်ပါတယ်။ “ အမေစုနဲ့သမ္မတကြီးလွတ်ပြီးနေအိမ်ပြန်ရောက်နေပြီလို့ ခေတ်သစ်အတည်ပြုကြေညာ”လို့ရေးသားပြီး “ Thearith Ñøçh ” အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက အောက်ပါအတိုင်းမျှဝေထားပါတယ်။ မူရင်းလင်ခ့် – Fb link |  Archive link  တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာ၊နဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။ အချက်အလက်စိစစ်ချက် ၄ မိနစ်ကျော်ရှည်လျားတဲ့ ဒီဗွီဒီယိုဖိုင်မှာ စစ်ကောင်စီက မတရား ဖမ်းဆီးထိန်းသိမ်းထားတဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ‌ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတကြီး ဦးဝင်းမြင့်ကို ပြန်လွတ်ပြီး နေအိမ်ပြန်ရောက်နေပြီဆိုတဲ့ […]

Continue Reading

Fact Check: သမ္မတဦးဝင်းမြင့်ပြန်လွတ်လာပြီဆိုတဲ့ သတင်းခေါင်းစဉ်တု

သမ္မတဦးဝင်းမြင့်ကို နိုဝင်ဘာ ၉ ရက်နေ့မှာ လွတ်ငြိမ်းချမ်း သာခွင့်ပြုကြောင်း စစ်တပ်ကြေညာတယ်ဆိုတဲ့  ဗွီဒီယိုပို့စ်တစ်ခုဖေ့စ်ဘွတ်အသုံးပြုသူတွေအကြားပျံ့နှံ့မှုအားကောင်းခဲ့တာတွေ့ပါတယ်။ သတင်းခေါင်းစဉ်တု အသုံးပြုပြီး ပျံ့နှံခဲ့တဲ့ သတင်းတွေကိုဖြန့်ဝေနေခြင်းဖြစ်ပါတယ်။ “လွတ်ငြိမ်းချမ်းသာခွင့်နဲ့ မအလ လှည့်ကွင်ဆင်ဖို့ကြိုးနေပြီ အယုံမလွယ်ကြပါနဲ့”လို့ရေးသားလျှက် ဗွီဒီယိုရဲ့ thumbnail ဓာတ်ပုံထဲမှာ“၉ ရက်နေ့ မနက်ကိုနာရီခွဲ သတင်းထူး သမ္မတဦးဝင်းမြင့်ကို ပြန်လွှတ်မယ်လို့ မအလကြေငြာပြီ”လို့ ရေးသားထားတဲ့ “Rambo new”အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာကအောက်ပါအတိုင်းမျှဝေ ထားရာမှာ ၈ နာရီအတွင်း ဒီဗွီဒီယိုကို ကြည့်ရှူ့မှုပေါင်း ၈၀၀၀၀ ကျော်ရှိပါတယ်။  မူရင်းလင်ခ့် – FB link |  Archive link   အချက်အလက်စိစစ်ချက်  ယခုဖြန့်ဝေနေတဲ့ ၁၁ မိနစ်ကျော်ရှည်လျားတဲ့ ဗွီဒီယိုကိုလေ့လာကြည့်ရာမှာ သမ္မတဦးဝင်းမြင့်ကို စစ်တပ်က လွတ်ပေးတယ်ဆိုတဲ့ အကြောင်း တစ်စုံတစ်ရာမပါဝင်ပါဘူး။ အခြား […]

Continue Reading