Fact Check: ကျောက်ဖြူမြို့တိုက်ပွဲမှာ AA က စစ်သင်္ဘောကို  အမြောက်နဲ့ထုတဲ့ ဗွီဒီယိုသတင်းမှား

ကျောက်ဖြူမြို့သိမ်းတိုက်ပွဲမှာ အာရက္ခတပ်တော်(AA)က စစ်သင်္ဘောကို  အမြောက်နဲ့ထုတဲ့ ဗွီဒီယိုလို့ ဆိုပြီး စစ်သင်္ဘောတစင်း ကုန်ပတ်နဲ့ ကိုယ်ထည်မှာ လက်နက်နဲ့ ထိခိုက်ပျက်စီးထားတဲ့ ဗွီဒီယိုတွေ ပျံ့နှံ့မှု အားကောင်း နေတာ တွေ့ရပါတယ်။ သတင်းမှားသာ ဖြစ်တယ်။ အောက်ပါ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်တခုက ရယူထားခြင်းဖြစ်တယ်။  “အေအေ က ကျောက်ဖြူမြို့ သိမ်းပွဲ အောင်မြင်လာပြီ သဘ်ောတွေကို အမြောက်နဲ့ထု” Original link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုပါ မြင်ကွင်းကို  Google Lens အသုံးပြုပြီး ပျံ့နှံ့ခဲ့ပုံကို ရှာဖွေကြည့်ရာမှာ ဒီဗွီဒီယိုဟာ ပြီးခဲ့တဲ့ ၉ နှစ်ဝန်းကျင်ကတည်းက အွန်လိုင်းမှာ ပျံ့နှံ့ခဲ့ပြီးဖြစ်တဲ့ ဗွီဒီယိုဖြစ်တာတွေ့ရတယ်။ “AiirSource Military”အမည်နဲ့ ယူကျူ့ချန်နယ်က ၂၀၁၆ […]

Continue Reading

Fact Check: မိတ္ထီလာလေတပ်စခန်းကို AA က ရှော့တိုက် ဒုံးနဲ့ပစ်ခတ်မှု တိုင်းမှုးအပါ ၅၂ ဦးသေဆုံးတဲ့ သတင်းတု 

မိတ္ထီလာလေတပ်စခန်းကို အာရက္ခတပ်ေတာ်(AA)က ရှော့တိုက် ဒုံးနဲ့ပစ်ခတ်မှု တိုင်းမှုးအပါ ၅၂ ဦးသေဆုံးဗွီဒီယို ယူကျူ့မှာ ပျံ့နှံ့မှုအားကောင်းနေတာ တွေ့ရပါတယ်။ သတင်းတုဖြန့်ချိ နေခြင်းဖြစ်တယ်။ အောက်ပါ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုတခုက ရယူထားခြင်းဖြစ်တယ်။ နိုဝင်ဘာ ၂၄ ရက်က ဖြန့်ဝေထားတဲ့ ဒီဗွီဒီယိုဟာ လက်ရှိအချိန်မှာ ကြည့်ရှု့မှုပေါင်း ၁ ဒဿမ ၃ သိန်းကျော်ရရှိထားတယ်။  “မိတ္ထီလာလေတပ် အမှောင်ကျသွားပြီ တိုင်းမှုးပါဝင် စုပေါင်း(၅၂)ဦး သေဆုံး ညသန်းခေါင်ယံအချိန် မိတ္ထီလာ လေတပ် ရခိုင့်တပ်တော် အေအေ ရှော့တိုက်ဒုံး ထိုးကြွေး၊ တိုင်းမှူးပါဝင်(၅၂)ဦး သေဆုံး” Original link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုဖြန့်ဝေထားတဲ့ “Khit Thit Thadin” ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာ […]

Continue Reading

Fact Check: နေပြည်တော်ကို AA အလုံးအရင်းနဲ့ ဝင်ရောက်တိုက်ခိုက်ဆိုတဲ့ သတင်းတု

နေပြည်တော်ကို AA အလုံးအရင်းနဲ့ ဝင်ရောက်တိုက်ခိုက်ပြီလို့ ဆိုလိုထားတဲ့ ဗွီဒီယို ယူကျူ့မှာ ပျံ့နှံ့မှုအားကောင်း နေတာ တွေ့ရပါတယ်။ သတင်းတုသာဖြစ်တယ်။ ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုပို့စ် စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။ နိုဝင်ဘာ ၁၇ ရက်မှာ ဖြန့်ဝေထားတဲ့ ဒီဗွီဒီယိုဟာ ကြည့်ရှု့မှု ၂၄၀၀၀ ဝန်းကျင်ရရှိထားတယ်။  “နေပြည်တော် တပ်ကုန်းကျသွားပြီ တမြို့လုံး မြို့ဝင်မြို့ထွက် ပိတ်ဆို့လိုက်ထား ဒီမနက်ပဲ နေပြည်တော် တပ်ကုန်းကို AA နဲ့ PDF တပ်မှ  အင်အား လုံရင်းနဲ့ ဝင်စီး၊ စစ်ခွေးအကျအရှုံးများနေ”(မူရင်းအရေးအသား) Original link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုဖြန့်ဝေထားတဲ့ “Khit Thit Thadin”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာတချို့က သတင်းတွေကို ကူးယူဖော်ပြရာမှာ သတင်းခေါင်းစဉ်တု […]

Continue Reading

Fact Check: ကျောက်ဖြူကို AA သိမ်းလိုက်ပြီဆိုတဲ့ သတင်းမှား

ကျောက်ဖြူမြို့ကို အာရက္ခတပ်တော်(AA)က တိုက်ခိုက်သိမ်းပိုက်လိုက်ပြီလို့ ဆိုလိုထားတဲ့ ဗွီဒီယိုကို ယူကျူ့ ချန်နယ်တခုက ဖြန့်ဝေထားရာ  ပျံ့နှံ့မှုအားကောင်းနေတာ တွေ့ရပါတယ်။ သတင်းမှား တခုဖြစ်တယ်။ ကျောက်ဖြူမှာ စစ်တပ်နဲ့ AA အကြားတကျော့ပြန်တိုက်ပွဲ ပြင်းထန်လာနေပေမဲ့ မြို့ကို သိမ်းပိုက်ရရှိပြီဆိုတဲ အထောက်အထားမရှိပါဘူး။ ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုပို့စ်ရဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။  “ကျောက်ဖြူမြို့ကျသွားပြီ အမေရိကန် တပ်ဖွဲ့ ရာချီရောက်နေကြောင်း သတင်း တွေထွက်ပေါ်၊ AA တပ်တော် အောင်ပွဲခံနေပြီ” Original link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုကို ဖြန့်ဝေထားတဲ့ “Khit Thit Media”ဟာ သတင်းမီဒီယာ တချို့က သတင်းတွေကို သတင်းခေါင်းစဉ်တု တပ်ကာ ဖြန့်ချိလေ့ရှိ ပါတယ်။ ရန်ကုန်ခေတ်သစ်သတင်းဌာနရဲ့ ယူကျူ့အမည်နာမကို တုပထားတဲ့ […]

Continue Reading

Fact Check: ဒေါ်အောင်ဆန်းစုကြည်ကို မလွှတ်ရင် နေပြည်တော်ကို တိုက်မယ်လို့ AA ပြောတဲ့ သတင်းတု

ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်မပေးရင် နေပြည်တော်ကို တိုက်ခိုက်မယ်လို့ အာရက္ခတပ်တော်(AA)က ပြောတယ်ဆိုပြီး အကြားမှာ  ပျံ့နှံ့မှုအားကောင်းနေတာ တွေ့ရပါတယ်။ သတင်းမှား တခုဖြစ်တယ်။  ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ် စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။ အလားတူတဲ့ ပြောဆိုဖြန့်ဝေမှုကို ဒီနေရာမှာလည်းတွေ့ရတယ်။  “AA က အပြတ်ပြောနေပြီ  ဒေါ်စု မလွတ်ရင် နေပြည်တော် တိုက်မည် မြန်မာပြည်ရဲ့ လူထုခေါင်း‌ဆောင်ကို မလွှတ်ရင် နေပြည်တော် အထိ တက်မည်ဟု  ဗိုလ်ချုပ် ထွန်းမြတ်နိုင်အပြတ်ပြော” Original link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုဖြန့်ဝေထားတဲ့ “Mandalay khitThit ”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာတချို့က သတင်းတွေကို ကူးယူဖော်ပြရာမှာ သတင်းခေါင်းစဉ်တုတပ်ဖြန့်ချိလေ့ရှိတယ်။ ယုံကြည်ရလောက်တဲ့ သတင်းအရင်းအမြစ်တွေနဲ့ မီဒီယာတွေမှာ ဒီသတင်းဖော်ပြချက် အထောက်အထားမတွေ့ရပါဘူး။ ဒီချန်နယ်နဲ့ […]

Continue Reading

Fact Check: မြန်မာစစ်‌ခေါင်းဆောင်ကို ၂၀၂၆ အစပိုင်းမှာ ဖမ်းစီးနိုင်ဖို့ ကြိုးပမ်းနေ တယ်လို့ AA စစ်ဦးချုပ်ပြောတဲ့ သတင်းတု

မြန်မာစစ်‌ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ၂၀၂၆ အစပိုင်းမှာ ဖမ်းစီးနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ AA စစ်ဦးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ပြောတယ်ဆိုတဲ့ ဓာတ်ပုံပို့စ်တခု လူမှုကွန်ယက်မှာ ပျံ့နှံ့မှု အားကောင်းနေ တာတွေ့ရပါတယ်။ နားလည်မှုလွဲစေနိုင်တဲ့ သတင်းတုသာဖြစ်တယ်။  အောက်ပါစာသားတွေကတော့ ဗိုလ်ချုပ်ထွန်းမြတ်နိုင်ပုံနဲ့အတူ ဖြန့်ဝေထားတဲ့ ဖေ့စ်ဘွတ်ပို့စ်တခုက ရယူထားခြင်းဖြစ်တယ်။  “အကြမ်းဖက်သမား မင်းအောင်လှိုင် နဲ့ အပေါင်းပါတွေကို ၂၀၂၆ အစလောက်မှာ ဖမ်းစီးပြီး ရုံးတင်နိုင်ဖို့ အစွမ်းကုန် ကြိုးစားနေပါတယ် ဟုတ်ကဲ့ ကျနော်တို့ ဖမ်းစီးရမိရင်တော့  ICC ကို လွဲပြောင်းမပေးပါဘူး ကိုယ့်လက်ကိုယ့်ခြေနဲ့  ပြည်သူရှေ့မှာ ပြတ်ပြတ်သားသားအရေးယူပါမယ်” မူရင်းလင်ခ့် – Original link | Archive link အချက်အလက်စိစစ်ချက် ရက္ခိုင့်တပ်တော်(Arakan Army)ရဲ့ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်ရဲ့ x အကောင့်ကို […]

Continue Reading

Fact Check: စစ်တွေကို AA သိမ်းလိုက်ပြီဆိုတဲ့ သတင်းတု

စစ်တွေကို အာရက္ခတပ်တော်(AA)သိမ်းလိုက်ပြီလို့ ဆိုထားတဲ့ ဗွီဒီယိုတွေ ယူကျူ့ချန်နယ်တွေက ဖြန့်ဝေထားရာ ပျံ့နှံ့မှု အားကောင်းနေ တာတွေ့ရပါတယ်။ သတင်းတုဖြန့်ချိနေခြင်းသာဖြစ်တယ်။ အောက်ပါစခရင်ရှော့ကတော့ ဒီလိုပြောဆိုဖြန့်ဝေထားပြီး ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုတခုက ရယူထားခြင်းဖြစ်တယ်။ ဗွီဒီယိုပါစာသားကောက်နုတ်ချက်ကိုလည်း ကြည့်ပါ။  အလားတူတဲ့ ရေးသား မျှဝေမှုကို ဒီနေရာမှာလည်းတွေ့ရပါတယ်။  “စစ်တွေမြို့ကို AA (၁)ညနဲ့ အပြီးသတ်သိမ်း  ဝန်ကြီးချုပ်နဲ့နယ်လုံဝန်ကြီးအရှင်ဖမ်းမိ စစ်ခွေးသောင်းချီလက်နက်ချပြီဟေ့” မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုကို ဖြန့်ဝေထားတဲ့ “Star Vibes”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာတချို့က သတင်းတွေကို ကူးယူပြီး သတင်းခေါင်းစဉ်တုတပ်ဖြန့်ချိတာတွေလုပ်သလို လုံးဝ လုပ်ကြံရေးသားပြောဆို ချက်တွေ ဖြန့်ဝေတာတွေ လုပ်ပါတယ်။ ဒီချန်နယ်နဲ့ ပတ်သက်ပြီး Fact Crescendo Myanmar ရဲ့ […]

Continue Reading

Fact Check: လူမျိုးတုန်းသတ်ဖြတ်မှု မြန်မာစစ်ခေါင်းဆောင်နဲ့အတူ AA ‌ခေါင်း‌ဆောင် ၂ ဦး UN က ဖမ်းဝရမ်းထုတ်တဲ့ သတင်းတု

လူမျိုးတုန်းသတ်ဖြတ်မှုနဲ့ မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့အတူ AA ‌ခေါင်း‌ဆောင် ၂ ဦး ကုလသမဂ္ဂ(UN)က ဖမ်းဝရမ်းထုတ်လိုက်တယ်လို့ဆိုထားတဲ့ ဗွီဒီယိုတခု ယူကျူ့ချန်နယ်တခုက ဖြန့်ဝေထားရာ ပျံ့နှံ့မှု အားကောင်းနေပါတယ်။ သတင်းမှား ဖြန့်ဝေနေခြင်းဖြစ်တာတွေ့ရတယ်။  ဇန်နဝါရီ ၂၆ ရက်မှာ “Star Vibes”အမည်နဲ့ ယူကျူ့ချန်နယ်က  ဖြန့်ဝေခဲ့ပြီး ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုပို့စ်စခရင်ရှော့နဲ့ ပို့စ်ပါစာသားကောက်နုတ်ကို အောက်မှာ ကြည့်ပါ။  “AA ခေါင်းဆောင်(၂)ဦးနဲ့အတူမင်းအောင်လှိုင်ကို  UN ဖမ်းဝရမ်းထုတ်ပြီး ကမ္ဘာ့ရဲတပ်ဖွဲ့ကို စေလွှတ် လူမျိုးတုန်းသတ်လို့ အဖြစ်ဆိုးကြုံကြရပြီ” မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုကို ဖြန့်ဝေထားတဲ့ “Star Vibes”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ လုပ်ကြံရေးသားမှုတွေဖြန့်ဝေတာ၊ သတင်း မီဒီယာတချို့မှာ ဖော်ပြခဲ့တဲ့ သတင်းတွေ ကို […]

Continue Reading

Fact Check: စစ်ဗိုလ်ချုပ် သူရိန်ထွန်းကို AA သေဒဏ်ပေးလိုက်ပြီဆိုတဲ့ သတင်းတု

ဖမ်းဆီးရမိတဲ့ စစ်ဗိုလ်ချုပ် သူရိန်ထွန်းကို အာရက္ခတပ်တော်(AA)က သေဒဏ်ပေးလိုက်ပြီလို့ ဆိုထားတဲ့ ဗွီဒီယိုတခု ယူကျူ့မှာ ဖြန့်ဝေထားရာ ပျံ့နှံ့မှု အားကောင်းနေတာ တွေ့ရပါတယ်။ တကယ်တော့ နားလည်မှုလွဲစေနိုင်တဲ့ သတင်းတု တခုသာဖြစ်တယ်။  ဒီဇင်ဘာ ၁၇ ရက်က စတင်ဖြန့်ဝေထားပြီး ပျံ့နှံ့မှုအားကောင်းနေဆဲ ဗွီဒီယိုပို့စ်ပါ စာသားကောက်နုတ်ချက်နဲ့ ပို့စ်စခရင်ရှော့ကို အောက်မှာ ကြည့်ပါ။  “ဗိုလ်ချုပ် သူရိန်ထွန်း AA သေဒဏ်ပေး အသက်သွေးကြွေး ပြန်ဆပ်တာလို့ AA ကြေညာ” မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် “Khit Thit Media”အမည်နဲ့ ချန်နယ်ဟာ မီဒီယာတွေမှာ‌ဖော်ပြခဲ့တဲ့ သတင်းတွေ အထူးသဖြင့် စာသားနဲ့ သတင်းတင်ဆက်မှုတွေကို ဗွီဒီယိုပုံစံပြောင်းလဲပြီး လုပ်ကြံသတင်းခေါင်းစဉ်တွေ တပ်ဖြန့်ချိတဲ့ နေရာဖြစ်တယ်။ […]

Continue Reading

Fact Check: လွှတ်ပေးဖို့ AA ရာဇသံပေးပြီးနောက် စစ်တပ်က ဒေါ်အောင်ဆန်းစုကြည် ကို ပြန်လွှတ်ပေးဆိုတဲ့ သတင်းတု

ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့ အာရက္ခတပ်တော်(AA)က ရာဇသံပေးလိုက်ပြီးနောက် စစ်တပ်က ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးလိုက်တယ်လို့ ဆိုထားတဲ့ ဗွီဒီယိုတခု ယူကျူ့မှာ ဖြန့်ဝေနေတာ တွေ့ရပါတယ်။ သတင်းတု ဖြန့်ချိနေခြင်းဖြစ်တယ်။  Also read – Fact Check: ၃ ရက်အတွင်း ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့ AA ရာဇသံပေးတဲ့ သတင်းတု ဒီဇင်ဘာ ၁၀ ရက်မှာ စတင်ဖြန့်ဝေထားပြီး ပျံ့နှံ့မှုအားကောင်းနေဆဲ ဗွီဒီယိုပို့စ်ပါ စာသားကောက်နုတ်ချက်နဲ့ ပို့စ်စခရင်ရှော့ကို အောက်မှာ ကြည့်ပါ။  “UNထက် အစွမ်းထက်တဲ့ဗိုလ်ချုပ်ထွန်းမြတ်နိုင် ဒေါ်စုကိုလွှတ်ပေးပါက ရခိုင်တိုက်ပွဲရပ်ပေးမယ်လိုပြောပြီး (၆)နာရီအကြာ ဒေါ်စုကို စစ်တပ်ကလွှတ်ပေးပြီ” မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် အခု ဗွီဒီယိုအစမှာ ပြသတဲ့ ရုပ်ကတ်ထဲမှာ […]

Continue Reading