Fact Check: ကျောင်းသူ မငြိမ်းငြိမ်းစံ စစ်ကောင်စီလက်နက်ကြီးထိမှန် သေဆုံးမှုကို AA မှ ပစ်ခတ်မှုအဖြစ်သတင်းမှားဖြန့် 

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်၊ ပိန်းတောကျေးရွာအတွင်း ရက္ခိုင့်တပ်တော်(AA)က လက်နက်ကြီးတွေနဲ့ အကြောင်းမဲ့ ရမ်းသမ်းပစ်ခတ်မှုကြောင့် ၁၄ နှစ်အရွယ် ကျောင်းသူ မငြိမ်းငြိမ်းစံ ပွဲချင်းပြီးသေဆုံးဆိုပြီး ပို့စ်တစ်ခု ဖေ့စ်ဘွတ် အသုံးပြုသူတွေအကြား ပျံ့နှံ့ခဲ့ပါတယ်။ အောက်တိုဘာ ၁၉ ရက်နေ့က ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်ကို  လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခံရပြီး ၁၄ နှစ်အရွယ် ကျောင်းသူ မငြိမ်းငြိမ်းစံ စစ်တပ်ဘက်က လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်တာကြောင့် ပွဲချင်းပြီးသေဆုံးဆိုတဲ့ သတင်းမီဒီယာဖော်ပြချက်တွေ့ရပေမဲ့  ရက္ခိုင့်တပ်တော် AA ကရမ်းသမ်း ပစ်ခတ်မှုကြောင့်လို့ ‌ရေးသားထားတဲ့ သတင်းကိုတော့ မတွေ့ရှိပါဘူး။  “ယနေ့နေ့လည် ၁၁ နာရီခန့်တွင် ရသေ့တောင်မြို့နယ် ပြိန်းတောကျေးရွာကို AA အကြမ်းဖက်အဖွဲ့မှ လက်နက်ကြီးများဖြင့် အကြောင်းမဲ့ရမ်းသမ်းပစ်ခတ်ခဲ့မှုကြောင့် ကျေးရွာအတွင်းမှနေထိုင်သည့်  ၁၄ နှစ်အရွယ် ကျောင်းသူ မငြိမ်းငြိမ်းစံ ပွဲချင်းပြီးသေဆုံးသွားခဲ့ကြောင်းဒေသခံများထံမှ သိရသည်။”လို့ […]

Continue Reading

Fact Check: မြောက်ဦးနန်းမြို့ရိုးဟောင်းအား AA ဗုံးခွဲဖျက်ဆီးခဲ့သလား

ရှေးဟောင်းအမွေအနှစ် မြောက်ဦးနန်းမြို့ရိုးဟောင်းကို ရခိုင့်တပ်တော်(AA)က ဗုံးဖောက်ခွဲပြီး ဖျက်ဆီးပစ် တယ်ဆိုတဲ့ ပို့စ်တစ်ခုဖေ့စ်ဘွတ်အသုံးပြုသူတွေအကြားပျံ့နှံ့လျက်ရှိရာနားလည်မှုလွဲစေနိုင်တာတွေ့ရပါတယ်။ တကယ်တော့ ဗုံးပေါက်ကွဲမှုဖြစ်စဉ်ကို ဘယ်အဖွဲ့ကလုပ်ဆောင်တယ်ဆိုတာမတွေ့ရပါဘူး။ “AA မှ မြောက်ဦးနန်းမြိုရိုးဟောင်းအား ဗုံးခွဲဖျက်ဆီး မြောက်ဦး နန်းမြိုရိုးဟောင်းကို AA က ဒီမနက် ၉ နာရီ ၂၀ ခန့်က ဗုံးခွဲခဲ့တာဖြစ်ပါတယ်။ AA က ရခိုင်ရိုးရာ ရှေးဟောင်းအမွေအနှစ်ကို အခုလို ဖောက်ခွဲဖျက်ဆီးတာဖြစ်ပါတယ်။ မြောက်ဦးမြိုထဲမှာလည်း AA အဖွဲတွေ အများအပြားရောက်ရှိနေပြီး မြောက်ဦးမြိုကို မီးရှိဖို လုပ်နေတယ်လို သိရတယ်။ ဒီလုပ်ရပ်တွေကို AA က လုပ်ပြီး တပ်က လုပ်တယ်ဆိုပြီး မဟုတ်မမှန် ဝါဒဖြန့်မှုတွေကိုပါ လုပ်ဆောင်နေတယ်။ ပြီးခဲ့တဲ့ ရက်ကလည်း ထွန်းမြတ်နိုင် ကလည်း တပ်က အရပ်ဘက်ပစ်မှတ်တွေကို ပစ်မှတ်ထားနေတယ်ဆိုပြီး ပြောဆိုထားတာနဲ့မကြာခင်မှာ […]

Continue Reading

Fact Check:  AA က ခမောင်းဆိပ်ပရဟိတကျောင်းဝန်းထဲကအဆောင်တွေကို မီးရှို့တဲ့ ဓာတ်ပုံလား-မဟုတ်ပါ

ရခိုင်ပြည်နယ် မောင်တောဒေသအတွင်း စစ်ရေးအရအရေးပါတဲ့ စစ်ကောင်စီရဲ့ ခမောင်းဆိပ် ဗျူဟာကုန်းမှာ ရက္ခိုင့်တပ်တော် ( AA  )‌တွေ သေဆုံးမှု့များလာခြင်းကြောင့် ပရဟိတကျောင်းဝန်းထဲက အဆောင်တွေကို AA က မီးရှို့ ဆိုပြီး အထုတ်တွေနဲ့ လူတွေထွက်ပြေးနေပြီး မီးခိုးလုံးကြီးများ တလိပ်လိပ်တက်နေပြီး တဲအိမ်တွေ မီးလောင်လျက် ရှိသည့်ဓာတ်ပုံကို အသုံးပြုထားတဲ့ ပို့စ်တစ်ခုဟာ ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြား ပျံ့နှံ့ခဲ့ပါတယ်။ တကယ်တော့ ဒီဓာတ်ပုံတွေဟာ ၂၀၁၃ ခုနှစ်က ထိုင်းနိုင်ငံ မဲဟောင်ဆောင်ရှိ မဲစုရင် (Mae Surin) ဒုက္ခသည် စခန်းမှာ မီးလောင်မှုဖြစ်စဉ်က ပုံတွေဖြစ်ပါတယ်။  ” ခမောင်းဆိပ် ဗျူဟာကုန်းလာပစ်တဲ့ AA ‌ွေ တ အသေများလာတော့ ပရဟိတကျောင်းဝန်းထဲက အဆောင်တွေကို မီးရှို့ခဲ့ပါတယ် AA ရဲ့မရိုးလှသော ဗျူဟာအကွက်များ ” […]

Continue Reading

သေနတ်ကျည်ထံမှန်လို့ ခြေထောက်ဖြတ်လိုက်ရတဲ့သူတစ်ဉီးကို AA အမျိုးသမီးစစ်သည် အဖြစ် လှည့်စားထားတဲ့ သတင်း

အသက်ငယ်ပိုင်းနဲ့ ခြေတစ်ဖက်ပြက်နေတဲ့အမျိုးသမီးခုတင်ပေါ်ထိုင်နေတဲ့ပုံတစ်ခုကို “AA အဖွဲ့၏ မထောက်ပံ့မှု ကြောင့် ခြေတစ်ဖက်တည်းဖြင့် မိသားစုဝမ်းရေး ဖြေရှင်းရတော့မည့် AA အမျိုးသမီးစစ်သည် မမိုးမိုးနွယ်”ဆိုပြီးတော့ ခေါင်းစဉ်တပ်ပြီး “Emerald Zin”အမည်နဲ့ဖေ့စ်ဘွတ်သုံးစွဲသူက မျှဝေထားတာတွေ့ရပါတယ်။  မမိုးမိုးနွယ်ရဲ့ မိဘအမည်နဲ့မျိုးရိုးနဲ့ နေရပ်လိပ်စာတွေကိုလည်းဖော်ပြထားပြီး အသက် (၁၆)နှစ်အရွယ်မှာ AA အမာခံများရဲ့စည်းရုံးမှုကြောင့် AA စစ်သင်တန်းကျောင်းမှာ စစ်သင်တန်းတက်ကာ စစ်တိုက်ရန် ပြန်လည် စေလွတ်ခြင်းခံခဲ့ရတယ်လို့လည်းရေးသားတာတွေ့ရပါတယ်။ Fb link Archive link အချက်အလက်စိစစ်ချက် ဒီပို့စ်မှာပါတဲ့ ပထမဆုံးပုံကို Google မှာ ပုံပြောင်းပြန်ရှာနည်းအသုံးပြုရှာဖွေရာမှာ အောက်ပါအတိုင်းတွေ့ရပါ တယ်။  ဇူလိုင် ၁၂ ရက်က bnionline ကဖော်ပြခဲ့တဲ့ “ခြေတစ်ဖက်တည်းဖြင့် မိသားစုဝမ်းရေး ဖြေရှင်းရတော့မည့် မမိုးမိုးနွယ်”ခေါင်းစဉ်နဲ့ ဆောင်းပါးတစ်ပုဒ်မှာ ဒီပုံကို သုံးစွဲဖော်ပြထားပါတယ်။အသက် ၁၇ နှစ်အရွယ် […]

Continue Reading

ရခိုင်အရေး AA ဖက်ကနေ မြန်မာတပ်မတော်အား တိုက်ခိုက်ရန် ပါဝင်မည်ဟု “ဝ” တပ်မတော်ပြောဆိုတဲ့ သတင်းတု

ရခိုင်အရေး AA ဖက်ကနေ မြန်မာတပ်မတော်အား တိုက်ခိုက်ရန် ပါဝင်မည်ဟု “ဝ” တပ်မတော်ပြောဆိုတဲ့ သတင်း လူမှုကွန်ယက်မှာ မျှဝေနေတာတွေ့ရပါတယ်။ Khin Zin Htay အမည်နဲ့အကောင့် myanmarpress.com ကပို့စ်တစ်ခုကိုမျှဝေလာတာလည်းတွေ့ရပါတယ်။  FB link Archive link အချက်အလက်စိစစ်ချက် ၁။ ဝတပ်ဖွဲ့ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် ဦး ညီရမ်းက ဒီသတင်းမဟုတ်ဘူးလို့ Fact Crescendo ကို အတည်ပြုပါတယ်။  “ကျွန်တော်တို့အတွက် နိုင်ငံရေးအရလည်း မကောင်းပါဘူး။ ဘယ်လိုကိုးကားရေးထားသလဲပေါ်မူတည်တာပေါ့။ အခြေအမြစ်မရှိပါဘူး”လို့ ဦး ညီရမ်းက ပြောပါတယ်။ ၂။ တရားဝင်သတင်းဌာနတွေက ဒီလိုဖော်ပြထားတာမတွေ့ရပါဘူး။ ၃။ myanmarpress.com ကရေးသားတင်ဆက်ထားပုံကြည့်ရင်လည်း ဘယ်သူဘယ်ဝါက ပြောတယ်၊ ဘယ်အချိန်မှာပြောတယ်၊ ဘယ်သူ့ကိုပြောတယ်ဆိုတာကို ကိုးကားရေးသားထားခြင်းမရှိပါဘူး။ သတင်းရေးသားရာမှာ “ဘ” ၆လုံးဆိုတဲ့ ဘယ်သူက၊ […]

Continue Reading

TIKA တံဆိပ်ပါအိတ်တွေကို ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းက ဆန်အိတ်တွေအဖြစ်ဖော်ပြ နေတဲ့ သတင်းမှား

တူရကီပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ(TIKA)တံဆိပ်နဲ့အိပ်တွေကို  ဒေါ်ခင်ကြည်ဖောင် ဒေးရှင်းက ရခိုင်လက်နက်ကိုင်အဖွဲ့(AA)ကိုထောက်ပံ့သော ဆန်အိတ်များအဖြစ် လူမှုကွန်ယက်မှာ ဖြန့်ဝေနေပါတယ်။ တပ်မတော်က AA စခန်းကိုသိမ်းမိလို့ ပစ္စည်းလေးတွေကိုစစ်ဆေးလိုက်တော့ ဒေါ်ခင်ကြည် ဖောင်ဒေးရှင်းကထောက်ပံ့ပေးထားတဲ့ပစ္စည်းတွေဖြစ်နေတယ်ဆိုပြီးတော့ Tin Myo အမည်နဲ့ အကောင့်က ပို့စ်တင်ထားပါတယ်။ FB link Archive link အချက်အလက်စိစစ်ချက် ၁။ တပ်မတော်ကာကွယ်ရေးဥ◌ီးစီးချုပ်ရုံးရဲ့ ဝက်ဆိုဒ်စာမျက်နှာမှာ AA စခန်းကို သိမ်းပိုက်ရရှိတဲ့သတင်းနဲ့ အခုလို ဆန်အိတ်တွေ ဖမ်းဆီးရမိတဲ့ သတင်းမတွေ့ရပါဘူး။ ၂။ ဆန်အိတ်ပေါ်က အမှတ်တံဆိပ်ကို ကြည့်တဲ့အခါမှာ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းက အမှတ်တံဆိပ်မဟုတ်ပါဘူး။ ၃။ တရားဝင်သတင်းဌာနတွေက ဒီလိုဖမ်းဆီးရရှိမှုသတင်းမတွေ့ရှိရပါဘူး။ ၄။ Google မှာရှာကြည့်ရင် ဒီအမှတ်တံဆိပ်ဟာ တူရကီပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီရဲ့ အမှတ်တံဆိပ်နဲ့တူနေတာတွေ့ရပါတယ်။ ၅။ Google မှာ reverse image ရှာဖွေနည်းနဲ့ […]

Continue Reading