ရခိုင်အရေး AA ဖက်ကနေ မြန်မာတပ်မတော်အား တိုက်ခိုက်ရန် ပါဝင်မည်ဟု “ဝ” တပ်မတော်ပြောဆိုတဲ့ သတင်းတု

ရခိုင်အရေး AA ဖက်ကနေ မြန်မာတပ်မတော်အား တိုက်ခိုက်ရန် ပါဝင်မည်ဟု “ဝ” တပ်မတော်ပြောဆိုတဲ့ သတင်း လူမှုကွန်ယက်မှာ မျှဝေနေတာတွေ့ရပါတယ်။ Khin Zin Htay အမည်နဲ့အကောင့် myanmarpress.com ကပို့စ်တစ်ခုကိုမျှဝေလာတာလည်းတွေ့ရပါတယ်။  FB link Archive link အချက်အလက်စိစစ်ချက် ၁။ ဝတပ်ဖွဲ့ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် ဦး ညီရမ်းက ဒီသတင်းမဟုတ်ဘူးလို့ Fact Crescendo ကို အတည်ပြုပါတယ်။  “ကျွန်တော်တို့အတွက် နိုင်ငံရေးအရလည်း မကောင်းပါဘူး။ ဘယ်လိုကိုးကားရေးထားသလဲပေါ်မူတည်တာပေါ့။ အခြေအမြစ်မရှိပါဘူး”လို့ ဦး ညီရမ်းက ပြောပါတယ်။ ၂။ တရားဝင်သတင်းဌာနတွေက ဒီလိုဖော်ပြထားတာမတွေ့ရပါဘူး။ ၃။ myanmarpress.com ကရေးသားတင်ဆက်ထားပုံကြည့်ရင်လည်း ဘယ်သူဘယ်ဝါက ပြောတယ်၊ ဘယ်အချိန်မှာပြောတယ်၊ ဘယ်သူ့ကိုပြောတယ်ဆိုတာကို ကိုးကားရေးသားထားခြင်းမရှိပါဘူး။ သတင်းရေးသားရာမှာ “ဘ” ၆လုံးဆိုတဲ့ ဘယ်သူက၊ […]

Continue Reading

TIKA တံဆိပ်ပါအိတ်တွေကို ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းက ဆန်အိတ်တွေအဖြစ်ဖော်ပြ နေတဲ့ သတင်းမှား

တူရကီပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ(TIKA)တံဆိပ်နဲ့အိပ်တွေကို  ဒေါ်ခင်ကြည်ဖောင် ဒေးရှင်းက ရခိုင်လက်နက်ကိုင်အဖွဲ့(AA)ကိုထောက်ပံ့သော ဆန်အိတ်များအဖြစ် လူမှုကွန်ယက်မှာ ဖြန့်ဝေနေပါတယ်။ တပ်မတော်က AA စခန်းကိုသိမ်းမိလို့ ပစ္စည်းလေးတွေကိုစစ်ဆေးလိုက်တော့ ဒေါ်ခင်ကြည် ဖောင်ဒေးရှင်းကထောက်ပံ့ပေးထားတဲ့ပစ္စည်းတွေဖြစ်နေတယ်ဆိုပြီးတော့ Tin Myo အမည်နဲ့ အကောင့်က ပို့စ်တင်ထားပါတယ်။ FB link Archive link အချက်အလက်စိစစ်ချက် ၁။ တပ်မတော်ကာကွယ်ရေးဥ◌ီးစီးချုပ်ရုံးရဲ့ ဝက်ဆိုဒ်စာမျက်နှာမှာ AA စခန်းကို သိမ်းပိုက်ရရှိတဲ့သတင်းနဲ့ အခုလို ဆန်အိတ်တွေ ဖမ်းဆီးရမိတဲ့ သတင်းမတွေ့ရပါဘူး။ ၂။ ဆန်အိတ်ပေါ်က အမှတ်တံဆိပ်ကို ကြည့်တဲ့အခါမှာ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းက အမှတ်တံဆိပ်မဟုတ်ပါဘူး။ ၃။ တရားဝင်သတင်းဌာနတွေက ဒီလိုဖမ်းဆီးရရှိမှုသတင်းမတွေ့ရှိရပါဘူး။ ၄။ Google မှာရှာကြည့်ရင် ဒီအမှတ်တံဆိပ်ဟာ တူရကီပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီရဲ့ အမှတ်တံဆိပ်နဲ့တူနေတာတွေ့ရပါတယ်။ ၅။ Google မှာ reverse image ရှာဖွေနည်းနဲ့ […]

Continue Reading