Fact Check: အမေရိကန် ဇာတ်ကြမ်းရုပ်ရှင်မင်းသားနဲ့ နိုင်ငံရေးသမား အာနိုး ဟိုတယ် အခန်းမငှားလို့ လမ်းပေါ်မှာအိပ်ခဲ့ရသလား-မဟုတ်ပါ
အမေရိကန်နာမည်ကြီး ဇာတ်ကြမ်းရုပ်ရှင်မင်းသားနဲ့ မြို့တော်ဝန်တဦးလည်းဖြစ်ခဲ့တဲ့ အာနိုးရှဝါစနေကာ(Arnold Schwarzenegger)ဟာ ဟိုတယ်မှာ အခန်းငှားလို့မရတဲ့အတွက် လမ်းဘေးမှာပဲ အိပ်ခဲ့ရတယ်လို့ ဆိုထားတဲ့ ပို့စ်တခု ဖေ့စ်ဘွတ်မှာ ပျံ့နှံ့နေတာတွေ့ရပါတယ်။ နားလည်မှုလွဲစေနိုင်တဲ့ သတင်းမှားတခုသာဖြစ်တယ်။ အာနိုးဟာ မြို့တော်ဝန်ဖြစ်ခဲ့စဉ်က သူ့ကို ချီးမွှမ်းထောပနာပြုခဲ့ပြီး ဟိုတယ်ရှေ့မှာ သူ့ရုပ်ထု ထုလုပ်ထားရှိခဲ့တဲ့ ဟိုတယ်ဟာ သူ့အတွက် ဘယ်အချိန်မဆိုလာလို့ရတဲ့ အခန်းတခုထားပေးထားမယ်လို့ ပြောခဲ့ပေမဲ့ မြို့တော်ဝန်အဖြစ်ကနေ နုတ်ထွက်ခဲ့ပြီးနောက် အဲဒီဟိုတယ်ကို ရောက်သွားချိန်မှာတော့ သူ့အတွက် အခန်းမရှိတော့ဘူးလို့ ပြောလွှတ်ခဲ့တာကြောင့် ဟိုတယ်ရှေ့က သူ့ရုပ်တုရှေ့မှာပဲ အိပ်ခဲ့ရတယ်လို့ဆိုပြီး အောက်ပါစာသားကောက်နုတ်ချက်နဲ့ စခရင်ရှော့ကတော့ ဒီလိုဖြန့်ဝေနေတဲ့ ဖေ့စ်ဘွတ်ပို့စ်တခုက ရယူ ထားခြင်းဖြစ်တယ်။ တူညီတဲ့ ရေးသားမျှဝေမှုတွေကို ဒီနေရာမှာလည်းတွေ့ရပါတယ်။ “နာမည်ကြီးမင်းသားကြီး Arnold Schwarzenegger က သူ့ရဲ့ နာမည်ကြီးကြေးရုပ်အောက်မှာ လမ်းပေါ်မှာ အိပ်ပျော်နေတဲ့ပုံကို တင်ခဲ့ပြီး […]
Continue Reading