Fact Check: ဒေါ်အောင်ဆန်းစုကြည်က ဗုဒ္ဓဘုရားကို သာမန်ပုဂ္ဂိုလ်တစ်ဦး ဖြစ်တယ်၊ အထူးကိုးကွယ်နေစရာ မလိုဘူးလို့ ပြောခဲ့သလား

ဒေါ်အောင်ဆန်းစုကြည်က ဗုဒ္ဓဘုရားဟာ သာမန်ပုဂ္ဂိုလ်တစ်ဦးဖြစ်တာကြောင့် အထူးအလေးထား ကိုးကွယ်နေစရာမလိုဘူးလို့  ပြောကြားခဲ့တယ်ဆိုပြီး လူမှုကွန်ယက်မှာ မျှဝေနေလျက်ရှိတာ တွေ့ရပါတယ်။ ပျံ့နှံ့လျက်ရှိတဲ့ပို့စ်မှာ “ဗုဒ္ဓဘုရားဆိုတာ သာမန်ပုဂ္ဂိုလ်တစ်ဦးပါ။ ဒါကြောင့် အရမ်းကြီး အလေးအနက်ထား ကိုးကွယ်နေ စရာမလိုဘူး”လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောတယ်ဆိုပြီးတော့ ရေးသား မျှဝေနေတာဖြစ် ပါတယ်။ ဒီလိုအလားတူမျှဝေချက်တွေကို ဒီနေရာ ၊ဒီနေရာ ဒီနေရာနဲ့ ဒီနေရာ နဲ့ ဒီနေရာမှာ မျှဝေထားတာ တွေ့ရပါတယ်။ tenor အပါအဝင်အခြားသော gif ပလက်ဖောင်းများတွေမှာလည်း အလားသဏ္ဌာန်တူ ပျံ့နှံ့လျက်ရှိတာအောက်ပါအတိုင်းတွေ့ရပါတယ်။ ဒီလိုမျှဝေနေတဲ့ အချက်အလက်တွေဟာ မှားယွင်းပြီး အထောက်အထားမရှိတာကို Fact Crescendo Myanmar ကတွေ့ရှိပါတယ်။ စာပေအသိုင်းအဝိုင်း၊နိုင်ငံရေးအသိုင်းအဝိုင်းက ပုဂ္ဂိုလ်တွေကို မေးမြန်းအတည်ပြုရာမှာလည်း ဒီလိုပြောကြားခဲ့တယ်ဆိုတဲ့အထောက်အထားမျိုးမတွေ့ရှိကြောင်း ပြန်လည်ဖြေကြားခဲ့ကြပါတယ်။ မူရင်းလင်ခ့် – Fb link  |  […]

Continue Reading

ဂျက်ကီချမ်းနဲ့ ဂျက်လီက ဗုဒ္ဓပုံတော်ပါတဲ့ ဓာတ်ပုံကိုကိုင်ပြီး ဓာတ်ပုံရိုက်ထား တာလား

“ဝိုးးးးစိတ်ချမ်သာစရာကောင်းလိုက်တာ ကြည်နူးရပါတယ်”ဆိုပြီးတော့ “ပြည်တွင်းပြည်ပ-သတင်းစုံ”အမည်နဲ့ဖေ့စ်ဘွတ်အုပ်စုမှာ “H Poat”အမည်နဲ့ဖေ့စ်ဘွတ်သုံးစွဲသူက ၂၀၁၆ ခုနှစ် မတ် ၂၀ ရက်က “May Yee Aung”အမည်နဲ့ဖေ့စ်ဘွတ်သုံးစွဲသူ မျှဝေခဲ့တဲ့ “ဗုဒ္ဓဘာသာဖြစ်ကုန်ကြပြီ”ဆိုတဲ့ ပို့စ်တစ်ခုကို မျှဝေထားတာတွေ့ရပါတယ်။ ဒီပို့စ်မှာ ကမ္ဘာ့ စီးပွားရေး၊လူမှုရေး၊ နိုင်ငံရေးနဲ့ ထင်ရှားနာမည်ကြီးသူတွေ ဗုဒ္ဓဘာသာပြောင်းကုန်တဲ့အကြောင်း ရေးသားထားပြီး အိုင်းစတိုင်းပြောခဲ့တဲ့ ကမ္ဘာမှာ ဗုဒ္ဓဘာသာ တစ်ခုပဲ ကျန်ခဲ့မယ်လို့ပြောတဲ့အကြောင်း ရေးသားထားသလို မင်းသားဂျက်ကီချမ်းနဲ့ ဂျက်လီက အခမ်းအနားတစ်ခုမှာ ဗုဒ္ဓပုံတော်ကို ကိုင်ပြီးတော့ ဓာတ်ပုံရိုက်ခံနေတဲ့ပုံလည်းပါဝင်ပါတယ်။ Link Link Archive link Archive link ဒီပို့စ်ကို လက်ရှိအချိန်အထိလည်း မျှဝေနေတာတွေ့ရပါတယ်။ အချက်အလက်စိစစ်ချက် Goolge မှာ မျှဝေထားတဲ့ပုံကို ပုံပြောင်းပြန်ရှာနည်းအသုံးပြုရှာဖွေရာမှာ ၂၀၀၇ ခုနှစ်၊ဇွန် ၁၄ ရက်က ဟန်ဒီယန် […]

Continue Reading