Fact Check: ဂျပန်နိုဘယ်ဆုရဆေးပညာရှင်ဓာတ်ပုံကိုအသုံးပြုဖြန့်ဝေနေတဲ့ ဆေးဝါးကြော်ငြာအတု

ဂျပန်နိုဘယ်ဆုရဆေးပညာရှင် ယိုရှီနိုရီ အိုဆုမိ(Yoshinori Ohsumi)ရဲ့ ဓာတ်ပုံကို အသက် ၁၀၉နှစ်အရွယ် မြန်မာအကျော်အမော် နှလုံးပညာရှင် ဦးကျော်သူမောင်အဖြစ်ဖော်ပြထားပြီး အသက်ရှည်ဖို့အတွက် Cardiovax ဆေးဝါးကိုမှီဝဲဖို့ တိုက်တွန်းချက်ဆိုတဲ့ ဘလော့ဂ်ပို့စ်တစ်ခုကို Fact Crescendo Myanmar က သတိပြုမိ ခဲ့ပါတယ်။  အောက်ပါ screenshot ကတော့ အသက် ၁၀၉ နှစ်အရွယ်ရှိ မြန်မာအကျော်အမော် နှလုံးပညာရှင် ဦးကျော်သူမောင်နဲ့ အင်တာဗျူးဆိုပြီးရေးသားဖော်ပြချက်ဖြစ်ပါတယ်။ သွေးတိုးမဖြစ်ဖို့ နှလုံးသွေးကြော တွေကောင်းဖို့လိုပြီး Cardiovax ဆိုတဲ့ဆေးသာသောက်မယ်ဆိုရင် အသက် ၁၂၀ အထိ ရှည်နိုင်ကြောင်း ရေးသားထားဖြန့်ဝေထားတာဖြစ်ပါတယ်။ ရှည်လျားစွာရေးသားထားတဲ့ ဒီဘလော့ရဲ့အောက်ခြေမှာတော့ ဒီဘလော့ဂ်စာမျက်နှာ ကတစ်ဆင့် ဆေးမှာယူရန်ဆိုပြီးတော့လည်းပါဝင်ပြီး ဆေးတစ်ဗူးကို လျော့ဈေး ပေးတဲ့အနေနဲ့ မြန်မာငွေ ကျပ် ၅၀၀၀၀ နဲ့မှာယူနိုင်ကြောင်းလည်းဖော်ပြပါတယ်။ မူရင်းလင်ခ့် – […]

Continue Reading

Fact Check: Cardiovax နှလုံးဆေးသောက်တဲ့ ၁၀၉ နှစ်ရှိ မြန်မာနှလုံးပညာရှင် ဦးကျော်သူမောင်လား-မဟုတ်ပါ

အသက် ၇၀ မှာ အငြိမ်းစားယူခဲ့ပြီး ထင်ရှားကျော်ကြားတဲ့ မြန်မာနှလုံးပညာရှင် ဦးကျော်သူမောင်ဟာ အခု အသက် ၁၀၉ နှစ်အရွယ်အထိနုပျိုနေဆဲဖြစ်ပြီး သူ့ရဲ့လျို့ဝှက်ချက်ကတော့ Cardiovax နှလုံးဆေးကြောင့် ဖြစ်တယ်လို့ဆိုထားတဲ့ပို့စ်တစ်ခု ဘလောဂ့်စာမျက်နှာတွေမှာပျံ့နှံ့လျှက်ရှိတာတွေ့ရပါတယ်။ တကယ်တော့ သတင်းတု သတင်းမှားတစ်ခုဖြစ်တာတွေ့ရပါတယ်။ အောက်ပါစာသားတွေကတော့ ဘလော့ဂ်တစ်ခုမှာဖော်ပြထားတဲ့ စားသားအချို့ဖြစ်ပါတယ်။ သွေးသန့်စင်မှာသာ နှလုံးအတွက် သွေးအတွက်ကောင်းမွန်ကြောင်း ဦးကျော်သူမောင်ကပြောတယ်ဆိုတဲ့ အင်တာဗျူးကိုဖော်ပြ ထားပြီး စာပိုဒ်အဆုံးနားမှာတော့ သွေးကိုသန့်စင်စေနိုင်တဲ့ Cardiovax ဆေးရဲ့အစွမ်းကို ညွှန်းထားပြီး မှာယူဖို့ စာရင်းသွင်းရန်နေရာကို ဖော်ပြထားပါတယ်။အခြားသော ဝက်ဘ်ဆိုဒ်တစ်ခုဖြစ်တဲ့ ဒီလင့်ခ်မှာလည်း တူညီတဲ့ အင်တာဗျူးဆောင်းပါးကို ရပါတယ်။ “အသက် ၇၀ မှာ အငြိမ်းစားယူခဲ့ပြီး ထင်ရှားကျော်ကြားတဲ့ မြန်မာ နှလုံးပညာရှင် ဦးကျော်သူမောင်ဟာ နှလုံးနဲ့ ကိုယ်ခန္ဓာဟာ ငယ်ရွယ်နုပျိုနေဆဲ ကျန်ရှိခဲ့ပါတယ်။ သူ အငြိမ်းစားယူခဲ့တာ […]

Continue Reading