Fact Check: ကလေးလေဆိပ်ကို PDF နဲ့ CDF စီးနင်းမှု ဗိုလ်မှူးကြီး ၂ ဦးသေဆုံးပြီး လေယာဉ် ၂ စီးပျက်စီးဆိုတဲ့ သတင်းခေါင်းစဉ်မှား

ကလေးမြို့လေဆိပ်ကို PDF နဲ့ CDF စီးနင်းတိုက်ခိုက်မှု ဗိုလ်မှူးကြီး ၂ ဦးသေဆုံးပြီး လေယာဉ် ၂ စီး ပျက်စီးခဲ့တယ်လို့ ဆိုထားတဲ့ ဗွီဒီယိုတခု ယူကျူ့နဲ့ဖေ့စ်ဘွတ်မှာ ဖြန့်ဝေထားရာပျံ့နှံ့မှုအားကောင်း လျှက်ရှိပါတယ်။ နားလည်မှုလွဲစေနိုင်တဲ့ ချဲ့ကားထားတဲ့ သတင်းမှားတခုသာဖြစ်တယ်။ မူရင်းလင်ခ့် – Fb link | Archive link အချက်အလက်စိစစ်ချက် ယခုဖြန့်ဝေနေတဲ့ ယူကျူ့ချန်နယ်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာကိုလေ့လာကြည့်မယ်ဆိုရင် ချဲ့ကားထားတဲ့ ခေါင်းစဉ် သို့မဟုတ် လုပ်ကြံရေးသားထားတဲ့ ခေါင်းစဉ်တုတွေတပ်ပြီး သတင်းမီဒီယာအချို့က သတင်းတွေကို ပြန်လည်ဖြန့် ဝေနေခြင်းဖြစ်တာတွေ့ရပါတယ်။ ထို့အပြင် ယခုဖြန့်ဝေနေတဲ့ ဗွီဒီယိုပါသတင်းဟာ The 74 Media က နိုဝင်ဘာ ၂၁ ရက်မှာ ဖော်ပြခဲ့တဲ့ “ကလေးမြို့ လေဆိပ် ဒရုန်းနှင့်ဗုံးချတိုက်ခိုက်ခံရပြီး လေယာဉ် […]

Continue Reading

Fact Check: ဒီဗွီဒီယိုကမင်းတပ်မှာ စစ်ကောင်စီတပ်တွေကို စီးနင်းတိုက်ခိုက်မီးရှို့မှု သာဖြစ်တယ်

ပလက်ဝမှာ ရခိုင်တပ်တော်(AA)က စစ်ကားတွေကို တိုက်ခိုက်မီးရှို့ပုံအဖြစ် ဗွီဒီယိုပို့စ်တစ်ခုဖေ့စ်ဘွတ်အသုံးပြုသူ တွေအကြားပျံ့နှံ့လျက်ရှိပါတယ်။ မင်းတပ် CDF က စစ်ကောင်စီတပ် စစ်ကားတွေကို တိုက်ခိုက်မှုဖြစ်စဉ်က ဗွီဒီယိုဖြစ်ပါတယ်။ “ပလက်ဝ မှာ AA ဧည်ခံ ထားပုံ”လို့ ရေးသားပြီး “U Zaw Gyi” အမည်နဲ့ ဖေ့စ်ဘွတ်အသုံးကအောက်ပါအတိုင်း မျှဝေထားတာတွေ့ရပါတယ်။  မူရင်းလင်ခ့် – FB link |  Archive link   တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာမှာ လည်းတွေ့ရပါတယ်။  အချက်အလက်စိစစ်ချက် ULA/AA ရဲ့ တိုက်ခိုက်မှုအဖြစ် ပျံ့နှံ့လျက်ရှိတဲ့ ဗွီဒီယိုထဲ မြင်ကွင်းတစ်ခုကို Google မှာပုံရှာနည်းအသုံးပြုပြီး ရှာဖွေကြည့်ရာမှာလည်း ဒီမြင်ကွင်းနဲ့ တူညီတဲ့ ဓာတ်ပုံတစ်ခုကို ဧရာဝတီသတင်းဌာနရဲ့ အင်္ဂလိပ်ဘာသာနဲ့ သတင်းဖော်ပြချက်တစ်ခုမှာတွေ့ရပါတယ်။ ၂၀၂၂ ခုနှစ် […]

Continue Reading

Fact Check: Mytel တာဝါတိုင်စောင့်တင့်ကားကို CDF က ဒုံးကျည်နဲ့ တိုက်ခိုက်တဲ့ ဗွီဒီယိုလား – မဟုတ်ပါ

ချင်းပြည်ကာကွယ်ရေးတပ်ဖွဲ့(Chinland Denfence Force- CDF)က Mytel တာဝါတိုင်ကို လုံခြုံရေးစောင့်နေတဲ့ စစ်တပ်တင့်ကားကို ပစ်ခတ်မှုအဖြစ် ဗွီဒီယိုဖိုင်တစ်ခုကို ဖေ့စ်ဘွတ်မှာမျှဝေလျက်ရှိပါတယ်။ ဗွီဒီယိုဟာ ၃၁ စက္ကန့် ရှည်လျားပြီး သံဖရိန်နဲ့တိုင်တစ်ခုအလွန်က တင့်ကားတစ်စီးကို ဒုံကျည်တစ်စင်းလာရောက်ထိမှန်ပြီးနောက် ပေါက်ကွဲမီးလောင်သွားတဲ့ မြင်ကွင်းတွေပါဝင်ပါတယ်။ သို့သော်လည်း ဒီဗွီဒီယိုဟာ ၂၀၁၆ ခုနှစ်က အီရတ်စစ်တပ်တင့်ကားတစ်စီးတိုက်ခိုက်ခံရမှုဗွီဒီယိုဖြစ်တာ တွေ့ရ ပါတယ်။   “မင်းတပ်မြို့အတွက်ဂလဲ့စား mytel တာဝါတိုင်ကို လုံခြုံရေးစောင့်နေတဲ့ စကစ တင့်ကားကို CDF က ဆော်ထည့် လိုက်တာ အားရစရာ”လို့ရေးသားပြီး “ဟန်သဲ သူ”အမည်နဲ့ ဖေ့စ်ဘွတ် အသုံးပြု သူက မျှဝေထားတာ အောက်ပါ အတိုင်းတွေ့ရပါတယ်။ တူညီစွာရေးသားထားတဲ့ ပို့စ်ကို ဒီနေရာမှာလည်း တွေ့ရပါ တယ်။ မူရင်းလင်ခ့် – Fb link […]

Continue Reading