Fact Check: လေတပ်အရာရှိ ၅ ဦး လေယာဉ်နဲ့အတူ NUG ထံအလင်းဝင်ဆိုတဲ့ သတင်းတု

လေတပ်အရာရှိ ၅ ဦး လေယာဉ်နဲ့အတူ အမျိုးသားညီညွှတ်ရေးအစိုးရ(NUG)ထံ အလင်းဝင်ဆိုတဲ့ ဗွီဒီယိုတခု ယူကျူ့ချန်နယ်တခုက ဖြန့်ဝေထားရာ ပျံ့နှံ့မှုအားကောင်းနေတာတွေ့ရပါတယ်။ နားလည်းမှုလွဲစေနိုင်တဲ့ ဗွီဒီယိုဖြစ်ပြီး သတင်းဟောင်းတပုဒ်ကို ချဲ့ကားရေးသားထားခြင်းသာဖြစ်တယ်။ အောက်ပါစခရင်ရှော့ကတော့ ပျံ့နှံ့မှုအားကောင်းခဲ့တဲ့ ဗွီဒီယိုပါ မြင်ကွင်းနဲ့  ပြောဆိုချက် စာသား ကောက်နုတ်ချက်ဖြစ်ပါတယ်။  “လေယာဉ်ပါယူပြီး လေတပ်အရာရှိ(၅)ဦး ထွက်ပြေးပြီး NUGထံ အလင်းဝင် မင်းအောင်လှိုင် ကို ပြန်သတ်မည်ဟုပြော” မူရင်းလင်ခ့် – Original link | Archive link အချက်အလက်စိစစ်ချက် ဒီရက်ပိုင်းထဲမှာ အာဏာသိမ်းစစ်တပ်လက်အောက်ခံလေတပ်က အရာရှိတွေ NUG ဆီကို ထွက်ပြေးခိုလှုံလာ တယ်ဆိုတဲ့အကြောင်း ယုံကြည်ရလောက်တဲ့ သတင်းအရင်းအမြစ်တွေမှာဖော်ပြချက်မရှိပါဘူး။ “Local Celegram”အမည်နဲ့ ယူကျူ့ချန်နယ်ကို ကြည့်မယ်ဆိုရင် အခုလိုပဲ လုပ်ကြံရေးသားချက်တွေ ဒါမှမဟုတ် သတင်းမီဒီယာတချို့မှာဖော်ပြခဲ့ပြီး သတင်းတွေကို […]

Continue Reading

Fact Check: တမူးက CDM ဆရာမ PDF တွေရဲ့ အဓမ္မပြု့ကျင့်ခံရမှုကြောင့် ကြိုးဆွဲချအဆုံးစီရင်ဆိုပြီး သတင်းမှားဖြန်ဝေ

အိန္ဒိယ-မြန်မာနယ်စပ် စစ်ကိုင်းတိုင်း တမူးမြို့မှာ အကြမ်းဖက် NUG လက်အောက်ခံကျောင်းမှာ စာသင်ပေးနေတဲ့ CDM ကျောင်းဆရာမတစ်ဦး PDF တွေရဲ့ အဓမ္မပြု့ကျင့်ခံရမှုကြောင့် ကြိုးဆွဲချ အဆုံးစီရင် သွားတယ်လို့ဆိုတဲ့ ပို့စ်တစ်ခုဖေ့စ်ဘွတ်အသုံးပြုသူတွေအကြားပျံ့နှံ့လျက်ရှိပါတယ်။ CDM ဆရာမတစ်ဦး ကွယ်လွန်သွားတာကို အကြောင်းပြုပြီး ဝါဒဖြန့်သတင်းမှားဖြန့်ချိနေခြင်းဖြစ်ပါတယ်။ အောက်ပါစာသားကတော့ ပျံ့နှံ့ခဲ့တဲ့ပို့စ်ကနေ ကောက်နှုတ်ထားတဲ့စာသားတွေဖြစ်ပါတယ်။ “စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့နယ်မှာ အကြမ်းဖက် NUG လက်အောက်ခံကျောင်းတစ်ကျောင်းကို စာသင်ပေးနေတဲ့ CDM ကျောင်းဆရာမ ဒေါ်စန်းမို့မို့ ဆိုသူဟာ ယမန်နေ့ (သြဂုတ် ၂၆ ရက်) ညနေပိုင်းမှာ သူ့ကိုယ်သူ ကြိုးဆွဲချပြီး အဆုံးစီရင်သွားခဲ့တယ်လို့ ၎င်းနဲ့နီးစပ်တဲ့ ဒေသခံတွေဆီက သိရပါတယ်။ အသက် (၃၀) အရွယ်ရှိတဲ့ ဆရာမဒေါ်စန်းမို့မို့ဟာ တမူးမြို့နယ် ဈေးတန်း (၁၀) ရပ်ကွက်မှာ နေထိုင်သူဖြစ်ပြီး အ-ထ-က(ခွဲ) […]

Continue Reading

Fact Check: CDM စစ်သား ၅ ဦး KNU ကသတ်ပစ်လိုက်ပြီဆိုတဲ့သတင်းမှား

အာဏာဖီဆန်ပြီး CDM ပြုလုပ်ထားတဲ့ စစ်ကောင်စီတပ်သား ၅ ဦးကို ကရင်အမျိုးသားအစည်းအရုံး (KNU )က သတ်ပစ်လိုက်ပြီဆိုပြီး ဖေ့စ်ဘွတ် အသုံးပြုသူတွေရဲ့ ကြားမှာပျံ့နှံ့ခဲ့ပါတယ်။ ဝါးထရံကိုကျောပေးရပ်နေတဲ့ အမျိုးသား ၅ ဦးရဲ့ ရိုက်ထားတဲ့ ဓာတ်ပုံဟာ ပစ်သတ်ခံရတဲ့ ခမရ ၁၀၂ က စစ်သား ၅ ဦးရဲ့ ဓာတ်ပုံဖြစ်တယ် လို့လည်း ဒီပို့စ်မှာပါဝင်ပါတယ်။  တကယ်တော့ သတင်းမှားတစ်ခုသာဖြစ်ပါတယ်။ “ခမရ ၁၀၂ က စစ်သည် ၅ ဉီး လက်နက်နဲ့  တောခိုသွားတော့ နီပိတ်တွေက warmly  welcome people’s soldier ဆိုပြီး ပျော် ပြနေတာ အမြင်ကပ်လောက်အောင်ပဲ။ KNU ကလည်း ကောင်းမွန်စွာ လက်ခံ၊ကျွေးမွေး ထားပါတယ်ဆိုပြီး ထမင်းကျွေး၊ကော်ဖီတိုက်တဲ့  ဓာတ်ပုံတွေရိုက် […]

Continue Reading

Fact Check: CDM ဝန်ထမ်းတွေကို လစာတိုးပေးဖို့ ဒေါက်တာဇော်ဝေစိုးပြောတယ်ဆိုတဲ့ သတင်းတုသတင်းမှား

CDM ဝန်ထမ်းတွေကို လစာတိုးပေးဖို့ စီစဉ်နေတယ်လို့ ဒေါက်တာဇော်ဝေစိုးက ပြောတယ်ဆိုပြီးတော့ ဓာတ်ပုံ ပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြားပျံ့နှံ့လျက်ရှိပါတယ်။ DVB သတင်းဌာနကရေးသားခဲ့တဲ့သတင်းအဖြစ် ဒီ screenshot ဓာတ်ပုံထဲမှာ “CDM ဝန်ထမ်းများအား လစာတိုးရန် စီစဉ်ထားကြောင်း ၂၀၂၂ ခုနှစ် ဧပြီလ (၃၁) ရက်နေ့တွင် ထုတ်ပေးသွားမည်ဖြစ်ကြောင်း ဒေါက်တာဇော်ဝေစိုး ပြောကြား”လို့ ရေးသားထားပြီး ဒေါက်တာ ဇော်ဝေစိုး ဓာတ်ပုံနဲ့အတူ သတင်းဖော်ပြပါရက်စွဲအနေနဲ့ ၂၀၂၂ ခုနှစ် ဧပြီ ၂ ရက်လို့ ဖော်ပြထားပါတယ်။ တကယ်တော့ ပြောဆိုမျှဝေထားတဲ့ အကြောင်းအရာဟာ မှားယွင်းပြီး သတင်းတုဖြန့်ချိနေခြင်းဖြစ်ပါတယ်။ NUG ကလစာတိုးဖို့ ထုတ်ပြန်ထားတဲ့ထုတ်ပြန်ချက်အဖြစ် ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။  အချက်အလက်စိစစ်ကြည့်ရအောင်ပါ။ အချက်အလက်စိစစ်ချက် ပထမဆုံး ဒီscreenshot ဓာတ်ပုံပါ ဒီဗွီဘီသတင်းဌာနရဲ့ ဝက်ဘ်လိပ်စာကို Google […]

Continue Reading

Fact Check: ကောလင်းမှာ CDM ၄ ယောက်ကို PDF ကလက်ပြန်ကြိုးတုတ်သတ်တယ် လို့ သတင်းမှားဖြန့်

ကောလင်းတွင် CDM၄ဦးကို PDF တို့လက်ပြန်ကြိုးတုတ်ပြီးအချင်းချင်းသတ်ဖြတ်ခဲ့တယ်လို့ ရေးသားပြီး ဓာတ်ပုံ ၃ ပုံကို ဖေ့စ်ဘွတ်မှာ ဖြန့်ဝေလျက်ရှိပါတယ်။  “ကောလင်းတွင်CDM၄ဦးကိုPDF တို့လက်ပြန်ကြိုးတုတ်ပြီးအချင်းချင်းသတ်ဖြတ်ခဲ့ ဖေဖော်ဝါရီ၂၃၊၂၀၂၂ ကောလင်းမြို့၊မင်းကုန်းရွာထိပ်တောင်ကုန်းတွင်နံနက်ပိုင်းကCDM ထွေအုပ်စာရေးမ အပါအဝင်၄ဦး ဖြစ်ပြီးPDFစခန်းမှထွက်ပြေးခဲ့လို့အားလုံးကိုသတ်ခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။  တပ်မတော်စစ်ကြောင်းမှလူသတ် PDFများကိုလိုက်လံရှင်းလင်းနေဟုသိရ”လို့ ရေးသားပြီး “မိုးအက္ခရာ မိုးအက္ခရာ”အမည်နဲ့ဖေ့စ်ဘွတ် အသုံးပြုသူက ဖေဖော်ဝါရီ ၂၄ ရက်က မျှဝေထားတာတွေ့ရပါတယ်။ တူညီစွာရေးသားမျှဝေမှုတွေကို ဒီနေရာ၊ဒီနေရာ၊ဒီနေရာ၊ဒီနေရာနဲ့ဒီနေရာမှာလည်းတွေ့ရပါတယ်။ မူရင်းလင်ခ့် – Fb link |  Archive link  အချက်အလက်စိစစ်ချက် ပထမဆုံး အဓိကကျတဲ့စကားလုံးအချို့ကို အသုံးပြုပြီး ဖေ့စ်ဘွတ်မှာ အကြောင်းအရာပျံ့နှံ့မှုကို ရှာဖွေကြည့်ရာမှာ ဒီဓာတ်ပုံတွေဟာ Khit Thit Media ကဖော်ပြထားတဲ့ ဓာတ်ပုံတွေဖြစ်တာတွေ့ရပါတယ်။ “စစ်ကိုင်းတိုင်း ကောလင်းမြို့နယ် ကျောက်ပြင်သာ အုပ်စု […]

Continue Reading

Fact Check: ဒီဗွီဒီယိုက Non CDM ဆရာမကို PDF က လည်ပင်းကြိုးချည်ပြီး အနိုင်ကျင့်နေတာလား- မဟုတ်ပါ

ဆရာမတစ်ယောက်ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF)က လည်ပင်းကြိုးချည်ပြီး အနိုင်ကျင့်နှိပ်စက်နေတယ် ဆိုပြီး ဗွီဒီယိုတစ်ခုကို ဖေ့စ်ဘွတ်မှာ ဖြန့်ဝေလျက်ရှိတာတွေ့ရပါတယ်။ ပျံ့နှံ့ခဲ့တဲ့ ပို့စ်တွေမှာ ၅၅ စက္ကန့်ရှည်လျား တဲ့ ဗွီဒီယိုတစ်ခုပါဝင်ပြီး ဒီဗွီဒီယိုထဲမှာ အဖြူအစိမ်းဝတ်ထားတယ်လို့ ထင်ရတဲ့ အမျိုးသမီးတစ်ယောက်ရဲ့ လည်ပင်းကို ကြိုးကွင်းသွပ်ထားပြီး ကြိုးတစ်စကို လက်နက်ကိုင်အမျိုးသားတစ်ယောက်က ကိုင်ထားတာတွေ့ ရပါတယ်။ ထို့အပြင် အခြားသော အရပ်ဝတ်နဲ့အမျိုးသားတစ်ယောက်က အမျိုးသမီးကို တုတ်တစ်ချောင်းနဲ့ ရိုက်နေဟန်ပါဝင်ပါတယ်။ သို့သော် ဒီဗွီဒီယိုဟာ PDF ဖွဲ့စည်းချိန်မတိုင်ခင် အနည်းဆုံး ၄ နှစ်စောပြီး အင်တာနက်မှာ ပျံ့နှံ့လျက်ရှိတဲ့ ဗွီဒီယိုဖြစ်ပါတယ်။ “Non CDM ဝန်ထမ်းဆရာမကို PDF က လည်ပင်းကြိုးချည်ပြီး အနိုင်ကျင့်နှိပ်စက်နေတာပါ။ ဒီလို ကျင့်ဝတ်မရှိ ၊ သိက္ခာမရှိ ၊ ဥပဒေမရှိ၊ လက်နက်အားကိုးနဲ့ […]

Continue Reading

Fact Check: CDM ကျရှုံးသွားပြီဖြစ်ကြောင်း ဦးမင်းကိုနိုင် ပြောတယ်ဆိုတဲ့ သတင်းမှား

CDM ကျရှုံးသွားပြီဖြစ်ကြောင်း ဦးမင်းကိုနိုင် ပြောတယ်လို့ရေးသားထားတဲ့ ဖေ့စ်ဘွတ်ပို့စ်တစ်ခုကို ဖေ့စ်ဘွတ် အသုံးပြုသူတွေ အတော်များများက ပြန်လည်မျှဝေလျက်ရှိတာတွေ့ရပါတယ်။ ဒီစကားကို ဦးမင်းကိုနိုင်က Sprin g Flowers International ပွဲတော်မှာပြောကြားခဲ့တာလို့လည်း ဖော်ပြထားပါတယ်။ တကယ်တော့ ဦးမင်းကိုနိုင်နဲ့ ဒီလိုပြောကြားခဲ့ခြင်းမရှိပါဘူး။ ပျံ့နှံ့ခဲ့တဲ့ပို့စ်တွေမှာ “CDM ကျရှုးသွားပြီဖြစ်ကြောင်း ဦးမင်းကိုနိုင် ဝန်ခံလိုက်ပြီ”လို့ရေးသားသလို ဓာတ်ပုံမှာ လည်း “Keynote Address by U Min Ko Naing at Spring Flowers International Conference on Myanmar”၊ “CDM ကျရှုံးသွားပြီလို့ မင်းကိုနိုင်ပြောပြီ”စတဲ့စာသားတွေ ရေးသားထားပါတယ်။ “သူကတော့ အဲဒီလိုလေးပဲ ပြောလိုက်တာ သူ့စကားတွေကိုယုံပြီး CDM လုပ်ခဲ့ကြတဲ့သူတွေရဲ့ ဘဝတွေ ဘယ်လောက်တောင် ပျက်ဆီးသွားကြပြီလဲဆိုတာ ပြေးကြည့်စရာတောင်မလိုဘူး […]

Continue Reading

Fact Check: အာဏာဖိဆန်တဲ့ ဗိုလ်ချုပ်ဦးဆောင်တဲ့ PDFတွေက စစ်စခန်းကို တိုက်ခိုက်လို့ သတင်းတုဖြန့်

အာဏာဖိဆန်တဲ့ ဗိုလ်မှူးချုပ်တစ်ယောက်ဦးဆောင်တဲ့ PDF အထူးကွန်မန်ဒိုတပ်တွေက စစ်စခန်းကို ဝင်ရောက် တိုက်ခိုက်သိမ်းဆည်းရမိတဲ့ လက်နက်ခဲယမ်းတွေဆိုပြီးတော့ ဓာတ်ပုံ ၁၂ ပုံကို ဖေ့စ်ဘွတ် အသုံးပြုသူရာဂဏန်း က ပြန်လည်မျှဝေခဲ့ကြတာတွေ့ရပါတယ်။ သို့သော်လည်း ဓာတ်ပုံတွေဟာ စစ်အာဏာသိမ်းဆန့်ကျင်တဲ့ တပ်ဖွဲ့တွေက အာဏာသိမ်းစစ်တပ်ကို တိုက်ခိုက် ခဲ့တဲ့ ဓာတ်ပုံမှတ်တမ်းတွေဖြစ်တာမှန်ပေမဲ့ အာဏာဖိဆန်ရေး ဗိုလ်မှူးချုပ်တစ်ယောက်ဦးဆောင်တဲ့ တိုက်ခိုက်မှု ဆိုတဲ့ အထောက်အထားမတွေ့ရပါတယ်။ “CDMဗိုလ်မှူးချုပ်သူရအောင်ဝင်းထွန်း(တိုင်းစစ်ဌာနချုပ်-ဗျူဟာမှူး)ဦးစီးသောVIP PDFအထူးကွန်မန်ဒိုတပ်များနှင့် ဒေသခံPDFများမှစစ်ကောင်စီတပ်စခန်းများအားဝင်ရောက်တိုက်ခိုက်ပြီးနောက်သိမ်းဆည်းရမိသောလက်နက်ခဲယမ်းများနှင့်ပစ္စည်းမျိုးစုံဖြစ်ပါသည်။”လို့ရေးသားပြီး ကောင်းကင်ထက်က ကြယ်တစ်ပွင့်အမည်နဲ့ ဖေ့စ်ဘွတ် အသုံးပြုသူက မျှဝေထားရာမှာ ပြန်လည်မျှဝေမှုပေါင်း ၂၀၀ ကျော်ရှိပါတယ်။ အလားတူရေးသားမျှဝေမှုတွေကို ဒီနေရာ၊ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။ မူရင်းလင်ခ့် – Fb link |  Archive link  အချက်အလက်စိစစ်ချက် ပထမဆုံးအနေနဲ့ အဓိကကျတဲ့စကားလုံးအချို့အသုံးပြုပြီး အကြောင်းအရာကို ရှာဖွေကြည့်ရာမှာ ဗိုလ်မှူးချုပ် […]

Continue Reading

Fact Check: မြိတ်ရဲစခန်းနှုတ်ထွက်လိုက်တဲ့ ရဲတပ်ဖွဲ့ဝင်တွေအဖြစ် မျှဝေနေတဲ့ သတင်းမှား

မြိတ်မြို့မှာရဲစခန်းတစ်ခုလုံး နှုတ်ထွက်တယ်လို့ရေးသားပြီး ရဲအရာရှိနဲ့ ရဲတပ်သားအချို့ပုံများနှင့်အတူ ရေးသားမျှဝေထားတဲ့ပို့စ်ကို  လူမှုကွန်ယက်အသုံးပြုသူ ထောင်ဂဏန်းက ပြန်လည်မျှဝေလျှက်ရှိပါတယ်။  သို့သော် ဒီသတင်းဟာ မှားယွင်းသလို ဓာတ်ပုံတွေဟာလည်း မတ်လကတည်းက အင်တာနက်မှာပျံ့နှံ့ လျက်ရှိပြီး အခြားသော ရဲစခန်းတွေက စစ်အုပ်ချုပ်ရေးကို ဖိဆန်မှုလုပ်ခဲ့တဲ့ ရဲအရာရှိနဲ့ ရဲတပ်သားအချို့ရဲ့ ပုံဖြစ်ပါတယ်။  “မြိတ် ရဲစခန်းတခုလုံး  တာဝန်မှ နှုတ်ထွက်.👮 အမြင်မှန်ရသူများ အသက်ရှည်၏”လို့ ရေးသားပြီး“KoKo Naing”အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူက မျှဝေထားရာ ပြန်လည်မျှဝေတဲ့အကြိမ်ပေါင်း ၅ ထောင် ၉ ရာ ကျော်ရှိပါတယ်။ အလားတူ ရေးသားမျှဝေမှုတွေကို ဒီနေရာ၊ဒီနေရာ၊ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာ မှာလည်း တွေ့ရပါတယ်။ မူရင်းလင်ခ့် – Fb link |  Archive link  အချက်အလက်စိစစ်ချက် အခြားလွတ်လပ်သော သတင်းအဓိကလုပ်ကိုင်နေတဲ့ သတင်းမီဒီယာတွေမှာ […]

Continue Reading