ဇွဲကပင်တောင်အား ဒေသခံများမှ မီးရှို့ ဖျက်ဆီးဆိုတဲ့ သတင်းမှား

ကရင်ပြည်နယ် ဘားအံမြို့ရှိ ဇွဲကပင်တောင်ကို ဒေသခံတွေက ဓာတ်ဆီလောင်း မီးရှို့ဖျက်ဆီးလိုက်တယ်ဆိုတဲ့ ပို့စ်တစ်ခု Cele Cele All အမည်နဲ့ ဖေ့စ်ဘွတ် စာမျက်နှာက ဇူလိုင် ၂၇ ရက်မှာ သတင်းမှားတစ်ခု မျှဝေထား ပါတယ်။ “လွန်ခဲ့သော နှစ်များဆီမှ ပြင်သစ်နိုင်ငံသားတစ်ဦးသည် ဇွဲကပင်တောင်ပေါ်ကနေ ခုန်ချသတ်သေမှု့ဖြစ်ပီး နောက်ပိုင်းလွန်ခဲ့သောတစ်လခန့်က ကျောင်းသူလေးတစ် ဦး ထပ်မံ သေကြောင်းကြံခဲ့သည်…. ကျောင်းသူလေး သေပီး မရှေးမနှောင်း တက္ကသိုလ်ကျောင်းသားတစ်ဦးသေဆုံးခဲ့ပီး လွန်ခဲ့သောတစ်ပတ်ခန့်က တောင်ပေါ် မှာနေ သော ကလေးတစ်ဦး တောင်အောက်မှာကားကျိတ်ခံရ၍သေဆုံးအပီး ယခုအခု တောင်ပေါ်မှာနေထိုင်သော အစောင့်လင်မယားနှစ်ယောက် ဓာတ်လိုက်ပီးသေဆုံးခဲ့သောကြောင့် ဒေသခံများမှာ တောင်ပေါ်တွင် စောင့်ရှောက်သော ကရင်မောင်နှမနှစ်ယောက် လူစားလဲနေသည်ကို ယုံကြည်သွားကြပီး ယနေ့ည 27 ရက်နေ့ ညခြောက်နာရီအချိန်က တောင်အပေါ်ဆုံးကနေမီးသတ်ကားဖြင်း ဓာတ်ဆီများ […]

Continue Reading

အနုပညာရှင်တွေကွယ်လွန်ဆိုပြီးတော့ သတင်းတု သတင်းမှားတွေ ဆက်တိုက် ဖြန့်ချိနေတဲ့ cele cele all ဖေ့စ်ဘွတ်စာမျက်နှာ

သီလရှင်ဝတ်နေတဲ့ အနုပညာရှင် တင့်တင့်ထွန်းကွယ်လွန်ဆိုတဲ့ ပို့စ်တစ်ခု လူမှုကွန်ယက်မှာ ပျံ့နှံ့ခဲ့ပါတယ်။ ဒီသတင်းဟာ ပြီးခဲ့တဲ့ရက်အနည်းငယ်ကမှ စတင်တည်ထောင်လိုက်တဲ့ Cele Cele All အမည်နဲ့ ဖေ့စ်ဘွတ် စာမျက်နှာက စတင်ဖြန့်ဝေခဲ့တာဖြစ်ပါတယ်။ လူမှုကွန်ယက်အသုံးပြုသူတွေအကြားမှာ  ပျံ့နှံ့ခဲ့တာ တွေ့ရပါတယ်။ အခြားသော သတင်းကို ကူးယူဖော်ပြလေ့ရှိတဲ့ သတင်းဝက်ဘ်ဆိုဒ်ဖြစ်တဲ့ ဒီဆိုဒ်မှာ ဖော်ပြခဲ့တာကို လူမှုကွန်ယက်အသုံးပြုသူတွေက ဒီလို ဒီလို ပြန်မျှဝေထားပါတယ်။ Cele Cele All  အမည်နဲ့ ဖေ့စ်ဘွတ် စာမျက်နှာဟာ ပြီးခဲ့တဲ့ ၃ ရက်အတွင်းမှာ အနုပညာရှင်တွေကွယ်လွန်ဆိုတဲ့ သတင်းတု သတင်းမှားတွေ ဆက်တိုက် စတင်ဖော်ပြခဲ့တာတွေ့ရပါတယ်။  အချက်အလက်စိစစ်ချက် အနုပညာရှင် တင့်တင့်ထွန်းကွယ်လွန်ဆိုတဲ့သတင်းဟာ မဟုတ်ကြောင်း ကျန်းကျန်းမာမာရှိနေကြောင်းကို ဆရာလေး ဒေါ်နန္ဒမာလာ(ခ)သရုပ်ဆောင် တင့်တင့်ထွန်း နဲ့ အဆက်အသွယ်ရှိတဲ့ မြရွှေပင်အနုပညာဆည်းဆာ ရိပ်မှ […]

Continue Reading