Fact Check: ထိုင်းတောင်ပိုင်းက ဘာသာခြားတွေရဲ့ သတ်ဖြတ်ခြင်းခံရတဲ့ သံဃာတော်တွေအဖြစ် မျှဝေနေတဲ့သတင်းမှား
ထိုင်းမှာ ဘာသာခြားတွေရဲ့ သတ်ဖြတ်ခြင်းခံရတဲ့ သံဃာတော်တွေအဖြစ် မျှဝေနေတဲ့သတင်းမှား လူမှုကွန်ယက်မှာ ဖြန့်ဝေနေတာတွေ့ရပါတယ်။ ပျံ့နှံ့လျက်ရှိတဲ့ပို့စ်မှာ အခြားဘာသာတွေကို နေရာပေးမိတဲ့အတွက် ထိုင်းနိုင်ငံမှာ ဘုန်းကြီးတွေ အသတ်ခံလိုက်ရ တဲ့ အဖြစ်အပျက်ဆိုပြီးတော့ မျှဝေထားတာဖြစ်ပါတယ်။ သို့သော်လည်း မျှဝေထားတဲ့ ဓာတ်ပုံဟာ ထိုင်းနိုင်ငံက ဘုန်းကြီးတွေ အသတ်ခံရတဲ့ပုံ မဟုတ်ဘဲ တရုတ် တိဘက်ဒေသက ဘုန်းကြီးတွေ တရုတ်ရဲ့ အုပ်ချုပ်မှုကို ဆန္ဒဖော်ထုတ်နေပုံဖြစ်တာကို Fact Crescendo Myanmar ကတွေ့ရှိရပါတယ်။ ထိုင်းနိုင်ငံမှာ ဘုန်းကြီးအမြောက်အများကို အခြားဘာသာဝင်တွေက သတ်ဖြတ်မှုဖြစ်ပေါ်ခဲ့တဲ့ဆိုတဲ့ အချက်အလက် တစ်စုံတစ်ရာလည်း မတွေ့ရှိရပါဘူး။ “ဘာလုပ်သင့်လဲ စဉ်းစားကြပေါ့ နှလုံးသားမှာ ဘုရားတည်နေရင် ဘယ်ဘာသာဝင်ကမှ လာဖျက်ဆီးလို့မရဘူး။ ကျန်တဲ့ဘာသာတွေကိုလည်း နေရာပေးရမယ်လို့ NLD ပါတီဝန်းရံသူတွေက ပြောကြတယ်။ နှလုံးသားမှာ ဘုရား တည်နေပါလျှက်နဲ့ ဘာသာခြားတွေကို […]
Continue Reading