Fact Check: ဒီဗွီဒီယိုက အိန္ဒိယမှာ အစားအစာအတွက် လုယက်နေပုံမဟုတ်ပါ
ကိုဗစ်နိုင်တင်း(COVID-19)ကာလအတွင်း စားဝတ်နေရေးအဆင်မပြေလို့ အိန္ဒိယမှာ အစားအစာအတွက် လုယက်နေပုံအဖြစ် ဗွီဒီယိုပို့စ်တစ်ခုကို လူထောင်ပေါင်းများစွာက မျှဝေလျက် ရှိပါတယ်။ သို့သော် ဒီဗွီဒီယိုဟာ ၂၀၁၉ ခုနှစ်အတွင်းအိန္ဒိယဘာသာရေးပွဲတော်တစ်ခုက ဗွီဒီယိုဖြစ်ပါတယ်။ “လက်ရှိ အန္တိယမှာ ရောဂါပြသနာကြောင့် စားဝတ်နေရေးအဆင်မပြေသောကြောင့် ကူညီမူလည်းမလုံလောက် ကာ အစားတစ်လုအတွက် အသက်ပါပေးပြီး လုယူမူကြိုးပမ်း”(မူရင်းအရေးအသား)လို့ရေးသားပြီး “သိပ္ပံကျကျသမ္မာကျမ်းစာ” အမည်နဲ့ဖေ့စ်ဘွတ်စာမျက်က မျှဝေထားရာမှာ ပြန်လည်မျှဝေသူ ၂ သောင်း ၂ ထောင်ရှိပြီး ဒီဗွီဒီယိုကို ကြည့်ရှူ့မှုအကြိမ်ရေ ၉ သိန်းကျော်ရှိပါတယ်။ မူရင်းလင်ခ့် – Fb link | Archive link အချက်အလက်စိစစ်ချက် အဓိကကျတဲ့စကားလုံးအချို့အသုံးပြုပြီး ရှာဖွေကြည့်ရာမှာ ဒီဗွီဒီယိုကို ၂၀၁၉ ခုနှစ် နိုဝင်ဘာ ၃ ရက်ကတည်းက အင်တာနက်မှာ ပျံ့နှံ့ခဲ့ပြီးဖြစ်တာတွေ့ရပါတယ်။ Google Translate […]
Continue Reading