Fact Check: ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးနဲ့ပတ်သက်တဲ့ သတင်းမှား ဖြန့်ဝေ

ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးမကောင်းဘူး၊ COVID 19 ကူးစက်ခံရတယ်ဆိုတဲ့ ပို့စ်တွေ လူမှုကွန်ယက် အသုံးပြုသူတွေကြားမှာ ပျံ့နှံ့ခဲ့ပါတယ်။  “နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် တတိယအကြိမ် ဆေးစစ်ချက် COVID 19 ရောဂါပိုး Positive အဖြေထွက်ဟုဆို” ခေါင်းစဉ်တပ်ပြီး “နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ထမ်းအချို့နှင့် သမ္မတရုံး ဝန်ထမ်းများအပါအဝင် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ထိစပ်မှု့ရှိခဲ့သည့် အသိုင်းအဝိုင်းများမှ လူပုဂ္ဂိုလ်အချို့မှာ COVID 19 ရောဂါပိုးတွေ့ရှိ ခဲ့ပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်စုကြည်အား COVID 19 ရောဂါ ပိုးကူးစက်ခံရမှုရှိမရှိ စစ်ဆေးခဲ့ရာ ပထမ အကြိမ်နှင့် ဒုတိယအကြိမ်များတွင် Nagative အဖြေထွင်ခဲ့သော်လည်း စက်တင်ဘာ ၁၉ ရက် ညနေပိုင်း တွင်တတိယအကြိမ် ပြန်လည်စစ်ဆေးခဲ့ရာ Positive အဖြေထွက်ခဲ့သည့်အတွက် အထူးကုသမားတော်ကြီး များဖြင့် သီးသန့်ကုသနေကြောင်း […]

Continue Reading

Fact Check : နေအိမ်/ရပ်ကွက်ပြင်ပသို့ထွက်ရင် ထောင်ဒဏ် ၁ နှစ် (သို့) ဒဏ်ကြေး ၃ သိန်းပေးဆောင်ရမယ်ဆိုတာ မဟုတ်ပါ

COVID-19  ကူးစက်ပျံ့နှံ့မှု ဆက်တိုက်မြင့်တက်လျက်ရှိရာမှာ အထူးသဖြင့် လူဉီးရေထူထပ်တဲ့ ရန်ကုန်တိုင်း ဒေသကြီးမှာ ကူးစက်ပျံ့နှံမှုအဓိကဖြစ်ပေါ်နေတာတွေ့ရပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက  ကိုကိုးကျွန်းမြို့နယ်မှအပ ရန်ကုန်တိုင်းဒေသကြီးအတွင်း မြို့နယ်နေပြည်လူထုကို အိမ်တွင်သာနေထိုင်ရန် စက်တင်ဘာ ၂၀ ရက်ကအမိန့်ထုတ်ပြန်ခဲ့တာတွေ့ရပါတယ်။ ဒီလိုအခြေအနေမှာ “24 ရက်နေ့နောက်ပိုင်း ကျန်းမာရေးကထုတ်ပြန်သတ်မှတ်ထားတဲ့ အပြင်ထွက်ခွင့် ရှိတဲ့ သူမဟုတ်ဖဲ နေအိမ်/ရပ်ကွက်ပြင်ပသို့ထွက်ရင် ထောင်ဒဏ် ၁ နှစ် (သို့) ဒဏ်ကြေး ၃ သိန်းပေးဆောင် ရမယ်(အခုလိုလုပ်တာ ဖြစ်သင့်တဲ့ကိစ္စပါ။ ထိထိရောက်ရောက်ကိုင်တွယ်မှ ရန်ကုန်မြို့ကြီးအမြန်ဆုံး ပြန်လည်ကျန်းမာလာမှာပါ)#Crd #ကြည်သာဟန် — feeling thankful in Mawlamyine..” စသည်ဖြင့် ရေးသားပြီး ‎”Oo Lay Yan Myo” အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက အောက်ပါအတိုင်း မျှဝေထား တာတွေ့ရပါတယ်။ အလားတူ ပို့စ်ကို […]

Continue Reading

အမေရိကန်FDAက ကိုဗစ်ကာကွယ်ဆေးကို ခွင့်ပြုလိုက်ပြီဆိုတဲ့ သတင်းအမှား

အမေရိကန်နိုင်ငံ အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲမှုဌာန FDAက Covid-19ရောဂါနဲ့ပက်သက်တဲ့ ကာကွယ်ဆေးကို စက်တင်ဘာလ ၂၁ရက်နေ့က ခွင့်ပြုလိုက်ပြီဆိုတဲ့ပို့စ်တစ်ခုက ဖေ့စ်ဘွတ်ခ်စာမျက်နှာပေါ့မှာ ပျံ့နှံ့နေတာတွေ့ရပါတယ်။ အဲ့ဒီပို့စ်မှာ “အမေရိကန် FDAကတော့ Cpvid-19ကာကွယ်ဆေးကို ဒီနေ့ခွင့်ပြုလိုက်ပါပြီ။ ဝမ်းသာစရာပါ။”လို့ ရေးသားထားတာတွေ့ပါတယ်။ဒီနေရာ ဒီနေရာ နဲ့ ဒီနေရာတွေမှာ ပြန်လည်မျှဝေနေကြတာတွေ့ရပါတယ်။ FB Link Archive Link အချက်အလက်စိစစ်ချက် ဒီပို့စ်နဲ့ပက်သက်ပြီး အမေရိကန်နိုင်ငံ အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲမှုဌာန FDA ဝက်ဘ်ဆိုဒ်ကို ဝင်ကြည့်မယ်ဆိုရင် စက်တင်ဘာ ၂၁ရက်နေ့ကြေငြာချက်မှာ FDAဌာနကနေ အတည်ပြုထားတဲ့ Covid-19ကာကွယ်ဆေးမရှိသေးတဲ့အကြောင်းကြေငြာထားတာတွေ့ရပါတယ်။အောက်ပါလင်ခ့်မှာ ဝင်ရောက်ကြည့်ရှူနိုင်ပါတယ်။ FDA Link ဒါ့အပြင်FDA ဝက်ဘ်ဆိုဒ်ရဲ့ အမေး၊ အဖြေကဏ္ဍမှာ Covid-19ရောဂါကာကွယ်ဆေးနဲ့ပတ်သက်ပြီး အမေရိကန် FDAက အတည်ပြုထားတဲ့ ကာကွယ်ဆေးမရှိသေးကောင်း ထပ်မံရေးသားထားပြီး လက်တွေ့စမ်းသပ်တာတွေကို အရှိန်မြှင့်ကြိုးစားလုပ်ဆောင်နေကြောင်း ရေးသားထားတာတွေ့ရပါတယ်။ […]

Continue Reading

ဂျင်းက COVID-19 ကိုကာကွယ်ကုသနိုင်တဲ့ အထောက်အထားမရှိပါ

ဂျင်းက COVID-19 ကာကွယ်ကုသနိုင်တယ်ဆိုတဲ့ ပို့စ်တစ်ခု လူမှုကွန်ယက်အသုံးပြုသူကြားမှာ ပျံ့နှံ့လျက်ရှိတာတွေ့ရပါတယ်။ ပျံ့နှံ့လျက်ရှိတဲ့ ပို့စ်မှာ ဂျင်း ဆားပြုတ်ရည်ကို နာရီဝက်လောက်ကြိုသောက်ထားမယ်ဆိုရင် COVID-19 ပိုးမတွေ့ နိုင်ဘူးလို့လည်း ပြောကြားထားပြီး “ဂျင်း၊ဆားပြုတ်ရည်ဟာ လည်ချောင်းဝ၊ ချွဲအရည်ကြည်မှာ ပိုးကို ခိုကပ်အား မယူနိုင်အောင်၊ ကြာရှည် မနေနိုင်အောင် မောင်းထုတ်နိုင်တယ်ဆိုတာမျိုး ဖြစ်ဖို့များပါတယ်။ သူကြာကြာ မနေနိုင်ရင် ပွားများလာပြီး အဆုတ်နဲ့ ခန္ဓာကိုယ်ကို ဆက်တိုက်ခိုက်ဖို့ အင်အားလျော့နည်းသွားစေတဲ့ သဘောဖြစ်ပါတယ်”လို့ “Min Han”အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူကရေးသားမျှဝေထားတွေ့ရပါတယ်။ Link Archive link တကယ်တော့ ဒီလိုပြောဆိုချက်ဟာ ကိုယ်ပိုင်ယူဆချက်တစ်ခုဟာဖြစ်ပြီး ဆေးဘက်ဆိုင်ရာမှာ ကာကွယ်ကုသနိုင်တယ်ဆိုတဲ့အထောက်အထားမျိုးမရှိတာတွေ့ရပါတယ်။ အချက်အလက်စိစစ်ချက် အမေရိကန်အမျိုးသားသိပ္ပံအဖွဲ့အစည်းက ဂျင်းကို စားတာဖြစ်စေ ဂျင်းလက်ဖက်ရည်ကို သောက်တာဖြစ်စေ ဂျင်းပါတဲ့ဆေးလုံးကို စားတာဖြစ်စေ ဂျင်းမှုန့်ကို ရှူတာ၊ အစားထဲမှာ […]

Continue Reading

COVID-19 လူနာအမှတ် ၁၀၆၁ ပတ်သက်တဲ့သတင်းမှားပျံ့နှံ့

COVID-19 တကျော့ပြန်ဖြစ်ပွားလာမှုမှာ ရန်ကုန်တိုင်းဒေသကြီးအတွင်း ကူးစပ်ပျံ့နှံ့မှုအများဆုံးဖြစ်ခဲ့တဲ့ သင်္ဃန်းကျွန်မြိုနယ်မှာ ကူးစက်ခံရမှုအများစုဟာ Music Zone KTV နဲ့လည်း စပ်ဆပ်နေတာတွေ့ရပြီး အဲဒီအထဲမှာ လူနာအမှတ် ၁၀၆၁ ကတစ်ဆင့်နောက်ထပ် လူနာ ၈၀ ကျော်အထိ ကူးစက်ခဲ့ပါတယ်။ ဒီလိုအခြေအနေမျိုးမှာ Music Zone က case 1061 အဖြစ်ဖော်ပြနေတဲ့ အမျိုးသမီးငယ်ဓာတ်ပုံနဲ့ပို့စ်တစ်ခု လူမှုကွန်ယက် အသုံးပြုသူတွေကြားမှာပျံ့နှံ့လျက်ရှိပါတယ်။ FB Link Achive Link အလားတူပို့စ်မျိုးကို ဒီနေရာ၊ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာတွေမှာ မျှဝေထားတာတွေ့ရပါတယ်။ အချက်အလက်စိစစ်ချက် ဒီလိုမျှဝေနေတာနဲ့ ပတ်သက်ပြီး ဓာတ်ပုံ မူရင်းပိုင်ရှင်က အောက်ပါအတိုင်း ပြန်လည်ရှင်းလင်းထားတာ တွေ့ရပါတယ်။ “#သတင်းအမှားပါ  #တရားစွဲမှာပါ_၆၆ဃနဲ့_သတင်းအမှားကိုတင်တဲ့သူမှန်သမျှ ညီမပုံနဲ့ နာမည်ကို အလွဲသုံးစားလုပ်ပြီး ညီမ ဂုဏ်သိက္ခာကျအောင် တင်လိုက်တဲ့ post […]

Continue Reading

Music Zoneကို လာခဲ့ပြီး သတင်းမပို့သူတွေကို CCTVမှတ်တမ်းနဲ့ ရှာမယ်ဆိုတာ ဟုတ်ပါသလား

COVID-19 ပြန်လည်ဖြစ်ပွားလာမှုမှာ ရန်ကုန်တိုင်းအတွင်း စံချိန်ကူးစပ်ပျံ့နှံ့မှုအများဆုံးကို ဖြစ်ပေါ်စေတဲ့ သင်္ဃန်းကျွန်မြိုနယ်ရှိ Music Zone KTVကို သွားလာခဲ့ပြီး သက်ဆိုင်ကျန်းမာရေးဌာနဆီ သတင်းမပို့သူတွေကို CCTVမှတ်တမ်းနဲ့ ရှာဖွေဖော်ထုတ်သွားမယ်ဆိုတဲ့ သတင်းဟာ ဖေ့စ်ဘွတ်လူမှုကွန်ယက်တွင် ပြန့်နှံ့နေတာတွေ့ရပါတယ်။ “Music Zoneကို လာခဲ့ပြီး သတင်းမပို့သူများ CCTVမှတ်တမ်းဖြင့် ရှာဖွေဖော်ထုတ်သွားမည်ဖြစ်ကြောင်း သတင်းရရှိ”လို့ရေးသားထားတဲ့ ပို့စ်ကို Kyaw Swar Myintအမည်ရှိတဲ့ ဖေ့စ်ဘွတ်အသုံးပြုတစ်ဦးကတင်ထားပြီး ဒီပို့စ်ကိုပဲ ပြန်လည်မျှဝေသူပေါင်း ငါးထောင့် ငါးရာကျော်ရှိခဲ့ပါတယ်။ FB Link Achive Link အချက်အလက်စိစစ်ချက် သင်္ဃန်းကျွန်းမြို့နယ် ကိုဗစ်နိုင်တင်းရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဝင်တစ်ဦးလည်း ဖြစ်ပြီး မြိုံနယ်အတွင်း ကိုဗစ်နိုင်တင်းရောဂါဖြစ်ပွားမှု အခြေနေသတင်းတွေကို ၎င်းရဲ့ဖေ့စ်ဘွတ်ခ်စာမျက်နှာကနေ ပုံမှန်တင်ပေးနေသူ ဒေါက်တာကျော်စွာဦးရဲ့ ဖေ့စ်ဘွတ်ခ်အကောက်မှာတော့ အထက်ပါသတင်းနဲ့ပတ်သက်ပြီး တစ်စုံတစ်ရာရေးသားထားတာမတွေ့ရပါဘူး။ ဒီသတင်းနဲ့ပတ်သက်ပြီး Factcrescendo Myanmarက […]

Continue Reading

အီရတ်မှာ မိသားစုဝင် ၁၅ ဦး နာရီပိုင်းခြားပြီး သေဆုံးမှုမြင်ကွင်းလား

သင်္ချိုင်းတစ်ခုမှာ အဖြူရောင်အစနဲ့ ဖုံးအုပ်ထားတဲ့ အလောင်းတွေကို အီရတ်နိုင်ငံက မိသားစုဝင်၁၅ယောက်လုံး နာရီခြားပြီး သေဆုံးမှုအဖြစ်ဖော်ပြနေတဲ့ပို့စ် လူမှုကွန်ယက်အသုံးပြုသူတွေအကြားမှာ ပျံ့နှံ့လျက်ရှိပါတယ်။ “ကိုဗစ် ဒုတိယလှိုင်း မျိုးရိုးဗီဇ ပိုမိုပြင်းထန်လာနေပြီ အီရတ်နိုင်ငံက မိသားစုဝင် တယောက်ကနေ တအိမ်သား လုံးကူးစက်ပြီး၅ရက်အကြာ ဝေဒနာပြင်းထန်စွာခံစားရပြီး မိသားစုဝင်၁၅ယောက်လုံး နာရီခြားစီ သေဆုံးခဲ့ သောမြင်ကွင်းပါ မြန်မာပြည်အနေနဲ့မပေါ့ဆကြပဲ ရောဂါကူးစက်မှုမရှိအောင် ကာကွယ်ကြဖို့ လိုနေပါပြီ” လို့ရေးသားပြီး အောက်ပါအတိုင်းမျှဝေထားတတွေ့ရပါတယ်။ Fb link Archive link အလားတူပို့စ်ကို ဒီနေရာ နဲ့ ဒီနေရာတွေမှာလည်း မျှဝေထားတာတွေ့ရပါတယ်။ ဒီလိုမျိုး ဝမ်းနည်းကြေကွဲဖွယ် ဖြစ်ရပ်မျိုးဖြစ်နိုင်ပါသလား။ ဖြစ်နိုင်တာတွေ့ရပါတယ်။ သို့သော်လည်း ဒီဓာတ်ပုံတွေက မိသားစု ၁၅ ဦးနာရီပိုင်းခြားပြီးသေဆုံးခဲ့ပုံတွေလားဆိုတာ အချက်အလက်စိစစ်ကြည့်ရအောင်ပါ။ အချက်အလက်စိစစ်ချက် မိသားစုဝင် ၁၅ ဦးနာရီပိုင်းခြားသေဆုံးခဲ့တယ်ဆိုတဲ့ ဒီပို့စ်မှာ မျှဝေနေတဲ့ […]

Continue Reading

အမေရိကန်မှာ COVID-19 ကာကွယ်ဆေး လူသန်း ၂၀၀ မှာ ထိုးမယ်ဆိုတာမဟုတ်ပါ

အမေရိကန်မှာ COVID-19 ကာကွယ်ဆေး လူသန်း ၂၀၀ ကို အောက်တိုဘာ ၂၂ ရက်မှာ စတင်ထိုးမယ်ဆိုတဲ့ ပို့စ်တစ်ခု ပျံ့နှံ့လျက်ရှိတာတွေ့ရပါတယ်။ “အောက်တိုဘာ 22 Covid19 ကာကွယ်ဆေး USA မှာလူသန်း 200စထိုးပြီ..CNN”လို့ “Lwin Moe”အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူက ရေးသားထားပြီး ဒီသတင်းကို ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာတွေမှာ မျှဝေခဲ့ကြ တာတွေ့ရပါတယ်။ Link Archive link အချက်အလက်စိစစ်ချက် Google မှာ “us covid-19 vaccine on october 22 cnn”လို့ အဓိကကျတဲ့စကားလုံးတွေကို ရိုက်ရှာမယ်ဆိုရင် အောက်ပါအတိုင်းတွေ့ရပါတယ်။ COVID-19 ကာကွယ်တားဆီးရန်အလားအလာကောင်းများ ကာကွယ်ဆေးတွေအတွက် ခွင့်ပြုချက် သို့မဟုတ် လိုင်စင်ချထားပေးခြင်းတွေကို အားဆွေးနွေးဖို့အတွက် ၂၀၂၀၊ အောက်တိုဘာ ၂၂ ရက်တွင်ကာကွယ်ဆေးနဲ့ […]

Continue Reading

သီတဂူဆရာတော်ကြီးမှာ COVID-19 တွေ့ရှိဆိုတဲ့ သတင်းတု

သီတဂူဆရာတော်ကြီးမှာ COVID-19 တွေ့ရှိဆိုတဲ့ သတင်းတစ်ခု လူမှုကွန်ယက်သုံးစွဲသူတွေအကြားမှာ ပျံ့နှံ့ လျှက်ရှိတာတွေ့ရပါတယ်။  “Covid 19 စစ်ဆေးရာဌာနသို့ သီတဂူဆရာတော်ကြီး ရောက်ရှိလာပြီ”ဆိုတဲ့ ဒီခေါင်းစဉ်နဲ့မျှဝေထားတဲ့သတင်းမှာ သီတဂူဆရာတော်ကြီးကူးစက်ခံရတဲ့ ဗိုင်းရပ်စ်မှာ “Covit 19 ၏အဆင့်အမြင့်ဆုံးဖြစ်သော #blackpigcovitvirus ဖြစ်ပြီးပျောက်ကင်းဖို့ရာမဖြစ်နိုင်နိုင်ကြောင်း”စသည်ဖြင့်ရေးသားပြီး အောက်ပါအတိုင်းမျှဝေထားပါတယ်။ Fb link Archive link ဒီပို့စ်ကို ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာတွေမှာလည်း မျှဝေထားတာတွေ့ရပါတယ် အချက်အလက်စိစစ်ချက်  “အဲဒီပုံက လွန်ခဲ့တဲ့နှစ်များစွာက အာရှတော်ဝင်မှာ နှလုံးစမ်းသပ်တဲ့ စက်ကြီးဝယ်လာလို့ သွားစစ်ဆေး ပေး တာပါ။ ပရိတ်ရွတ်ပေးတာပါ။ ဒီဓာတ်ပုံကိုပဲ သီတဂူဆရာတော် နေမကောင်းလို့ဆိုပြီး လွန်ခဲ့နှစ်က လျှောက် ဖွနေတာ တွေ့ဖူးပါတယ်”ဆိုပြီးတော့ သီတဂူဆရာတော်ကြီးရဲ့ လက်ရုံးတပည့်ဆရာတော်တစ်ပါးဖြစ်တဲ့ ဒေါက်တာကောဝိဒသိရီ(သီတဂူစတားဆရာတော်)က ကိုယ်ပိုင်လူမှုကွန်ယက်စာမျက်နှာတဆင့် ပြန်လည် ရှင်းလင်းထား တာတွေ့ရပါတယ်။ အောက်ပါလင့်ခ်မှာ ဝင်ရောက်လေ့လာ […]

Continue Reading

ဂျပန်ဝန်ကြီးချုပ် မြန်မာနိုင်ငံလာခဲ့သလား-မဟုတ်ပါ

ဂျပန်ဝန်ကြီးချုပ် မြန်မာနိုင်ငံလာပြီး ဒေါ်လာသန်း ၄၁၀ ပေးခဲ့တယ်ဆိုတဲ့ ပို့စ်တစ်ခုလူမှုကွန်ယက်သုံးစွဲသူတွေ အကြားမှာပျံ့နှံ့ခဲ့ပါတယ်။ “ကျေးဇူးသိတတ်လှတဲ့ ဂျပန်”စသည်ဖြင့်ခေါင်းစဉ်တပ်ထားပြီး ဂျပန်ဝန်ကြီးချုပ်မြန်မာနိုင်ငံကိုရောက်လာခဲ့ပြီး ကိုဗစ်ကြောင့်ဖြစ်ပေါ်တဲ့စီးပွားရေးကျဆင်းမှုကို ကုစားနိုင်ဖို့ အစိုးကို ဒေါ်လာ သန်း ၄၁၀ ပေးသွားပါတယ် (ချေးတာမဟုတ်ပါ) ဆိုပြီးတော့ ဂျပန်ဝန်ကြီးချုပ်ပုံနှင့်တကွ ရေးသားမျှဝေထားတာအောက်ပါအတိုင်းတွေ့ရ ပါတယ်။ Fb link Archive link အလားတူ ပို့စ်ကို ဒီနေရာနဲ့ ဒီနေရာတွေမှာ မျှဝေထားတာတွေ့ရပါတယ်။ အချက်အလက်စိစစ်ချက် တကယ်တော့ ဒီအချက်အလက်တွေဟာ ထင်ယောင်ထင်မှားဖြစ်စေပြီး မှားယွင်းနေတာတွေ့ရပါတယ်။  ယခုနှစ်အတွင်း မြန်မာနိုင်ငံကို ဂျပန်ဝန်ကြီးချုပ် လာရောက်ခဲ့ခြင်းမရှိပါဘူး။ ြသဂုတ် ၂၄ ရက်ကနေ ၂၅ ရက်အထိ မြန်မာနိုင်ငံကို လာရောက်ခဲ့တာဟာ ဂျပန်နိုင်ငံခြားရေးဝန်ကြီးဖြစ်တာတွေ့ရပါတယ်။ နိုင်ငံတော်အတိုင်ပင် ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဂျပန်နိုင်ငံခြားရေးဝန်ကြီးတွေ့ဆုံတဲ့ သတင်းကို အောက်ပါလင့်ခ်မှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။  […]

Continue Reading