Fact Check: NUG ရဲ့ လုပ်ကြံမယ့်စာရင်းရှိသလား-မဟုတ်ပါ

အမျိုးသားညီညွှတ်ရေးအစိုးရ(NUG) ကလုပ်ကြံသတ်ဖြတ်မယ့် စာရင်းပေါက်ကြားမှုဆိုပြီးတော့ဖေ့စ်ဘွတ် အသုံးပြုအတော်များများက မျှဝေလျှက်ရှိပါတယ်။  သို့သော် ဒီလိုလုပ်ကြံစာရင်းမရှိဘူးလို့ NUG တာဝန်ရှိသူတွေက ငြင်းဆိုထားပါတယ်။   “Aunglan Media Group” အမည်နဲ့ဖေ့စ်ဘွတ်စာမျက်နှာက “NUG.က လုပ်ကြံမည့်စာရင်း ပေါက်ကြား သီတဂူဆရာတော်ဘုရားကြီး ပါချုပ်ဆရာတော်ဘုရားကြီး ဦးခင်ရွှေ ခန့်စည်သူ ဒေါ်နွဲ့နွဲ့စန်း ကိုကိုကြီး သူရရွှေမန်းအပါအဝင် တစ်ရာကျော်စာရင်း…နိုင်ငံတကာသံတမန်များထံ ပေါက်ကြားခဲ့သည်”လို့ ရေးသားပြီးမျှဝေထားတွေ့ရပါတယ်။ အလားတူရေးသားမျှဝေမှုတွေကို ဒီနေရာ၊ဒီနေရာ၊ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။  မူရင်းလင်ခ့် – Fb link |  Archive link  အချက်အလက်စိစစ်ချက် လုပ်ကြံသတ်ဖြတ်မယ့်စာရင်း မရှိသလို မူဝါဒလည်းမရှိကြောင်းနဲ့  ကိုင်စွဲထားတဲ့ စံတန်ဖိုးတွေနဲ့လည်း ကိုက်ညီမှုမရှိကြောင်း NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က VOA Burmese သတင်းဌာနကို ငြင်းဆိုထားပါတယ်။ မူရင်းလင်ခ့် – VOA […]

Continue Reading