ရေကြည်ရေနောက်မရောတဲ့နေရာက ပစိဖိတ်နဲ့ အတ္တလန်တိတ်သမုဒ္ဒရာဆုံရာနေရာလား

သင်္ဘောတစ်စင်းပေါ်ကနေ ရိုက်ပြထားတဲ့ မြင်ကွင်းတစ်ခုမှာ ကြည်လင်နေတဲ့ ရေပြင်ကျယ်ကြီးနဲ့ အနည်ငယ်နောက်ကျိနေရတဲ့ ရေပြင်ကျယ်ကြီးနှစ်ခုဟာ စည်းခြားထားသလို မရောနှောဘဲရှိနေတာကို ပြထားပါတယ်။ တစ်မိနစ်ခန့် ရှည်လျားတဲ့ ဒီဗွီဒီယိုကို “မမြင်ဖူးသူများအတွက်” ပစိဖိတ် နှင့် အတ္တလန္တိတ် “သမုဒ္ဒရာနှစ်စင်းမြင်ဖူး သူလက်ချိုးရေလို့ရတဲ့အထဲ သင်ပါသွားပါပြီ”ဆိုပြီးတော့ “Pan Do Ra”အမည်နဲ့ဖေ့စ်ဘွတ်သုံးစွဲသူက မျှဝေထားရာမှာ လူမှုကွန်ယက်သုံးစွဲစူ ၅ ထောင်ကျော်က ပြန်လည်မျှဝေခဲ့ကြပါတယ်။ Fb link Archive link ဒီဗွီဒီယိုကိုပဲ “Mg Oo”အမည်နဲ့ဖေ့စ်ဘွတ်သုံးစွဲသူက “ပြည်တွင်းပြည်ပ-သတင်းစုံ”အမည်နဲ့ဖစ်ဘွတ်အုပ်စုမှာ ပြန်လည်မျှဝေထားတာလည်းတွေ့ရပါတယ်။သမုဒ္ဒရာ ၂ စင်းဆုံရာလို့ ပြောနေကြတဲ့ ဗွီဒီယိုဟာပြီးခဲ့တဲ့  နှစ်အငယ်အတွင်းကတည်း မကြာခဏပျံ့နှံ့ခဲ့ တာသတိထားမိပါတယ်။ အချက်အလက်စိစစ်ကြည့်ရအောင်ပါ။ အချက်အလက်စိစစ်ချက် Google မှာ အဓိကကျတဲ့စကားလုံးတွေဖြစ်တဲ့ “junction of pacific and atlantic ocean” […]

Continue Reading