Fact Check: စစ်ကိုင်းတိုင်းကို KIA တို့ အများဆုံး မီးရှို့နေဆိုတဲ့ ဝါဒဖြန့်သတင်းမှား
စစ်ကိုင်းတိုင်းကို KIA တို့ အများဆုံး မီးရှို့ဖျက်ဆီးနေတဲ့အကြောင်းအရင်းများစွာထဲ ထင်ရှားတဲ့အကြောင်းအရင်း တွေလို့ဆိုပြီး ပို့စ်တစ်ခုဖေ့စ်ဘွတ်မှာ ဖြန့်ဝေလျှက်ရှိပါတယ်။ ဝါဒဖြန့်သတင်းမှားတစ်ခုသာဖြစ်ပါတယ်။ ပျံ့နှံ့လျှက်ရှိတဲ့ ဗွီဒီယိုထဲမှာ စစ်ကိုင်းတိုင်းကို KIA တို့ အများဆုံး မီးရှို့ဖျက်ဆီးနေတဲ့အကြောင်းအရင်းများစွာထဲ ထင်ရှားတဲ့အကြောင်းအရင်း ၅ ချက်ဆိုပြီးတော့ ထုတ်နှုတ်ဖော်ပြထားပြီး အဓိကအားဖြင့်တော့ ကချင်လူမျိုးတွေ မဟုတ်ဘဲ ဗမာလူမျိုးတွေဖြစ်နေတာကြောင့် ဗမာရွာတွေကို မီးရှိုနေ့ရခြင်းဖြစ်တယ်လို့ ဖော်ပြပါတယ်။ အောက်ပါပို့စ်ကတော့ ဒီပြောဆိုချက်ပါတဲ့ ဗွီဒီယိုကို ဖြန့်ဝေနေပုံကို တွေ့ရှိရတဲ့ screenshot ဖြစ်ပါတယ်။ “ဘာကြောင့် စစ်ကိုင်းတိုင်းကို KIA တို့ အများဆုံး မီးရှို့နေတာလဲ? အကြောင်းရင်းများစွာရှိပါတယ် 2 min စာ video လေးကို အစဆုံးနားထောင်ကြည့်လိုက်ပါ အဖြေပေါ်ပါလိမ့်မယ်”လို့ ရေးသားပြီး “Ko Hla Shwe” အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူကအောက်ပါအတိုင်းမျှဝေထားတာတွေ့ရပါတယ်။ […]
Continue Reading