Fact Check: KIA တပ်မဟာ ၈ ဗုံးကြဲမှုအတွင်း KIA နဲ့ PDF ၈၃ ယောက်သေဆုံးမှု သတင်းမှား

KIA တပ်မဟာ ၈ ဗုံးကြဲတိုက်ခိုက်ခံရပြီး KIA နဲ့ PDF ၈၃ ယောက်သေဆုံးခဲ့ကာ လက်နက်တိုက်အပါအဝင် အဆောက်အဦး ၄၂ လုံးပျက်စီးသွားတယ်ဆိုတဲ့ ပို့စ်တစ်ခုဖေ့စ်ဘွတ် အသုံးပြု သူတွေအကြားပျံ့နှံခဲ့ပါတယ်။ ပျံနှံ့ခဲ့တဲ့ ပို့စ်တွေမှာ KIA တပ်မဟာ ၈ ကို တိုက်ခိုက်နေတဲ့ပုံအဖြစ် တိုက်လေယာဉ်နဲ့ ပစ်ခတ်တိုက်ခိုက်နေတဲ့ပုံ၊ မြေပြင်ဓာတ်ပုံနဲ့ စစ်သားတွေ မြန်မာအလံကိုင် အောင်ပွဲခံနေတဲ့ ဓာတ်ပုံတွေပါဝင်ပါတယ်။   KIA တပ်မဟာ ၈ ကို စစ်တပ်က ညပိုင်းမှာ လျှပ်တပျက်ဗုံးကြဲတိုက်ခိုက်ခဲ့တာမှန်ပေမဲ့ ဓာတ်ပုံတွေဟာ အကြောင်းအရာအသီးသီးနဲ့ပျံ့နှံ့လျှက်ရှိတဲ့ ဓာတ်ပုံဟောင်းတွေဖြစ်ပြီး ထိခိုက်သေဆုံးမှုကိုတော့ KIO တာဝန်ရှိသူက ငြင်းဆိုထားတာတွေ့ရပါတယ်။ အောက်ပါ screenshot ကတော့ ဒီလိုပြောဆိုချက်တွေပါဝင်ပြီးပို့စ်ခုပါ။ မူရင်းလင်ခ့် – FB link |  Archive link   […]

Continue Reading

Fact Check: ဒီဓာတ်ပုံက AA ဖမ်းဆီးခဲ့တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ဓာတ်ပုံဖြစ်တယ်

မြန်မာနိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ်တစ်နေရာက KIA နဲ့ PDFတို့ဖမ်းဆီးရမိတဲ့ စစ်သားတွေဆိုပြီး  အမျိုးသား ၁၄ ယောက် ဒူးထောက် လျှက်ရှေ့မှာ လက်နက်ခဲယမ်းတွေပြသထားတဲ့ဓာတ်ပုံ ဖေ့စ်ဘွတ်အသုံးပြုသူတွေ အကြားပျံ့နှံ့ လျက်ရှိပါတယ်။ ဓာတ်ပုံဟာ ဇူလိုင် ၁၈ ရက်က မောင်တောမြို့နယ်အတွင်း တိုက်ပွဲတစ်ခုမှာ ရက္ခိုင့်တပ်တော်(AA)ရဲ့ ဖမ်းဆီးခြင်းခံခဲ့ရတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဖြစ်ပါတယ်။ အောက်ပါစာသားတွေကတော့ ပျံ့နှံ့ခဲ့တဲ့ ဖေ့စ်ဘွတ်ပို့စ်တစ်ခုကကောက်နုတ်ထားတာဖြစ်ပါတယ်။ “KIA/PDFတို့ရဲ့ လက်စွမ်း….  ခွေးများစွာ အရှင်မိ/လက်နက်ခဲယမ်း အမြောက်အများ သိမ်းဆည်းရရှိ    ကချင်ပြည်တနေရာ ၂၁_၈_၂၂/ATM” မူရင်းလင်ခ့် – FB link |  Archive link   တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာမှာ လည်းတွေ့ရပါတယ်။  အချက်အလက်စိစစ်ချက် Google မှာ ဓာတ်ပုံကို ပုံရှာနည်းအသုံးပြုရှာဖွေကြည့်ရာမှာ တူညီတဲ့ဓာတ်ပုံကို ၂၀၂၂ ခုနှစ် […]

Continue Reading

Fact Check: KIA တပ်ရင်း ၁၂ ကို စစ်ကောင်စီ တိုက်ခိုက်သိမ်းပိုက်လိုက်တယ်ဆိုတဲ့ သတင်းမှား

ကချင်လွတ်မြောက်ရေးတပ်မတော်(KIA)တပ်မဟာ ၃ လက်အောက်ခံ တပ်ရင်း ၁၂ အား မြန်မာတပ်မတော်မှ တိုက်ခိုက်သိမ်းပိုက်လိုက်ပြီးဆိုတဲ့ ပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေ အကြားမှာပျံ့နှံ့လျက်ရှိပါတယ်။ ပျံ့နှံ့ခဲ့တဲ့ပို့စ်မှာ စစ်သားတွေအောင်ပွဲခံနေတဲ့ပုံ၊ အဘုသအခမ်းအနားတစ်ခုဓာတ်ပုံလည်းပါဝင်ပါတယ်။ နားလည်မှုလွဲစေနိုင်တဲ့ သတင်းမှားတစ်ခုသာ ဖြစ်ပါတယ်။ အောက်ပါစာသားတွေကတော့ပျံ့နှံ့လျက်ရှိတဲ့ပို့စ်ပါစာသားတွေပဲဖြစ်ပါတယ်။ “စစ်တိုက်တာနိုင်ဘို့ဘဲလိုတယ် ပန်းနဲ့ပေါက်နေတာမှမဟုတ်တာ၊ KIA တပ်မဟာ ၃ လက်အောက်ခံ တပ်ရင်း ၁၂ အား မြန့်မာ တပ်မတော်မှ အပြီးသတ်  သိမ်းပိုက်လိုက်ပြီဖြစ်ပါကြောင်း ကျဆုံး ရဲဘော် တွေကိုလည်း လက်တင်  အလေးပြုပါသည်  Credit#နဝထ&Nay Min”လို့ရေးသားပြီး “မြပန်း နွယ်”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက မျှဝေထား တာတွေ့ရပါတယ်။  တူညီတဲ့ရေးသားမျှဝေမှုတွေကို ဖေ့စ်ဘွတ်ရဲ့ဒီနေရာ၊ ဒီနေရာ၊ ဒီနေရာ၊ ဒီနေရာ နဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။ မူရင်းလင်ခ့် – FB link |  Archive […]

Continue Reading

Fact Check: KIA တပ်ရင်းနဲ့တပ်မဟာတွေကို မြန်မာစစ်တပ်လေကြောင်းက တိုက်ခိုက်ခဲ့တဲ့ပုံလား-မဟုတ်ပါ

ကချင်လွတ်မြောက်ရေးတပ်မတော်(KIA)ရဲ့ တပ်ရင်းနဲ့ တပ်မဟာတွေကို မြန်မာစစ်တပ်က လေကြောင်းက တိုက်ခိုက်နေပုံအဖြစ် ဓာတ်ပုံ ၁ ပုံ ဖေ့စ်ဘွတ်အသုံးပြုသူတွေ အကြား ပျံ့နှံ့လျှက်ရှိပါတယ်။ ဓာတ်ပုံထဲမှာ အဝေးတစ်နေရာက အဆောက်အဦးတွေဆီကနေ မီးခိုးတွေ ပျံတက်နေတာကို မြင်တွေ့ရပါတယ်။ တကယ်တော့ သတင်းမှားတစ်ခုသာဖြစ်ပါတယ်။ ဓာတ်ပုံဟာ ချင်းပြည်နယ် ထန်တလန်မြို့ကို  “KIA..ဂွမ်မော်…ဖင်ကျယ်တော့… KIA.ရင်း.၁၄..ရင်း.၆..တပ်မဟာ..၉.. လင်းယုန်တွေ…အစာကြွေးနေပြီ.. 10-5-22..အာရုံဦး…NCA..ဖောက်ဖျက်.ဆုံးမခြင်း..သင်ခဏ်းစာ. Sittway Thitsar @ကရင်ပြည်နယ်”လို့ရေးသားပြီး “Fighterforce Fighterforce”အမည်နဲ့ဖေ့စ်ဘွတ် အသုံးပြုသူက အောက်ပါအတိုင်းမျှဝေထားပါတယ်။ မူရင်းလင်ခ့် – Fb link |  Archive link   အလားတူမျှဝေမှုတွေကို ဒီနေရာ၊ဒီနေရာ၊ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။ အချက်အလက်စိစစ်ချက် Google မှာ ဓာတ်ပုံအွန်လိုင်းမှာ ပျံ့နှံ့ခဲ့တဲ့ ရာဇဝင်ကိုရှာဖွေကြည့်ရာမှာ ဒီဓာတ်ပုံဟာ ၂၀၂၁ ခုနှစ် အောက်တိုဘာ ၂၉ […]

Continue Reading

Fact Check: KIA တပ်မဟာ ၉ ကျရှုံးသွားပြီဆိုတဲ့သတင်းတုသတင်းမှား

လက်နက်အတော်များများမြေပေါ်မှာ စုပုံထားတဲ့ ဓာတ်ပုံ ၁ ပုံနဲ့အတူ ကချင်လွတ်မြောက်ရေးတပ်မတော်(KIA)ရဲ့ တပ်မဟာ ၉ ကို တပ်မ ၈၈ ကချေမှုန်းလိုက်ပြီဆိုတဲ့ ပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေ အကြားပျံ့နှံ့ လျက်ရှိပါတယ်။ တကယ်တော့ ဓာတ်ပုံဟာ ၂၀၁၆ ခုနှစ်ကတည်း အင်တာနက်မှာ ပျံ့နှံ့ခဲ့ပြီးဖြစ်သလို ကချင်လက်နက်ကိုင် တပ်မဟာ ၉ ကျရှုံးတဲ့အကြောင်းအရာဟာလည်းမှားယွင်းပါတယ်။ “KIA တပ်မဟာ ၉ ကျရှုံးသွားပါဘီ . ပြေးချိန်တောင် မရလိုက်ဘူးဟု သိရပါတယ် … ပြည်ထောင်စုမြန်မာ့တပ်မတော်  တပ်မ ၈၈ ကတွယ်လိုက်တာပါ.            KIA အလောင်း ၂၀၀ ကျော် . လက်နက်မျိုးစုံ ၃၀၀  ကျော်ရရှိပါသည်”စသည်ဖြင့်ရေးသားပြီး “ပေတရာ ဘဂျမ်း ဘဝ”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက ၂၀၂၂ ခုနှစ် ဧပြီ ၁၈ ရက်မှာအောက်ပါအတိုင်းမျှဝေထားပါတယ်။ […]

Continue Reading

Fact Check: ၂၀၁၅ ခုနှစ်က KIA တပ်ကြပ်တစ်ဦးအလင်းဝင်ခဲ့တဲ့ပုံကို လက်ရှိအဖြစ် အပျက်အဖြစ်မျှဝေ

စစ်စိမ်းရောင်ပျောက်ကျားအင်္ကျီဝတ်အမျိုးသားတစ်ဦးဓာတ်ပုံနှင့်အတူ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) တပ်မဟာ ၁ လက်အောက်ခံ တပ်ကြပ်ကြီးတစ်ဦးဟာ စစ်ကောင်စီထံ အလင်းဝင်လာတယ်လို့ ရေးသားထားတဲ့ ပို့စ်တစ်ခု ဖေ့စ်ဘွတ်မှာ ပျံ့နှံ့လျက်ရှိပါတယ်။  ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၇ ရက်က မြစ်ကြီးနားမြို့နေ ဇနီးမောင်နှံကို ပူတာအိုမြို့မှ အပြန် ဆွမ်ပရာဘွမ်မြို့နယ် ခင်ဒူယာန်ကျေးရွာအထွက်မှာ KIA နဲ့ PDF ပူးပေါင်းအဖွဲ့ ကားရပ်ခိုင်းတာ မရပ်လို့ ပစ်သတ်တာကို မကျေနပ်လို့ အခုလို အလင်းဝင်တာလို့လည်း ဒီပျံ့နှံ့ခဲ့တဲ့ပို့စ်တွေမှာ ဖော်ပြထားပါတယ်။ သို့သော် ဓာတ်ပုံပါအမျိုးသား ၂၀၁၅ ခုနှစ်အတွင်းက KIA ဆီကအလင်းဝင်လာတဲ့ အမျိုးသားဖြစ်တာ တွေ့ရပါတယ်။  အောက်ပါစာသားတွေကတော့ ဓာတ်ပုံနဲ့အတူ ပျံ့နှံ့လျက်ရှိတဲ့ပို့စ်ပါ စာသားအချို့ဖြစ်ပါတယ်။ “ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်မဟာ ၁ လက်အောက်ရှိ တပ်ရင်း ၇ မှ […]

Continue Reading

Fact Check: ၂၀၁၈ ခုနှစ်က KIA က ပြန်လွှတ်ပေးခဲ့တဲ့ တပ်မတော်သား ၃ ဦးကို လက်ရှိအဖြစ်အပျက်သဖွယ် ပြန်လည်မျှဝေ

ကချင်လက်နက်ကိုင်အဖွဲ့(KIA)က စစ်သား ၃ ယောက်ကို ပြန်လွှတ်ပေးလိုက်တယ်လို့ရေးသားပြီး ဓာတ်ပုံ ၃ ပုံနှင့်အတူ ဖေ့စ်ဘွတ် အသုံးပြုသူထောင်ပေါင်းများစွာပြန်လည်မျှဝေလျှက်ရှိပါတယ်။  သို့သော် ဓာတ်ပုံတွေဟာ ၂၀၁၈ ခုနှစ်အတွင်းက KIA က ပြန်လွှတ်ပေးလိုက်တဲ့ စစ်သားသုံးယောက်ရဲ့ ဓာတ်ပုံ ဖြစ်တာတွေ့ရပါတယ်။  “Soe Thiha”အမည်နဲ့ ဖေ့စ်ဘွတ် အသုံးပြုသူ မျှဝေထားတဲ့ စာသားတဲ့ ကောက်နှုတ်ချက်အချို့ကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။ “KIA ဘက်က ဖမ်းမိထားတဲ့  စကစစစ်သား ၃ ယောက်ကို  သတ်မပစ်တဲ့အပြင် လမ်းစရိတ် ၅၀၀၀၀ စီ ပေးပြီး ပြန်လွှတ်ပေးလိုက်တယ် ဘယ်လောက် လူသားဆန်လဲ”စသည်ဖြင့် စအချီ ရေးသားပြီး မျှဝေထားရာ ဒီပို့စ်ကို ပြန်လည်မျှဝေမှုပေါင်း ၅ထောင် ၆ ရာကျော်ရှိပါတယ်။ အလားတူ ရေးသားမျှ ဝေမှုတွေကို ဒီနေရာ၊ ဒီနေရာ၊ […]

Continue Reading

Fact Check: ကာမိုင်းမြို့ထဲကို KIA ဝင်သိမ်းပိုက်တဲ့ဓာတ်ပုံလား-မဟုတ်ပါ

ကာမိုင်းမြို့ထဲကို ကချင်လက်နက်ကိုင်အဖွဲ့(KIA)က ဝင်ရောက်သိမ်းပိုက်တယ်ဆိုပြီးတော့ စစ်ဝတ်စုံနဲ့ စစ်သား တွေပါဝင်တဲ့ ဓာတ်ပုံ ၂ ပုံကို လူမှုကွန်ယက်အသုံးပြုသူ ထောင်ဂဏန်းက ပြန်လည်မျှဝေလျှက်ရှိပါတယ်။  သို့သော် ဓာတ်ပုံတွေဟာ ပြီးခဲ့တဲ့နှစ်များအတွင်း အင်တာနက်မှာ ပျံ့နှံ့ခဲ့ပြီးဖြစ်တာတွေ့ရသလို ကာမိုင်းမြို့မှာ ရိုက်ကူထားတဲ့ပုံမဟုတ်တာတွေ့ရပါတယ်။  “မြို့သိမ်းတယ်ဆိုတာ ဒါကိုခေါ်တယ်ဗျာ〰️ ကားမိုင်းမြို ကို ပြည်သူ့တပ်မတော် KIA မှ ဝင်ရောက်နေရာယူပြီးသကာလ….. #တရားသောစစ်ပွဲအောင်မြင်ပါစေ_ပြည်သူ့တပ်မတော်KIA”လို့ ရေးသားပြီး“Mi Soe”အမည်နဲ့ ဖေ့စ်ဘွတ် အသုံးပြုသူ က မျှဝေထားရာ ဒီပို့စ်ကို ပြန်လည်မျှဝေမှုပေါင်း ၃ ထောင် ၅ ရာကျော်ရှိပါတယ်။ အလားတူ ရေးသားမျှ ဝေမှုတွေ ကို ဒီနေရာ၊ဒီနေရာ၊ ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာတွေမှာလည်းတွေ့ရပါတယ်။ မူရင်းလင်ခ့် – Fb link |  Archive link  […]

Continue Reading

Fact Check: ဒီဗွီဒီယိုက KIA ပစ်ချလိုက်တဲ့ ရဟတ်ယာဉ်နဲ့သက်ဆိုင်ခြင်းမရှိပါ

ရဟတ်ယာဉ်တစ်စီး ပျံသန်းနေစဉ်အတွင်းမှာ မီးလောင်ပျက်ကျသွားတဲ့ဗွီဒီယိုကို ကချင်လက်နက်ကိုင်အဖွဲ့ (KIA)က ပစ်ချလိုက်တဲ့ ဗွီဒီယိုလို့ရေးသားထားတဲ့ ဖေ့စ်ဘွတ်ပို့စ်ကို လူထောင်ဂဏန်းက ပြန်လည်မျှဝေ လျှက်ရှိပါတယ်။ သို့ပေမဲ့ ဒီဗွီဒီယိုဟာ ၂၀၂၀ ခုနှစ်ကတည်းက အင်တာနက်မှာပျံ့နှံ့ခဲ့ပြီးဖြစ်တာတွေ့ရပြီး ဆီရီးယားမှာရဟတ်ယာဉ် ပြစ်ချခံရမှုဖြစ်ပါတယ်။   “KIAက မအလ တိုက်လေယဉ်ကြီးပြစ်ချလိုက်တာ အဘရေမတော့ဘူး လိုအော်ပြီး ဒိုင်းဆိုပေါက်ကွဲသွားတာ 😂😂😂အားရချက်ကွာ ပတ်ဗေပုံ ပတ်ဗေပုံ ပတ်ဗေပုံ ဂျီ့”လို့ေရးသားပြီး “Zaw Aung Aung”အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူက မေ ၃ ရက်မှာ မျှဝေထားရာမှာ ပြန်လည်မျှဝေသူ ၁ ထောင် ၅ ရာဝန်းကျင်ရှိပါတယ်။ အလားတူရေးသားမျှဝေမှုတွေကို ဒီနေရာ၊ ဒီနေရာ၊ ဒီနေရာ၊ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာမှာလည်း ေတွ့ရပါတယ်။ မူရင်းလင်ခ့် – Fb link |  Archive […]

Continue Reading

Fact Check: ၂၀၁၉ ခုနှစ်အတွင်းက တိုက်ပွဲကျခဲ့တဲ့ အရာရှိတစ်ဉီးကို လက်ရှိကချင်က ဖြစ်စဉ်အဖြစ်မျှဝေ

ကချင်ပြည်နယ်က ကချင်လက်နက်ကိုင်အဖွဲ့(KIA)ရဲ့ အလောဘွမ်စခန်းကို လာရောက်တိုက်ခိုက်ရင်း ကျဆုံးခဲ့တဲ့ မြန်မာစစ်တပ်မှတပ်ရင်းမှူးအဖြစ် အရာရှိတစ်ယောက်ဓာတ်ပုံ၊ လက်နက်ခဲယမ်းပုံများနှင့်အတူရေးသား မျှဝေ ထားရာမှာ ဖေ့စ်ဘွတ်အသုံးပြုသူ ထောင်ဂဏန်းက ဒီပို့စ်ကို ပြန်လည်မျှဝေလျက်ရှိပါတယ်။  မြန်မာစစ်တပ်ဘက်က ခလရ ၄၃၇ နဲ့ ခလရ ၃၈၇ တပ်ရင်း၂ ရင်းနဲ့ တိုက်ခိုက်ခဲ့သလို လေကြောင်းကနေလည်း ပစ်ကူတိုက်ခိုက်ခဲ့ပေမဲ့ တပ်ရင်းမှူးအပါအဝင် တပ်ရင်း ၂ ရင်းစလုံးကျရှုံးခဲ့တယ်လို့လည်း ရေးသားထားပါတယ်။ “ခွေးကောင်စီက စေလွှတ်လိုက်တဲ့ ခလရ (၄၃၇) တပ်ရင်းနဲ့ ခလရ ၃၈၇ တပ်ရင်းနှစ်ရင်းလုံးက တပ်ရင်းမှူး နှစ်ဦးလုံး ကာလနာတိုက်ကုန်ကြပြီး ခလရ ၄၃၇ တပ်ရင်းမှူးအလောင်းကိုတော့ နွမ်လျန်ရွာ မှာ ရဟတ်ယာဉ်ဖြင့် လာရောက်သယ်ဆောင်သွားခဲ့ကြပေမယ့် ခလရ ၃၈၇ တပ်ရင်းမှူးကတော့ အလောင်းတောင် ပြန်မသယ်နိုင်ပဲ ပိုးစိုးပက်စက် ရှုံးနိမ့်ခဲ့ကြတယ်။(မူရင်းအရေးအသားအတိုင်း)”စသည်ဖြင့်ရေးသားပြီး […]

Continue Reading