Fact Check: KNDF နဲ့ KNLA ပူးပေါင်းပြီး မြဝတီကို ထိန်းချုပ်လိုက်တဲ့ သတင်းတု

KNDF နဲ့ KNLA ပူးပေါင်းပြီး မြဝတီကို ထိန်းချုပ်လိုက်ပြီဆိုတဲ့  ဗွီဒီယိုတခု ယူကျူ့မှာ ဖြန့်ဝေထားတာ ပျံ့နှံ့မှုအားကောင်းနေပါတယ်။ သတင်းတုသာ ဖြစ်တယ်။ အောက်ပါ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကတော့ ဒီလိုပြောဆိုမျှဝေထားတဲ့ ပျံ့နှံ့မှု အားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုက ရယူထားခြင်းဖြစ်တယ်။ ဇူလိုင် ၂၃ ရက်က ဖြန့်ဝေထားတဲ့ ဒီဗွီဒီယိုဟာ လက်ရှိအချိန်မှာ ကြည့်ရှုမှုပေါင်း ၁ ဒဿမ ၆ သိန်း ကျော်ရရှိထားတယ်။  “မြဝတီမြို့ ကျသွားပြီဟေ့ ၊ KNDF နဲ့ KNLA ပူးပေါင်းပြီး မြဝတီကို ထိန်းချုပ် ၊ အကြမ်းဖက် အာင်ဇေယျ စစ်ကြောင်း လပ်နက်ချ ၊ ရဲ့ဝင်းဦး ခွက်ခေါက်နေပြီ” Original link | Archive link အချက်အလက်စိစစ်ချက်  […]

Continue Reading

Fact Check: KNDF ကိုလေယာဉ်ပစ်လက်နက် အမေရိကန်ပေးမယ်ဆိုတဲ့ နားလည်မှုလွဲစေနိုင်တဲ့ သတင်းမှား

ကရင်နီအမျိုးသားကာကွယ်ရေးတပ်(KNDF) ကိုလေယာဉ်ပစ်လက်နက်ပေးဖို့ အမေရိကန် အတည်ပြု ကြေညာလိုက်တယ်လို့ဆိုထားတဲ့ သတင်းမှားပို့စ်တစ်ခု ယူကျူ့အသုံးပြုသူတွေအကြား ပျံ့နှံ့မှုအားကောင်း လျှက်ရှိပါတယ်။ အောက်ပါစာသားနဲ့ စခရင်ရှော့ကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုတခုက ရယူထားခြင်းဖြစ်တယ်။ ဖေဖော်ဝါရီ ၂၄ ရက်ကစတင်ဖြန့်ဝေထားတဲ့ ဒီဗွီဒီယိုဟာ လက်ရှိအချိန်မှာ ကြည့်ရှူ့မှုပေါင်း ၂ သိန်းကျော်ရရှိ ထားတယ်။ “အမေရိကန်ကတော့ အလုပ်နဲ့ သက်သေပြလိုက်ပြီ KNDF ကို လေယာဉ်ပစ်လက်နက်ပေးဖို့ အမေရိကန် အတည်ပြုကြေညာ” မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုကို ဖော်ပြထားတဲ့ Mandalay Khit Thit အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာတွေမှာ သို့မဟုတ် ဖေ့စ်ဘွတ်အသုံးပြုတွေက မူလက ဖော်ပြခဲ့ပြီးဖြစ်တဲ့ အကြောင်းအရာတွေကို နားလည်မှုလွဲစေနိုင်တဲ့ သတင်းခေါင်းစဉ်တွေ သို့မဟုတ် […]

Continue Reading

Fact Check: လက်ရှိပဋိပက္ခအတွင်း KNDF ဒုတိယစစ်ဦးချုပ်မာဝီ ဒဏ်ရာရတဲ့ ဗွီဒီယိုလား-မဟုတ်ပါ

ကရင်နီအမျိုးသား ကာကွယ်ရေးတပ်(KNDF)ဒုတိယစစ်ဦးစီးချုပ်မာဝီ မြန်မာစစ်တပ် က ပစ်ခတ်တဲ့ လက်နက်ကြီး ထိမှန်ပြီး ဒဏ်ရာအပြင်းအထန်ရထားတယ်လို့ဆိုထားတဲ့ ဗွီဒီယိုတခု လူမှုကွန်ယက် မှာ ပျံ့နှံ့မှုအားကောင်း လျှက်ရှိပါတယ်။ သတင်းမှားသာဖြစ်တယ်။ အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။ ထို့အပြင် ၁၇ စက္ကန့်ရှည်လျားတဲ့ ဗွီဒီယိုထဲမှာ စစ်ဝတ်စုံဝတ်အမျိုးသားတဦး ခြေထောက်မှာ ဒဏ်ရာရရှိထားပြီး သွေးထွက်နေတာကို အခြားသော လုပ်ဖော်ကိုင်ဖက်တွေက ဝိုင်းဝန်းပြုစုနေပါတယ်။  အလားတူတဲ့ ရေးသား မျှဝေမှုကို တယ်လီဂရမ်ရဲ့ ဒီနေရာနဲ့ ဒီနေရာ၊ ဖေ့စ်ဘွတ်ရဲ့ ဒီနေရာနဲ့ ဒီနေရာမှာလည်း ဖြန့်ဝေထားတာတွေ့ရပြီး KNDF ဒုစစ်ဦးစီးချုပ်ဟာ ဒီဇင်ဘာ ၁ ရက်မှာ စစ်တပ်က ပစ်ခတ်လိုက်တဲ့ လ်ကနက်ကြီး ထိမှန်ခဲ့တယ်လို့ ရေးသားထားပါတယ်။ “ကယားမှာ ချီးယားနော် အကြမ်းဖက်သမား မာဝီ ဆိုတဲ့ကောင်ကို တပ်မတော်က ဗျင်းထည့်လိုက်တာ… […]

Continue Reading

Fact Check: ဖရူဆိုမှာ ပြည်သူပိုင်နွားတွေကို ကရင်နီအကြမ်းဖက်အုပ်စုက ခိုးယူ သတ်ဖြတ်ဆိုတဲ့ သတင်းမှား

ဖရူဆိုမြို့နယ်မှာ အရပ်သားများ၏ နွားများကို ကရင်နီအကြမ်းဖက်အုပ်စုက ပေါ်ပေါ်တင်တင် သတ်ဖြတ်ယူ ဆောင်နေတယ်ပို့စ်တစ်ခုဖေ့စ်ဘွတ်အသုံးပြုသူတွေအကြားပျံ့နှံ့ခဲ့ပါတယ်။ သတင်းမှား ဖြစ်ပါတယ်။ “Sept 25 “ဖရူဆိုမြို့နယ်၌ အရပ်သားများ၏ နွားများကို ကရင်နီအကြမ်းဖက်အုပ်စုက ပေါ်ပေါ်တင်တင် သတ်ဖြတ် ယူဆောင်နေဟုဆို” ကယားပြည်နယ်၊ ဖရူဆိုမြို့နယ်၌ တောင်သူလုပ်ကိုင် စားသောက်နေသည့် ပြည်သူများ၏ နွားများကို ကရင်နီ အကြမ်းဖက်အုပ်စု (KNDF) က အတင်းအဓမ္မ သတ်ဖြတ်ယူဆောင်နေကြပြီး ဟန့်တားသော ရွာသူရွာသားများကို မသေရုံတမယ် ရိုက်နှက်မှုများ ပြုလုပ်နေကြသည်ဟု ဒေသခံများထံမှ သိရသည်။ “ကျွန်တော်တို့မှာ ဒီနွားလေးတွေနဲ့ လုပ်စားနေရတာပါ။ အဲဒါကို သူတို့အဖွဲ့အတွက် ဟင်းစားမရှိရင်လည်း သူတို့ကြိုက်တဲ့နွားကို သတ်ပြီးယူတတ်ကြတယ်။ တစ်ခါတစ်လေ ဆက်ကြေးတောင်းတဲ့အခါ ပေးစရာ မရှိရင်လည်း နွားကို သေနတ်နဲ့ပစ်သတ်ပြီး ယူသွားကြပါတယ်။ ဒါလေးပဲရှိတာမို့လို့ မယူပါနဲ့လို့ ပြောပြန်တော့လည်း […]

Continue Reading