Fact Check: လွှတ်တော်ကို စစ်တပ်က ဝင်စီးပြီး ဦးခင်ရီ အပါဝင် အမတ် ၁၈ ဦး ဖမ်းဆီးထားတဲ့သတင်းတု

False နိုင်ငံရေး | Politics

လွှတ်တော်ကို စစ်တပ်က ဝင်စီးပြီး ဦးခင်ရီ အပါဝင် အမတ် ၁၈ ဦး ဖမ်းဆီးဆိုထားတဲ့ ဗွီဒီယိုယူကျူ့မှာ ပျံ့နှံ့မှု အားကောင်းနေတာ တွေ့ရပါတယ်။ သတင်းခေါင်းစဉ်တုတပ် ဗွီဒီယိုတခုသာဖြစ်တယ်။ 

ယူကျူ့ချန်နယ်တခုက ဖြန့်ဝေထားတဲ့ ဗွီဒီယိုပို့စ်ရဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာ 

“လွတ်တော်ကို စစ်တပ်က ဝင်စီး

ဦးခင်ရီ အပါဝင် လွတ်အမတ် (၁၈) ဦး ဖမ်းဆီးထား ၊ စစ်တပ် အင်အားအပြည့်နဲ့ ဝင်စီးခိုင်းပြီး ပြသာနာတက်နေပြီ”

Original link | Archive link

အချက်အလက်စိစစ်ချက်

ဒီသတင်းကို ယုံကြည်ရလောက်တဲ့ သတင်းအရင်းအမြစ်တွေမှာဖြစ်စေ သတင်းလုပ်ငန်းလုပ်ကိုင်နေတဲ့ မီဒီယာတွေမှာဖြစ်စေ ဖော်ပြချက် မတွေ့ရပါဘူး။

ဗွီဒီယိုထဲ အသံဖိုင်မှာတော့ လွှတ်တော်ကိုလည်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ချုပ်ကိုင်ဖို့ ကြိုးစားနေတဲ့အကြောင်း စစ်တပ်ထောက်ခံသူတဦး ဧပြီလထဲမှာ ဝေဖန်ပြောဆိုထားတဲ့ ဗွီဒီယိုဖြစ်တာ တွေ့ရတယ်။ 

ဗွီဒီယိုဖြန့်ဝေထားတဲ့ “Khit Thit Media”ယူကျူ့ချန်နယ်ကို ကြည့်မယ်ဆိုရင်လည်း  သတင်းလုပ်ငန်း လုပ်ကိုင် နေတဲ့ ရန်ကုန်ခေတ်သစ် သတင်းဌာနရဲ့ ယူကျူ့အမည်နဲ့ အမှတ်တံဆိပ်ကို တုပထားပြီး သတင်းမီဒီယာ တချို့မှာ ဖော်ပြခဲ့ပြီးဖြစ်တဲ့ သတင်းတွေကို ခေါင်းစဉ်တုတပ် ဖြန့်ချိတာတွေ ပြုလုပ်ပါတယ်။ တခါတရံ လုပ်ကြံရေးသား ပြောဆိုမှုတွေနဲ့ သတင်းတွေကို ရောနှောဖြန့်ချိလေ့ ရှိပါတယ်။ Fact Crescendo Myanmar ရဲ့အချက်အလက် စိစစ်ချက်တွေကို ဒီလင့်ခ်မှာကြည့်ပါ။

သုံးသပ်ချက်

ဗွီဒီယိုဖြန့်ဝေထားတဲ့ “Khit Thit Media”ယူကျူ့ချန်နယ်ဟာ ရန်ကုန်ခေတ်သစ်သတင်းဌာနရဲ့ ယူကျူ့နာမည်ကို တုပထားပြီး သတင်းခေါင်းစဉ်တုတပ် ဗွီဒီယိုတွေနဲ့ လုပ်ကြံရေးသားဖြန့်ဝေမှုတွေ ဖြန့်ချိတဲ့နေရာဖြစ်တယ်။ နေပြည်တော်က လွှတ်တော်ကို စစ်တပ်က ဝင်စီးပြီး လွှတ်တော်အမတ်တွေကိုလည်း ဖမ်းထားတယ်ဆိုတာ အထောက်အထားမရှိပါဘူး။

Result Stamp

Title: Fact Check: လွှတ်တော်ကို စစ်တပ်က ဝင်စီးပြီး ဦးခင်ရီ အပါဝင် အမတ် ၁၈ ဦး ဖမ်းဆီးထားတဲ့သတင်းတု

Written By: နေရာမောင်

Result: False