တရုတ်နိုင်ငံနဲ့ အီတလီနိုင်ငံက ပုံတွေကို မလေးရှားနဲ့ ထိုင်းနိုင်ငံက ပုံတွေအဖြစ်ဖော်ပြမှု

“နိုင်ငံတကာက ကြောက်လန့်နေကြ ချိန် နောက်ဆုံးပုံက အသက်”ဆိုပြီးေတာ့ Myanmar Breaking News ဖေ့စ်ဘွတ်စာမျက်နှာမှာ ဓာတ်ပုံတွေကိုဖော်ပြလာပါတယ်။ ဓာတ်ပုံတစ်ခုချင်းစီမှာ နိုင်ငံအမည်ကို စာတမ်းထိုးထားတာတွေ့ရပါတယ်။  Fb link Archive link အခြားနိုင်ငံက လူမှုကွန်ယက်သုံးစွဲသူတွေအကြားမှာလည်း အခုလို ပြန်လည်ဖော်ပြထားတာတွေ့ရပါတယ်။ FB link Archive link အချက်အလက်စိစစ်ချက် ၁။ ပထမဆုံးဓာတ်ပုံမှာ Malaysia ဆိုပြီးတော့ ဖော်ပြထားပါတယ်။  Google မှာ ပုံပြောင်းရှာနည်းအသုံးပြုပြီးရှာတဲ့အခါမှာ အောက်ပါအတိုင်းတွေ့ရပါတယ်။ ဓာတ်ပုံတွေဟာ တရုတ်နိုင်ငံ ဝူဟန်မြို့က ပုံတွေဖြစ်ပါတယ်။ ၂။ ဒုတိယပုံမှာ Thailand ဆိုပြီးတော့ ရေးထားပါတယ်။  Google မှာ ပုံပြောင်းရှာနည်းအသုံးပြုပြီးရှာတဲ့အခါမှာ အောက်ပါအတိုင်းတွေ့ရပါတယ်။ ဓာတ်ပုံထဲမှာပါတဲ့နေရာဟာ အီတလီနိုင်ငံ ဗင်းနစ်မြို့မှာရှိတဲ့ အင်္ဂလိပ်လို့ St Mark’s Square […]

Continue Reading

ဖေ့စ်ဘွတ်cele ကျော်ကျော်နန္ဒ ဝူဟန်ဗိုင်းရပ်စ်ကြောင့် ဆေးရုံတင်ရဆိုတဲ့ သတင်းမှား

ဖေ့စ်ဘွတ်cele ကျော်ကျော်နန္ဒ ဝူဟန်ဗိုင်းရပ်စ်ကြောင့် ဆေးရုံတင်ရတယ်ဆိုပြီး လူမှုကွန်ယက်မှာ ဖြန့်ဝေနေတာရှိပါတယ်။ ကျော်ကျော်နန္ဒဟာ မိသားစုပြိုင်ပွဲပြီးဆုံးသွားချိန်မှာ ကိုရိုနာဗိုင်းရပ်ကြောင့် ချက်ချင်းဆေးရုံတင်လိုပ်ရတယ်လို့သိရတယ်ဆိုပြီးတော့ သတင်းထဲမှာ ရေးသားပါတယ်။ ဟာသ ဗဟုသုတ သတင်းစုံဆိုတဲ့ ဖေ့စ်ဘွတ်အဖွဲ့မှာ အောက်ပါအတိုင်းမျှ ဝေထားပါတယ်။  FB Link Archieve Link အချက်အလက်စိစစ်ချက် ၁။ ကျော်ကျော်နန္ဒ ရဲ့စာမျက်နှာမှာ မတ်လ ၇ ရက်နေ့မှာ အတွင်းခံဘောင်းဘီကြော်ငြာ ရိုက် တယ်လို့ ဆိုထားပါတယ်။ ကျန်းမာရေးအခြေအနေနဲ့ ပတ်သက်တဲ့ သတင်းဖော်ပြထားတာမတွေ့ရပါဘူး။ ၂။ မိသားစုပြိုင်ပွဲစာမျက်နှာမှာ မတ်လ ၆ ရက် ပြိုင်ပွဲမရှိတာတွေ့ရပါတယ်။ ၃။ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက မတ်လ ၇ ရက်ထုတ်ပြန်ချက်အရလည်း ရန်ကုန်တိုင်းဒေသကြီးမှာ မတ် ၆ ရက်နေ့က သံသယလူနာတွေ့ရတယ်လို့ မပါရှိပါဘူး။ သုံးသက်ချက် အထက်က […]

Continue Reading

မြန်မာအစိုးရ ဖုံးကွယ်ထားတဲ့ ဝူဟန်ဗိုင်းရပ်စ် ဖြစ်ပွားနေသော ဒေသမျာစာရင်း ပေါက်ကြားဆိုတဲ့ သတင်းမှား

မြန်မာအစိုးရဖုန်းကွယ်ထားတဲ့ ဝူဟန်ဗိုင်းရပ်စ် ဖြစ်ပွားနေသော ဒေသများစာရင်း ပေါက်ကြားဆိုတဲ့ သတင်းကို လူမှုကွန်ယက်သုံးစွဲသူတွေက ပြန်လည်မျှဝေကြပါတယ်။  လူမှုကွန်ယက်သုံးစွဲသူတစ်ဥ◌ီးကလည်း သတင်းကို မက်ဆေ့ဂျာက တစ်ဆင့်ပေးပို့လာပါတယ်။ လင့်ခ်ကို ထောက်ကြည့်လိုက်တဲ့အခါမှာ အောက်ပါအတိုင်းတွေ့ရပါတယ်။ အချက်အလက်စိစစ်ချက် ၁။ ခေါင်းစဥ◌်မှာ မြန်မာအစိုးရဖုန်းကွယ်ထားတဲ့ ဝူဟန်ဗိုင်းရပ်စ် ဖြစ်ပွားနေသော ဒေသများစာရင်း ပေါက်ကြား လို့ပေးထားပေမဲ့  ဗွီဒီယိုထဲမှာ ဒီအကြောင်းအရာမပါဝင်ဘဲ တရုတ်နိုင်ငံက အကြောင်းအရာတွေသာဖြစ်နေပါတယ်။ ၂။Google မှာ “မြန်မာ အစိုးရ ဖုံးကွယ်ထားတဲ့”ဆိုတဲ့စကားလုံးကို ရိုက်ရှာကြည့်တဲ့အခါမှာ အောက်ပါအတိုင်းတွေ့ရပါတယ်။ ၃။ ပထမဆုံးလင့်ကိုထောက်ကြည့်ရင် ဇန်နဝါရီ ၂၆ ရက်မှာ Myanmar News အမည်နဲ့ ယူကျူ့မှာတင်ထားတဲ့ ဗွီဒီယိုကို  တွေ့ရပါတယ်။ မူရင်းခေါင်းစဥ◌်က “ဝူဟန်မှာ အစိုးရဖုံးကွယ်ထားတဲ့ သေဆုံးသူ ပမာဏ ဘယ်လောက်ရှိကြောင်း ပြောပြနေတဲ့ သူနာပြု ဗီဒီယိုဖိုင်”ဖြစ်ပါတယ်။ […]

Continue Reading

ဒဂုံစင်တာ၂ ရှေ့မှာ ဝူဟန်ဗိုင်းရပ်စ်ကူစက်ခံရလို့ယူဆရသူသတိလစ်နေဆိုတဲ့ သတင်းမှား

ဒဂုံစင်တာ၂ ရှေ့မှာ ဝူဟန်ဗိုင်းရပ်စ်ကူစက်ခံရလို့ယူဆရသူသတိလစ်နေဆိုတဲ့ E.T.S Every Time Story  ရဲ့ ပို့စ်လူမှုကွန်ယက်မှာ ပျံ့နှံ့နေပါတယ်။ FB link Archieve link အခြားသော လူမှုကွန်ယက်စာမျက်နှာတွေမှာလည်း မျှဝေထားတာတွေ့ရပါတယ်။ အချက်အလက်စိစစ်ချက် ၁။ ဒဂုံစင်တာ ၂ရှေ့မှာ ဝူဟန်ဗိုင်းရပ်စ် လက္ခာနဲ့ လူတစ်ဥ◌ီး သတိလစ်နေဆိုပြီး နှာခေါင်းပိုက်တပ်ထားတဲ့ လူတစ်ယောက်နဲ့ လူနာတင်ယာဥ◌်ကို ပြထားပေမဲ့ တကယ်တမ်း လင့်ခ်ကို ဖွင့်ကြည့်လိုက်တဲ့အခါမှာ စစ်ကိုင်းမှာ သံသယရှိလူနာတွေ့ရှိဆိုတဲ့ သတင်းဖြစ်နေပါတယ်။ ၂။ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက မတ်လ ၄ ရက်နေ့အထိ Covid-19 နဲ့ပတ်သက်တဲ့သတင်းထုတ်ပြန်ချက်မှာ ဒီဖြစ်စဥ်ကို မတွေ့ရှိရပါဘူး။ ၃။ကမ္ဘာ့ကျန်းမာရေးအဖွဲ့က မတ်လ ၄ ရက်နေ့အထိထုတ်ပြန်တဲ့ နိုင်ငံအလိုက်ကူးစက်ခံရမှုစာရင်းတွေအရလည်း မြန်မာနိုင်ငံမှာ Covide-19 ဖြစ်ပွားမှုစာရင်းမရှိသေးပါဘူး။ ၃။ ဒဂုံစင်တာကတော့ […]

Continue Reading

ခင်ဦးမြို့မ‌ေစျးက ငါးခြောက်တုလို့ ပြန်လည်မျှဝေနေတဲ့ သတင်း

ခင်ဦးမြို့မဈေးထဲက ငါးခြောက်တုလို့ သံသယရှိမှုကြောင့် တာဝန်ရှိသူတွေက ဝင်ရောက်စစ်ဆေးတဲ့ ဓာတ်ပုံကို ငါးခြောက် အတုများဆိုပြီး CeleClub ကရေးသားထားပါတယ်။ သတင်းစာကိုယ်ထဲမှာတော့ တိုင်တန်းချ က်ကြောင့် ဝင်ရောက်စစ်ဆေးပြီး အတုလိုထင်ရဲ့ ငါးခြောက်တွေကို ဓာတ်ခွဲစမ်းသပ်ဖို့ ယူသွားတယ်လို့ ရေးထားပေမဲ့ ခေါင်းစဥ◌်မှာ ငါးခြောက်တုတွေတဲ့ဆိုပြီး ဓာတ်ပုံမှာရေးသားထားပါတယ်။  အချက်အလက်စိစစ်ချက် ၁။ဒီသတင်းကို စိစစ်တဲ့အခါမှာ အစိုးရတာဝန်ရှိသူတွေဟာ ခင်ဦးမြို့မ‌စျေးကို ၂၀၂၀ ဖေဖော်ဝါရီ ၂၄ ရက်က ဝင်ရောက်စစ်ဆေးခဲ့တာမှန်ပေမဲ့ ငါးခြောက်တုလို့ အတည်ပြုတာမျိုးတော့ မတွေ့ရပါဘူးလို့ Eleven Media Group ရဲ့ သတင်းမှာ ဖော်ပြထားပါတယ်။ ၂။ မတ် ၂ ရက်နေ့ရက်စွဲနဲ့ The Voice က ဖော်ပြတဲ့သတင်းမှာလည်း ဝင်ရောက်စစ်ဆေးတာမှန်ပေမဲ့ သံသယရှိတဲ့ ငါးခြောက်နာမူနာတစ်ချို့ကို ဓာတ်ခွဲခန်းပို့ထားဆဲဖြစ်ပြီး အဖြေမထွက်သေးဘူးလို့ စစ်ဆေးရာမှာပါဝင်တဲ့ […]

Continue Reading

ဒေါ်လာ‌‌ဈေးမြင့်တက်နေခြင်းမှာ ပြည်တွင်းမှာ မထုတ်လုပ်နိုင်ခြင်း‌ကြောင့်လို့ တပ်မတော်‌‌ ဆွေး‌နွေးဆိုတဲ့ သတင်းမှား

ဖေဖော်ဝါရီ ၂၀ ရက်က လူမှုကွန်ယက်တွင် Zaw Tun အမည်နဲ့ အကောင့်တစ်ခုက ဒေါ်လာ‌‌ဈေးမြင့်တက် နေခြင်းမှာ ပြည်တွင်းမှာ မထုတ်လုပ်နိုင်ခြင်း‌ေ‌ကြာင့်လို့ တပ်မတော်‌‌ဆွေး‌နွေးဆိုတဲ့ screenshot ရိုက်ပြီး တင်ထားတဲ့ပို့စ်တစ်ခုတွေ့ရပါတယ်။ ဒီသတင်းကို မယုံတဲ့သူတွေလည်းရှိပါတယ်။  အချက်အလက် စိစစ်ချက် ၁။ Eleven Media Group စာမျက်နှာမှာ ဖေဖာ်ဝါရီ ၂၀ ရက်က ဒီသတင်းတင်ထားတာမေတွ့ရဘူး။ Zaw Tun အေကာင့်မှာ တင်ထားတဲ့ screenshot အရ မနက် ၁၀ နာရီမှာ Eleven Media Group က သတင်းတင်တယ်လို့ ယူဆနိုင်တယ်။ Eleven Media Group ရဲ့ တရားဝင်စာမျက်နှာကို ဝင် ရောက်ကြည့်တဲ့အခါ ဖေဖာ်ဝါရီ ၂၀ ရက် မနက် […]

Continue Reading