ဒေါ်လာဈေးမြင့်တက်နေခြင်းမှာ ပြည်တွင်းမှာ မထုတ်လုပ်နိုင်ခြင်းကြောင့်လို့ တပ်မတော် ဆွေးနွေးဆိုတဲ့ သတင်းမှား
ဖေဖော်ဝါရီ ၂၀ ရက်က လူမှုကွန်ယက်တွင် Zaw Tun အမည်နဲ့ အကောင့်တစ်ခုက ဒေါ်လာဈေးမြင့်တက် နေခြင်းမှာ ပြည်တွင်းမှာ မထုတ်လုပ်နိုင်ခြင်းေကြာင့်လို့ တပ်မတော်ဆွေးနွေးဆိုတဲ့ screenshot ရိုက်ပြီး တင်ထားတဲ့ပို့စ်တစ်ခုတွေ့ရပါတယ်။ ဒီသတင်းကို မယုံတဲ့သူတွေလည်းရှိပါတယ်။
အချက်အလက် စိစစ်ချက်
၁။ Eleven Media Group စာမျက်နှာမှာ ဖေဖာ်ဝါရီ ၂၀ ရက်က ဒီသတင်းတင်ထားတာမေတွ့ရဘူး။ Zaw Tun အေကာင့်မှာ တင်ထားတဲ့ screenshot အရ မနက် ၁၀ နာရီမှာ Eleven Media Group က သတင်းတင်တယ်လို့ ယူဆနိုင်တယ်။ Eleven Media Group ရဲ့ တရားဝင်စာမျက်နှာကို ဝင် ရောက်ကြည့်တဲ့အခါ ဖေဖာ်ဝါရီ ၂၀ ရက် မနက် ၉ နာရီ ၅၇ မိနစ်မှာ သံဈေးမီးလောင်တဲ့ သတင်းတင်ထားတာတွေ့ရပြီး Zaw Tun အမည်နဲ့အေကာင့်မှာတင်ထားတဲ့ သတင်းကို မေတွ့ ရပါဘူး။ မနက် ၁၁ နာရီမှာလည်း သံဈေးမီးလောင်တဲ့ နောက်ဆက်တွဲ ရှာဖွေကယ်ဆယ် ရေးသတင်းကိုပဲ တင်ထားတာတွေ့ရပါတယ်။
၂။ ဖေေဖာ်ဝါရီ ၂၀ ရက်က ပြည်ထောင်စုလွှတ်တော်ရဲ့ တစ်နေ့တာ အစီအစဉ်တွေကိုကြည့်တဲ့အခါ ဒေါ်လာဈေးနဲ့ ပတ်သက်ပြီး ဆွေးနွေးတဲ့ အစီအစဉ်မပါဝင်ဘူး။
၃။Google မှာ "ဒေါ်လာဈေးမြင့်တက်နေခြင်းမှာ ပြည်တွင်းမှာ မထုတ်လုပ်" ဆိုပြီး keywords တွေသုံးပြီး ရှာကြည့်မယ်ဆိုရင်လည်း သက်ဆိုင်တဲ့ ရလာဒ်တစ်ခုမျှ မတွေ့ရပါဘူး။
သုံးသက်ချက်
ဒီစိစစ်ချက်တွေအရဖြစ်စေ အခြားသတင်းဌာနတွေကလည်း အခု ပျံ့နှံ့ခဲ့တဲ့ သတင်းမျိုးဖော်ပြခဲ့တာမရှိတာကြောင့် ဖြစ်စေ ဒီသတင်းဟာ သတင်းမှားသာဖြစ်သည်။
Title:ဒေါ်လာဈေးမြင့်တက်နေခြင်းမှာ ပြည်တွင်းမှာ မထုတ်လုပ်နိုင်ခြင်းကြောင့်လို့ တပ်မတော် ဆွေးနွေးဆိုတဲ့ သတင်းမှား
Fact Check By: နေရာမောင်Result: False