Fact Check: ထိုင်းမှာ ပီတာ ဝန်ကြီးချုပ်ဖြစ်လာနဲ့ MFP ပါတီဖျက်သိမ်းခံရမှု သတင်းတု

မြန်မာ့နွေဦးတော်လှန်ရေးနဲ့ မြန်မာအကြပ်အတည်းကို လူသိရှင်ကြားပြောကြားလေ့ရှိတာကြောင့် အိမ်နီးချင်း ထိုင်းနိုင်ငံက ရွေးကောက်ပွဲအနိုင်ရ MFP ပါတီကအဆိုပြုထားတဲ့ ဝန်ကြီးချုပ်လောင်း ပီတာလင်ဂျာရိုအရက်(Pita Limjaroenrat) နဲ့ ပတ်သက်တဲ့ပို့စ်တွေဟာ မြန်မာနိုင်ငံသားအွန်လိုင်း အသုံးပြုသူတွေကြား ရေပန်းစားပါတယ်။ ဒီလိုအခြေအနေမှာ ထိုင်းလွှတ်တော်မှာ MFP ပါတီက အဆိုပြုထားတဲ့ ပီတာ လင်ဂျာရိုအရက် ဝန်ကြီးချုပ်အဖြစ် ရွေးချယ်ခံရကြောင်းအတည်ပြုဆိုတဲ့ ပို့စ်ဟာပျံ့နှံ့မှုအားကောင်းခဲ့ပါတယ်။ အောက်ပါစခရင်ရှော့ကတော့  ပီတာ ထိုင်းဝန်ကြီးချုပ်အဖြစ် ရွေးချယ်ခံရကြောင်း ထိုင်းလွှတ်တော်က ကြေညာ တဲ့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ဖြစ်တယ်။ ဇူလိုင် ၁၃ ရက်က မျှဝေထားရာမှာ ကြည့်ရှု့မှုပေါင်း ၃ သောင်းဝန်းကျင်ရှိပါတယ်။ မူရင်းလင်ခ့် – Youtube link  | Archive link နောက်ထပ်ပြောဆိုချက်ကတော့ အနိုင်ရ Move Forward Party- MFP […]

Continue Reading

Fact Check: ထိုင်းမှာ စစ်တပ်အာဏာသိမ်းပြီး အနိုင်ရပါတီခေါင်းဆောင်အပါအဝင် ၁၃ ဦးကို ပစ်သတ်ဆိုတဲ့ သတင်းမှား

ထိုင်းနိုင်ငံမှာ  စစ်တပ်အာဏာသိမ်းလိုက်ပြီး လူတွေ ဆန္ဒပြနေကြသလို စစ်တပ်က အနိုင်ရ Move Forward ပါတီခေါင်းဆောင်အပါအဝင် ၁၃ ဦးကိုပစ်သတ်လိုက်တယ်ဆိုတဲ့ သတင်းမှားပို့စ်တစ်ခု အွန်လိုင်း အသုံးပြုသူတွေအကြား ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။ ၂၀၂၃ ခုနှစ် မေ ၂၂ ရက်က ဖြန့်ဝေထားတဲ့ ဒီဗွီဒီယိုထဲမှာ ဒီနေ့ည ၇ နာရီမှာပဲ ထိုင်းစစ်တပ်က အာဏာသိမ်းကြောင်း ကြေညာလိုက်ပြီး ထိုင်းပြည်သူတွေ လမ်းပေါ်‌ထွက်လာပြီး ထိုင်းဝန်ကြီးချုပ်အိမ်ကို မီးရှို့ဖို့လုပ်နေတယ်လို့ ရေးသားမျှဝေထားပါတယ်။ မူရင်းလင်ခ့် – Youtube link  | Archive link အလားတူ ၂၀၂၃ ခုနှစ် မေ ၂၆ ရက်မှာတော့ အခြားသော ယူကျူ့ချန်နယ်တစ်ခုကနေ ထိုင်းနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းလိုက်ပြီး Move […]

Continue Reading