Fact Check: ဉပုသ်စောင့်၊ အလှူလုပ်ဖို့ ဘုန်းကြီးကျောင်းသွားရင် ထောက်ခံချက်ရမှ သွားရမယ်လို့ သတင်းမှားဖြန့်ဝေ
ဗုဒ္ဓဘာသာဝင်တွေ ဉပုသ်စောင့်၊အလှူပေးနဲ့ အခြားဝေယျဝစ္စဆောင်ရွက်လိုပါက ရပ်ကွက်ရုံးနဲ့ ဗလီဆရာများ ထောက်ခံချက်ရမှ ခွင့်ပြုတော့မယ်လို့ လူမှုကွန်ယက်မှာ ရေးသားမျှဝေနေတာတွေ့ရပါတယ်။ ဖြန့်ဝေတဲ့ပို့စ်မှာ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဉီးအောင်ကိုပုံနှင့်တကွ ဗုဒ္ဓဘာသာဘုန်းကြီးကျောင်းများသို့ ဗုဒ္ဓဘာသာဝင်များသွားရောက် ဉပုသ်စောင့်၊အလှူပေးနဲ့ အခြားဝေယျဝစ္စ ဆောင်ရွက်လိုပါက ရပ်ကွက်ရုံး သို့မဟုတ် ဗလီဆရာများ သို့မဟုတ် ဘာသာပေါင်းစုံငြိမ်းချမ်းရေးအဖွဲ့များထံမှ ထောက်ခံချက်ယူပြီးမှ သွားခွင့်ပြုတော့မည်ဟု သာသနာရေးဝန်ကြီးဌာနမှ အမိန့်ထုတ်ပြန်တော့မယ်လို့ ရေးသားထားပါတယ်။ လူမှုကွန်ယက်အသုံးပြုသူများကို နားလည်မှုလွဲစေနိုင်တဲ့ အရေးအသားနဲ့ ပို့စ်ကို အောက်ပါအတိုင်းတွေ့ရပါတယ်။ မူရင်းလင်ခ့် – Fb link | Archive link အချက်အလက်စိစစ်ချက် အခုလိုရေးသားမျှဝေနေတာနဲ့ပတ်သက်ပြီး သာသနာရေး နှင့်ယဉ်ကျေးမှုဝန်ကြီးဌာနသာသနာရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်ဆန်းဝင်းကို Fact Crescendo Myanmar ကို ဆက်သွယ်အတည်ပြုရာမှာ အောက်ပါ အတိုင်းပြောပါတယ်။ “မဟုတ်ပါဘူး။ သတင်းမှားပါ။ […]
Continue Reading