အနုပညာရှင်တွေကွယ်လွန်ဆိုပြီးတော့ သတင်းတု သတင်းမှားတွေ ဆက်တိုက် ဖြန့်ချိနေတဲ့ cele cele all ဖေ့စ်ဘွတ်စာမျက်နှာ

သီလရှင်ဝတ်နေတဲ့ အနုပညာရှင် တင့်တင့်ထွန်းကွယ်လွန်ဆိုတဲ့ ပို့စ်တစ်ခု လူမှုကွန်ယက်မှာ ပျံ့နှံ့ခဲ့ပါတယ်။ ဒီသတင်းဟာ ပြီးခဲ့တဲ့ရက်အနည်းငယ်ကမှ စတင်တည်ထောင်လိုက်တဲ့ Cele Cele All အမည်နဲ့ ဖေ့စ်ဘွတ် စာမျက်နှာက စတင်ဖြန့်ဝေခဲ့တာဖြစ်ပါတယ်။ လူမှုကွန်ယက်အသုံးပြုသူတွေအကြားမှာ  ပျံ့နှံ့ခဲ့တာ တွေ့ရပါတယ်။ အခြားသော သတင်းကို ကူးယူဖော်ပြလေ့ရှိတဲ့ သတင်းဝက်ဘ်ဆိုဒ်ဖြစ်တဲ့ ဒီဆိုဒ်မှာ ဖော်ပြခဲ့တာကို လူမှုကွန်ယက်အသုံးပြုသူတွေက ဒီလို ဒီလို ပြန်မျှဝေထားပါတယ်။ Cele Cele All  အမည်နဲ့ ဖေ့စ်ဘွတ် စာမျက်နှာဟာ ပြီးခဲ့တဲ့ ၃ ရက်အတွင်းမှာ အနုပညာရှင်တွေကွယ်လွန်ဆိုတဲ့ သတင်းတု သတင်းမှားတွေ ဆက်တိုက် စတင်ဖော်ပြခဲ့တာတွေ့ရပါတယ်။  အချက်အလက်စိစစ်ချက် အနုပညာရှင် တင့်တင့်ထွန်းကွယ်လွန်ဆိုတဲ့သတင်းဟာ မဟုတ်ကြောင်း ကျန်းကျန်းမာမာရှိနေကြောင်းကို ဆရာလေး ဒေါ်နန္ဒမာလာ(ခ)သရုပ်ဆောင် တင့်တင့်ထွန်း နဲ့ အဆက်အသွယ်ရှိတဲ့ မြရွှေပင်အနုပညာဆည်းဆာ ရိပ်မှ […]

Continue Reading