Fact Check: NUG ရဲ့ နိုင်ငံမဲ့တွေအဖြစ် ဘန်ကီမွန်းဝေဖန်ဆိုတဲ့ သတင်းတု

ကုလအထွေထွေအတွင်းရေးမှူးချုပ်ဟောင်း မစ္စတာဘန်ကီမွန်းက NUG ကိုနိုင်ငံမဲ့တွေအဖြစ် ပြန်လည်တုန့်ပြန်ခဲ့ တယ်ဆိုပြီးဖေ့စ်ဘွတ်အသုံးပြုသူတွေရဲ့အကြားဖြန့်ဝေနေတာဟာ သတင်းတုဖြစ်ပါတယ်။ မြန်မာစစ်တပ် ခေါင်းဆောင်နဲ့ တွေ့ဆုံမှုကို ဝေဖန်ခဲ့တဲ့ အမျိုးသားညီညွှတ်ရေးအစိုးရ(NUG)ကို မစ္စတာ ဘန်ကီမွန်းက အခုလိုပြန်ပြောခဲ့တာလို့လည်း ဖြန့်ဝေမှုမှာရေးသားထားပါတယ်။ မူရင်းလင်ခ့် – Fb link |  Archive link အချက်အလက်စိစစ်ချက် မစ္စတာဘန်ကီမွန်းဟာ ဧပြီ ၂၃ ရက်နေ့ ဧပြီ ၂၄ ရက်အထိ နေပြည်တော်ကိုလာရောက်ပြီး မြန်မာစစ်တပ်ခေါင်း ဆောင်နဲ့တွေ့ဆုံခဲ့တာမှာ  ဒေါ်အောင်ဆန်းစုကြည်ကို အာဏာပြန်လွှဲဖို့အတွက်သဘောတူညီမှုရရှိခဲ့တယ်ဆိုပြီး တော့လည်း သတင်းတုဖြန့်ဝေခဲ့ပါသေးတယ်။ Fact Crescendo Myanmar ရဲ့ အချက်အလက်စိစစ်ချက်ကို ဒီလင့်ခ်မှာဖတ်ပါ။ နေပြည်တော်ကိုရောက်လာပြီး မြန်မာစစ်တပ်ခေါင်းဆောင်နဲ့တွေ့ဆုံခဲ့တဲ့ မစ္စတာဘန်ကီမွန်းကို လူမိုက် ကိုပွဲထုတ်နေခြင်းလို့ NUG က ဝေဖန်ပါတယ်။ မစ္စတာဘန်ကီမွန်းရဲ့ ခရီးစဉ်ဟာ ကြိုတင်စီစဉ်ခဲ့တာဆိုပေမဲ့ […]

Continue Reading

Fact Check: အိန္ဒိယဝန်ကြီးချုပ်နဲ့ NUG တွေ့ဆုံမှုအပြီး သမ္မတ ဦးဝင်းမြင့်ပြန်လွတ် ဆိုတဲ့ သတင်းတု

ဧပြီလ ၂၃ ရက်နေ့က  အိန္ဒိယဝန်ကြီးချုပ်နဲ့အမျိုးသားညီညွှတ်ရေးအစိုးရ(NUG)တို့တွေ့ဆုံမှုအပြီး ၂၀၂၁ခုနှစ် ဖေဖော်ဝါရီ စစ်အာဏာသိမ်းမှုကတည်းက ဖမ်းဆီးထားတဲ့ သမ္မတ ဦးဝင်းမြင့်လွတ်ပြီဆိုတဲ့ ဗွီဒီယိုပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေရဲ့အကြားပျံ့နှံ့မှု့အားကောင်းခဲ့ပါတယ်။ သတင်းတုဖြန့်ချိ နေခြင်း ဖြစ်ပါတယ်။  ပျံ့နှံ့နေတဲ့ ယူကျူ့ဒီဗွီဒီယိုပို့စ်မှာ “၂၃ ရက် သမိုင်းတွင်တဲ့နေ့ အိန္ဒိယဝန်ကြီးချုပ်နဲ့NUGတွေ့ပြီ မြင့်ဆွေပြုတ်၊ သမ္မတဝင်းမြင့်လွှတ်”စသည်ဖြင့်ရေးသားထားပါတယ်။ မူရင်းလင်ခ့် – Youtube link|  Archive link အချက်အလက်စိစစ်ချက် အိန္ဒိယဝန်ကြီးချုပ် နာရင်ဒြာ မိုဒီနဲ့ NUGတွေ့ဆုံမှု၊ သမ္မတဦးဝင်းမြင့်ပြန်လည်လွှတ်မြောက်မှု သတင်း ဖော်ပြချက် ကို သတင်းမီဒီယာလုပ်ငန်းအဓိကလုပ်ကိုင်တဲ့ သတင်းဌာနတွေမှာ ဖော်ပြချက်တွေမှာလည်း မတွေ့ရှိ သလို အမျိုးသားညီညွှတ်ရေးအစိုးရရဲ့ တရားဝင် NUG ဖေ့စ်ဘွတ်စာမျက်နှာမှာလည်း မတွေ့ရပါဘူး။ စစ်ကောင်စီထိန်း ချုပ်ထားတဲ့ မီဒီယာတွေမှာလည်း မတွေ့ရပါဘူး။ တကယ်တော့ ဗွီဒီယိုပါအကြောင်းအရာတွေဟာ ဘီဘီစီမြန်မာပိုင်းသတင်းဌာနကဖော်ပြခဲ့တဲ့ […]

Continue Reading

Fact Check: “ဝ”နဲ့NUG ပူးပေါင်းပြီ၊ NUG ကို စစ်လက်နက်ကူညီပေးတော့မယ်ဆိုတဲ့ သတင်းတု

တိုင်းရင်းသားလက်နက်ကိုင်တပ်တွေမှာအင်အားအကြီးဆုံးနဲ့ ၂၀၂၁ စစ်အာဏာသိမ်းအဖွဲ့နဲ့လည်း ပနာတင့်တဲ့ ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော်(UWSA)နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ပူးပေါင်းပြီဆိုတဲ့ ဗွီဒီယိုပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေရဲ့အကြား ပျံ့နှံ့မှု့အားကောင်းခဲ့ပါတယ်။ သတင်းတုဖြန့်ချိ နေခြင်း ဖြစ်ပါတယ်။  မူရင်းလင်ခ့် – Youtube link |  Archive link တူညီတဲ့ရေးသားဖြန့်ဝေမှုကို ဖေ့စ်ဘွတ်ရဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။ထို့အပြင် နောက်ထပ် ယူကျူ့ ဗွီဒီယိုတစ်ခုမှာတော့ “ဝ” က NUG ကို စစ်လက်နက်များလိုသမျှ ကူညီပေးတော့မယ်ဆိုပြီးတော့လည်း ရေးသားမျှဝေထားပါသေးတယ်။ မူရင်းလင်ခ့် –Youtube link |  Archive link အချက်အလက်စိစစ်ချက် ဝတပ်(UWSA)နဲ့ NUG ပူးပေါင်းပြီဆိုပြီး အခုလို မကြာခဏဖြန့်ဝေနေတာတွေ့ရပါတယ်။ ဒီလိုမျိုးသတင်း ဖော်ပြချက်ကို သတင်းမီဒီယာလုပ်ငန်းအဓိကလုပ်ကိုင်တဲ့ သတင်းဌာနတွေမှာ ဖော်ပြချက် မတွေ့ရပါဘူး။ တကယ်တော့ ပထမယူကျူ့ဗွီဒီယိုပါအကြောင်းအရာတွေဟာ […]

Continue Reading

Fact Check: NUG နဲ့ PDF လုပ်ရပ်ကို ဒေါ်အောင်ဆန်းစုကြည် မထောက်ခံဘူး လို့ပြောတဲ့ သတင်းတု

့ PDF နဲ့ NUG ကိုမထောက်ခံကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့ပြောလိုက်ပြီးဖြစ်လို့ PDF တွေ အိမ်ပြန်ကြပါဆိုတဲ့ ဗွီဒီယိုပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေရဲ့အကြားပျံ့နှံ့မှု့အားကောင်းခဲ့ပါတယ်။ သတင်းတုဖြန့်ချိနေခြင်း ဖြစ်ပါတယ်။ ပျံ့နှံ့နေတဲ့ ဒီဗွီဒီယိုပို့စ်မှာ “ဒေါ်စု အဲန်ယူးဂျီ နှင့် ဖီဒီအက်ဖ် လုပ်ရပ်ကို ထောက်မခံကြောင့် ပြောပြီ”စသည်ဖြင့်ရေးသားထားပြီး ဗွီဒီယိုထဲမှာတော့ “ ယနေ့ ဒေါ်စု PDF နဲ့ NUG လုပ်ရပ်ကို ထောက်မခံကြောင်း ပြောလိုက်ပြီ PDF များ အိမ်ပြန်သွားပါဟု”စသည်ဖြင့်ပါဝင်ပြီး “Sabay Kh”အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာက အောက်ပါအတိုင်းမျှဝေထားပါတယ်။  မူရင်းလင်ခ့် – Fb link |  Archive link အလားတူ တူညီတဲ့ရေးသားဖြန့်ဝေမှုကို  ဒီနေရာမှာလည်း တွေ့ရပါတယ်။ အချက်အလက်စိစစ်ချက် ဗွီဒီယိုထဲမှာ စစ်တပ်ထောက်ခံတဲ့ လူတစ်ဦးက […]

Continue Reading

Fact Check: တော်လှန်ရေးကာလပြီးဆုံးပြီလို့ NUG သမ္မတကြေညာဆိုတဲ့သတင်းမှား

တော်လှန်ရေးကာလပြီးဆုံးပြီလို့ NUG သမ္မတကြေညာလိုက်လို့ မြို့နယ် ၅ ခုမှာ အောင်ပွဲခံကြတယ် ဆိုတဲ့သတင်းမှားဗွီဒီယိုပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေရဲ့အကြားပျံ့နှံ့မှု့အားကောင်းခဲ့ပါတယ်။  ပျံ့နှံ့နေတဲ့ ဒီဗွီဒီယိုပို့စ်မှာ “အမေရိကန်နဲ့ NUG အရေးပေါ်ကြေညာ”စသည်ဖြင့်ရေးသားထားသလို “တော်လှန်ရေးကာလပြီးဆုံးပြီဟု ယာယီသမ္မတအရေးပေါ်ကြေညာ မြို့နယ် ၅ ခုမှာ အောင်ပွဲခံပြီ ““The Mercerneries ”အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာက အောက်ပါအတိုင်းမျှဝေထားပါတယ်။  မူရင်းလင်ခ့် – Fb link |  Archive link အလားတူ တူညီတဲ့ရေးသားဖြန့်ဝေမှုကို  ဒီနေရာမှာလည်း တွေ့ရပါတယ်။ အချက်အလက်စိစစ်ချက် ဗွီဒီယိုပါအကြောင်းအရာဟာ NUG ယာယီသမ္မတနဲ့ EU ကိုယ်စားလှယ်တို့ အွန်လိုင်းတဆင့် ဆွေးနွေးမှုနဲ့ သတင်းကို သတင်းခေါင်းစဉ်လွဲနဲ့ ဖြန့်ချိနေခြင်းဖြစ်ပါတယ်။ အမေရိကန်နဲ့ NUG ပူးတွဲကြေညာချက်မတွေ့ရသလို ဒီလို EU ကိုယ်စားလှယ်နဲ့ဆွေးနွေးမှုဟာ မြန်မာပြည်သူတွေကို လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ […]

Continue Reading

Fact Check: အိမ်တွေကို မီးရှို့ခဲ့တယ်လို့ NUG သမ္မတက ဝန်ခံခဲ့တာလား- မဟုတ်ပါ

အိမ်တွေကို မီးရှို့ခဲ့ကြောင်း အမျိုးသားညီညွှတ်ရေးအစိုးရ(NUG)ယာယီသမ္မတကဝန်ခံလိုက်ပြီး ဒီလိုဝန်ခံတဲ့ အတွက် သမ္မတကို နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ပန်ဆယ်လိုက ဝေဖန်လိုက်တယ်ဆိုတဲ့ ဗွီဒီယိုပို့စ်တစ်ခု ဖေ့စ်ဘွတ်မှာ ဖြန့်ဝေထားရာ ပျံ့နှံ့မှုအားကောင်းခဲ့တာတွေ့ရပါတယ်။ နားလည်မှုလွဲစေနိုင် သတင်းတုဖြန့်ချိနေခြင်းဖြစ်ပါတယ်။ ဗွီဒီယိုပါအကြောင်းအရာ ၂ ခုဟာ မတူညီတဲ့အချိန် မတူညီတဲ့အကြောင်းအရာအဖြစ်အပျက် ၂ ခုအပေါ်ပြောဆို ချက်ကို အဖြစ်အပျက်တစ်ခုထဲကို ဖော်ညွှန်းသယောင်ဖော်ပြထားခြင်းဖြစ်ပါတယ်။  â€œá€Ąá€™á€źá€„á€şá€™á€žá€”á€şá€›á€œá€­á€Żá€ˇá€á€”á€şá€á€śá€á€Źá€€á€­á€Ż အိမ်တွေကို သူတို့ NUG က မီးရှို့ဖျက်ဆီးကြောင်း ဝန်ခံလိုက်တဲ့ သမ္မတရူးကို ပန်ဆယ်လိုတင်းပြီးဆဲတာ အနှစ်ကြီး” စသည်ဖြင့်ရေးသားပြီး “ကိုခန့်”အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူက အောက်ပါအတိုင်း မျှဝေထားပါတယ်။  မူရင်းလင်ခ့် – Fb link |  Archive link အလားတူ တူညီတဲ့ရေးသားဖြန့်ဝေမှုကို ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။ အချက်အလက်စိစစ်ချက် NUG သမ္မတဒူဝါလရှီးလပြောကြားချက်ဗွီဒီယိုဟာ […]

Continue Reading

Fact Check: NUG က စစ်ဦးစီးချုပ် ၄ ဦးခန့်လိုက်ပြီး အင်အား ၆ သိန်းနဲ့ မြို့သိမ်းတိုက်ပွဲ စတဲ့ သတင်းတု

NUG က စစ်ဦးစီးချုပ် ၄ ဦးခန့်လိုက်ပြီး အင်အား ၆ သိန်းနဲ့ မြို့သိမ်းတိုက်ပွဲစပြီလို့ဆိုထားတဲ့ ဗွီဒီယိုပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြားပျံ့နှံ့မှုအားကောင်းလျက်ရှိပါတယ်။ သတင်းတုသာဖြစ်ပါတယ်။ “အင်းအား(၆) သိန်းနဲ့ မြို့သိမ်းတိုက်ပွဲစပြီဗျို့(အားလုံးပြင်ဆင် ထားကြပါဗျို့)”လို့ ရေးသားပြီး “Get the light” အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာကအောက်ပါအတိုင်းမျှဝေထားရာမှာ ၁ ရက်အတွင်း ဒီဗွီဒီယိုကို ကြည့်ရှူ့မှုပေါင်း ၁ သိန်းကျော်ရှိပါတယ်။ မူရင်းလင်ခ့် – FB link |  Archive link   တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာမှာ လည်းတွေ့ရပါတယ်။  အချက်အလက်စိစစ်ချက် ဗွီဒီယိုပါအကြောင်းအရာဟာ သံလွင်ခက်မီဒီယာကဖော်ပြခဲ့တဲ့ “နွေဦးတော်လှန်ရေး၏ စစ်ဦးစီးချုပ် ဘယ်သ ူဖြစ်လာနိုင်သလဲ”ဆိုတဲ့ အတွေးအမြင်ဆောင်းပါးကို ပြန်လည်ဖတ်ကြားနေခြင်းဖြစ်ပါတယ်။ ဒီဆောင်းပါး မှာ NUG ဟာ အမိန့်တစ်ခုထဲအောက်မှာအကောင်အထည်ဖော်ဖို့လိုတဲ့ကိစ္စတွေအတွက် စစ်ဦးစီးချုပ် တစ်ယောက်ခန့်ဖို့လိုနေတာကြောင့် ခန့်အပ်မယ်လို့လည်း […]

Continue Reading

Fact Check: မကွေးလေတပ် NUG သိမ်းပိုက်လိုက်ပြီး တပ်မိသားစုဝင် အားလုံးဖမ်းဆီး ဆိုတဲ့သတင်းတု

မကွေးလေတပ်ကို ဖေဖော်ဝါရီ ၁၁ ရက်နေ့က NUG လက်အောက်ခံတပ်တွေက သိမ်းပိုက်လိုက်ပြီး ပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြားပျံ့နှံ့လျက်ရှိပါတယ်။ သတင်းမှားဖြန့်ချိနေခြင်းဖြစ်ပါတယ်။ သတင်းမီဒီယာ အချို့မှာဖော်ပြခဲ့တဲ့ ပျံ့နှံ့မှုကောင်းခဲ့တဲ့ သတင်းတွေကို နားလည်မှုလွဲစေနိုင်တဲ့ သတင်းခေါင်းစဉ်တုနဲ့ ပြန်လည်ဖြန့်ချိနေခြင်းဖြစ်ပါတယ်။ ဗွီဒီယိုပုံစံနဲ့ ဖြန့်ဝေနေတဲ့ ဒီဖေ့စ်ဘွတ်ပို့စ်မှာ “မကွေးလေတပ် NUG လက်ထဲ့ ရောက်ပြီ”လို့ ရေးသားထားသလို ဗွီဒီယိုရုပ်ကတ်ထဲမှာလည်း “၁၁ ရက်နေ့ အထိနာပြီ မကွေးလေတပ် သိမ်းပိုက်နိုင်ပြီ တပ်မိသားစုတွေ အကုန်အဖမ်းခံရ”စသည်ဖြင့်လည်း ရေးသားထားပါတယ်။  “KAKA Drama”အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာက ဒီဗွီဒီယိုကို အောက်ပါအတိုင်းမျှဝေခဲ့ရာမှာ ပြန်လည် မျှဝေမှုပေါင်း ၅၀၀ ကျော်၊ မှတ်ချက်ရေးသားမှုပေါင်း ၁၄၀ ကျော်ရှိပါတယ်။ မူရင်းလင်ခ့် – FB link |  Archive link   တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာနဲ့ […]

Continue Reading

Fact Check: AAတပ်ချုပ်ကို NUG စစ်ဦးစီးချုပ် ခန့်အပ်ဆိုတဲ့သတင်းမှား

 AA စစ်ဦးစီးချုပ်ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကို NUG ကစစ်ဦးစီးချုပ်အဖြစ်ခန့်အပ်လိုက်တယ်ဆိုတဲ့ ဖေ့စ်ဘွတ် အသုံးပြုသူတွေအကြား ပျံ့နှံ့လျက်ရှိတဲ့ ပို့စ်တစ်ခုဟာ ထင်ယောင်ထင်မှားဖြစ်ဖွယ် သတင်းတု ဖြန့်ချိ နေခြင်းဖြစ်ပါတယ်။  “AAတပ်ချုပ်ကို NUG စစ်ဦးစီးချုပ် ခန့်အပ်”(မူရင်းအရေးအသား)လို့ ရေးသားပြီး “Man Media” အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာက က ဖေဖော်ဝါရီ ၁၁ ရက်က အောက်ပါအတိုင်းမျှဝေထားရာမှာ ဒီပို့စ်ကို ပြန်လည်မျှဝေမှုပေါင် ၁၀၀၀ ကျော်၊ ကြည့်ရှူ့မှုပေါင်း ၃ သိန်းကျော်ရှိပါတယ်။ မူရင်းလင်ခ့် – FB link |  Archive link   တူညီတဲ့ရေးသားမျှဝေမှုတွေကို ဖေ့စ်ဘွတ်ရဲ့ ဒီနေရာ၊ ဒီနေရာနဲ့ ယူကျူ့ရဲ့ ဒီနေရာမှာ လည်းတွေ့ရပါတယ်။  အချက်အလက်စိစစ်ချက် ဗွီဒီယိုထဲမှာ ရခိုင့်တပ်တော်(Arakan Amy)ဗိုလ်ချုပ်ထွန်းမြတ်နိုင်ဓာတ်ပုံနဲ့အတူ“AAတပ်ချုပ်ကို NUG စစ်ဦးစီးချုပ် ခန့်အပ်”စသည်ဖြင့်ရေးသားထားပေမဲ့ ဗွီဒီယိုထဲက […]

Continue Reading

Fact Check: ဗြိတိန်နဲ့ EU က NUGကို စစ်ရေးအကူညီပေးလိုက်ပြီဆိုတဲ့ သတင်း ခေါင်းစဉ်တု

ဗြိတိန်နဲ့ EU က NUG ကို စစ်ရေးအကူညီပေးလိုက်ပြီဆိုတဲ့ နားလည်မှုလွဲစေနိုင်တဲ့ သတင်းခေါင်းစဉ်တုနဲ့ ဖြန့်ချိ ထားတဲ့ ဗွီဒီယိုပို့စ်တစ်ခုဖေ့စ်ဘွတ်အသုံးပြုသူတွေအကြားပျံ့နှံ့လျက်ရှိပါတယ်။ ဗွီဒီယိုပါအကြောင်းအရာဟာ မြန်မာစစ်တပ်ကို ICC နဲ့ ICJ မှာတရားစွဲဆိုမှုမှာပါဝင်ထောက်ခံရေးအတွက် EU နိုင်ငံတွေကို အရပ်ဘက် အဖွဲ့အစည်း ၆၀ ကျော်က တောင်းဆိုမှုသတင်းသာဖြစ်ပါတယ်။ “Ukနဲ့ EU NUGကို စစ်ရေးအကူညီပေးပြီ”လို့ ရေးသားထားသလို “ဒေါ်လာ ၅ သန်းတန် ဂျက်ဖိုက်တာ NUG စစ်ရေးအတွက်ပေးလိုက်ပြီ”လို့ဗွီဒီယိုထဲမှာရေးသားလျှက်“Man Media” အမည်နဲ့ ဖေ့စ်ဘွတ် စာမျက်နှာ ဖေဖော်ဝါရီ ၉ ရက်က အောက်ပါအတိုင်းမျှဝေထားရာမှာ ဒီဗွီဒီယိုကို ကြည့်ရှု့မှုပေါင်း ၁ သိန်း ၄ သောင်းကျော်ရှိပါတယ်။  မူရင်းလင်ခ့် – FB link |  Archive […]

Continue Reading