Fact Check: အိမ်တွေကို မီးရှို့ခဲ့တယ်လို့ NUG သမ္မတက ဝန်ခံခဲ့တာလား- မဟုတ်ပါ

အိမ်တွေကို မီးရှို့ခဲ့ကြောင်း အမျိုးသားညီညွှတ်ရေးအစိုးရ(NUG)ယာယီသမ္မတကဝန်ခံလိုက်ပြီး ဒီလိုဝန်ခံတဲ့ အတွက် သမ္မတကို နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ပန်ဆယ်လိုက ဝေဖန်လိုက်တယ်ဆိုတဲ့ ဗွီဒီယိုပို့စ်တစ်ခု ဖေ့စ်ဘွတ်မှာ ဖြန့်ဝေထားရာ ပျံ့နှံ့မှုအားကောင်းခဲ့တာတွေ့ရပါတယ်။ နားလည်မှုလွဲစေနိုင် သတင်းတုဖြန့်ချိနေခြင်းဖြစ်ပါတယ်။ ဗွီဒီယိုပါအကြောင်းအရာ ၂ ခုဟာ မတူညီတဲ့အချိန် မတူညီတဲ့အကြောင်းအရာအဖြစ်အပျက် ၂ ခုအပေါ်ပြောဆို ချက်ကို အဖြစ်အပျက်တစ်ခုထဲကို ဖော်ညွှန်းသယောင်ဖော်ပြထားခြင်းဖြစ်ပါတယ်။  “အမြင်မှန်ရလို့ဝန်ခံတာကို အိမ်တွေကို သူတို့ NUG က မီးရှို့ဖျက်ဆီးကြောင်း ဝန်ခံလိုက်တဲ့ သမ္မတရူးကို ပန်ဆယ်လိုတင်းပြီးဆဲတာ အနှစ်ကြီး” စသည်ဖြင့်ရေးသားပြီး “ကိုခန့်”အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူက အောက်ပါအတိုင်း မျှဝေထားပါတယ်။  မူရင်းလင်ခ့် – Fb link |  Archive link အလားတူ တူညီတဲ့ရေးသားဖြန့်ဝေမှုကို ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။ အချက်အလက်စိစစ်ချက် NUG သမ္မတဒူဝါလရှီးလပြောကြားချက်ဗွီဒီယိုဟာ […]

Continue Reading

Fact Check: NUG က စစ်ဦးစီးချုပ် ၄ ဦးခန့်လိုက်ပြီး အင်အား ၆ သိန်းနဲ့ မြို့သိမ်းတိုက်ပွဲ စတဲ့ သတင်းတု

NUG က စစ်ဦးစီးချုပ် ၄ ဦးခန့်လိုက်ပြီး အင်အား ၆ သိန်းနဲ့ မြို့သိမ်းတိုက်ပွဲစပြီလို့ဆိုထားတဲ့ ဗွီဒီယိုပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြားပျံ့နှံ့မှုအားကောင်းလျက်ရှိပါတယ်။ သတင်းတုသာဖြစ်ပါတယ်။ “အင်းအား(၆) သိန်းနဲ့ မြို့သိမ်းတိုက်ပွဲစပြီဗျို့(အားလုံးပြင်ဆင် ထားကြပါဗျို့)”လို့ ရေးသားပြီး “Get the light” အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာကအောက်ပါအတိုင်းမျှဝေထားရာမှာ ၁ ရက်အတွင်း ဒီဗွီဒီယိုကို ကြည့်ရှူ့မှုပေါင်း ၁ သိန်းကျော်ရှိပါတယ်။ မူရင်းလင်ခ့် – FB link |  Archive link   တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာမှာ လည်းတွေ့ရပါတယ်။  အချက်အလက်စိစစ်ချက် ဗွီဒီယိုပါအကြောင်းအရာဟာ သံလွင်ခက်မီဒီယာကဖော်ပြခဲ့တဲ့ “နွေဦးတော်လှန်ရေး၏ စစ်ဦးစီးချုပ် ဘယ်သ ူဖြစ်လာနိုင်သလဲ”ဆိုတဲ့ အတွေးအမြင်ဆောင်းပါးကို ပြန်လည်ဖတ်ကြားနေခြင်းဖြစ်ပါတယ်။ ဒီဆောင်းပါး မှာ NUG ဟာ အမိန့်တစ်ခုထဲအောက်မှာအကောင်အထည်ဖော်ဖို့လိုတဲ့ကိစ္စတွေအတွက် စစ်ဦးစီးချုပ် တစ်ယောက်ခန့်ဖို့လိုနေတာကြောင့် ခန့်အပ်မယ်လို့လည်း […]

Continue Reading

Fact Check: မကွေးလေတပ် NUG သိမ်းပိုက်လိုက်ပြီး တပ်မိသားစုဝင် အားလုံးဖမ်းဆီး ဆိုတဲ့သတင်းတု

မကွေးလေတပ်ကို ဖေဖော်ဝါရီ ၁၁ ရက်နေ့က NUG လက်အောက်ခံတပ်တွေက သိမ်းပိုက်လိုက်ပြီး ပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြားပျံ့နှံ့လျက်ရှိပါတယ်။ သတင်းမှားဖြန့်ချိနေခြင်းဖြစ်ပါတယ်။ သတင်းမီဒီယာ အချို့မှာဖော်ပြခဲ့တဲ့ ပျံ့နှံ့မှုကောင်းခဲ့တဲ့ သတင်းတွေကို နားလည်မှုလွဲစေနိုင်တဲ့ သတင်းခေါင်းစဉ်တုနဲ့ ပြန်လည်ဖြန့်ချိနေခြင်းဖြစ်ပါတယ်။ ဗွီဒီယိုပုံစံနဲ့ ဖြန့်ဝေနေတဲ့ ဒီဖေ့စ်ဘွတ်ပို့စ်မှာ “မကွေးလေတပ် NUG လက်ထဲ့ ရောက်ပြီ”လို့ ရေးသားထားသလို ဗွီဒီယိုရုပ်ကတ်ထဲမှာလည်း “၁၁ ရက်နေ့ အထိနာပြီ မကွေးလေတပ် သိမ်းပိုက်နိုင်ပြီ တပ်မိသားစုတွေ အကုန်အဖမ်းခံရ”စသည်ဖြင့်လည်း ရေးသားထားပါတယ်။  “KAKA Drama”အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာက ဒီဗွီဒီယိုကို အောက်ပါအတိုင်းမျှဝေခဲ့ရာမှာ ပြန်လည် မျှဝေမှုပေါင်း ၅၀၀ ကျော်၊ မှတ်ချက်ရေးသားမှုပေါင်း ၁၄၀ ကျော်ရှိပါတယ်။ မူရင်းလင်ခ့် – FB link |  Archive link   တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာနဲ့ […]

Continue Reading

Fact Check: AAတပ်ချုပ်ကို NUG စစ်ဦးစီးချုပ် ခန့်အပ်ဆိုတဲ့သတင်းမှား

 AA စစ်ဦးစီးချုပ်ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကို NUG ကစစ်ဦးစီးချုပ်အဖြစ်ခန့်အပ်လိုက်တယ်ဆိုတဲ့ ဖေ့စ်ဘွတ် အသုံးပြုသူတွေအကြား ပျံ့နှံ့လျက်ရှိတဲ့ ပို့စ်တစ်ခုဟာ ထင်ယောင်ထင်မှားဖြစ်ဖွယ် သတင်းတု ဖြန့်ချိ နေခြင်းဖြစ်ပါတယ်။  “AAတပ်ချုပ်ကို NUG စစ်ဦးစီးချုပ် ခန့်အပ်”(မူရင်းအရေးအသား)လို့ ရေးသားပြီး “Man Media” အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာက က ဖေဖော်ဝါရီ ၁၁ ရက်က အောက်ပါအတိုင်းမျှဝေထားရာမှာ ဒီပို့စ်ကို ပြန်လည်မျှဝေမှုပေါင် ၁၀၀၀ ကျော်၊ ကြည့်ရှူ့မှုပေါင်း ၃ သိန်းကျော်ရှိပါတယ်။ မူရင်းလင်ခ့် – FB link |  Archive link   တူညီတဲ့ရေးသားမျှဝေမှုတွေကို ဖေ့စ်ဘွတ်ရဲ့ ဒီနေရာ၊ ဒီနေရာနဲ့ ယူကျူ့ရဲ့ ဒီနေရာမှာ လည်းတွေ့ရပါတယ်။  အချက်အလက်စိစစ်ချက် ဗွီဒီယိုထဲမှာ ရခိုင့်တပ်တော်(Arakan Amy)ဗိုလ်ချုပ်ထွန်းမြတ်နိုင်ဓာတ်ပုံနဲ့အတူ“AAတပ်ချုပ်ကို NUG စစ်ဦးစီးချုပ် ခန့်အပ်”စသည်ဖြင့်ရေးသားထားပေမဲ့ ဗွီဒီယိုထဲက […]

Continue Reading

Fact Check: ဗြိတိန်နဲ့ EU က NUGကို စစ်ရေးအကူညီပေးလိုက်ပြီဆိုတဲ့ သတင်း ခေါင်းစဉ်တု

ဗြိတိန်နဲ့ EU က NUG ကို စစ်ရေးအကူညီပေးလိုက်ပြီဆိုတဲ့ နားလည်မှုလွဲစေနိုင်တဲ့ သတင်းခေါင်းစဉ်တုနဲ့ ဖြန့်ချိ ထားတဲ့ ဗွီဒီယိုပို့စ်တစ်ခုဖေ့စ်ဘွတ်အသုံးပြုသူတွေအကြားပျံ့နှံ့လျက်ရှိပါတယ်။ ဗွီဒီယိုပါအကြောင်းအရာဟာ မြန်မာစစ်တပ်ကို ICC နဲ့ ICJ မှာတရားစွဲဆိုမှုမှာပါဝင်ထောက်ခံရေးအတွက် EU နိုင်ငံတွေကို အရပ်ဘက် အဖွဲ့အစည်း ၆၀ ကျော်က တောင်းဆိုမှုသတင်းသာဖြစ်ပါတယ်။ “Ukနဲ့ EU NUGကို စစ်ရေးအကူညီပေးပြီ”လို့ ရေးသားထားသလို “ဒေါ်လာ ၅ သန်းတန် ဂျက်ဖိုက်တာ NUG စစ်ရေးအတွက်ပေးလိုက်ပြီ”လို့ဗွီဒီယိုထဲမှာရေးသားလျှက်“Man Media” အမည်နဲ့ ဖေ့စ်ဘွတ် စာမျက်နှာ ဖေဖော်ဝါရီ ၉ ရက်က အောက်ပါအတိုင်းမျှဝေထားရာမှာ ဒီဗွီဒီယိုကို ကြည့်ရှု့မှုပေါင်း ၁ သိန်း ၄ သောင်းကျော်ရှိပါတယ်။  မူရင်းလင်ခ့် – FB link |  Archive […]

Continue Reading

Fact Check: နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ဒေါ်ရိုစီအောင်ကို NUG လုပ်ကြံ သတ်ဖြတ်ဆိုတဲ့ သတင်းမှားဖြန့်ဝေ

နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ဒေါ်ရိုစီအောင်ကို NUG က လုပ်ကြံသတ်ဖြတ်လိုက်တယ်လို့ဆိုတဲ့ ပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေကြား ဖြန့်ဝေခဲ့တာတွေ့ရပါတယ်။သတင်းမှားတစ်ခုသာဖြစ်ပါတယ်။ အမေရိကန်မှာ နေထိုင်တဲ့ ဒေါ်ရိုစီအောင်ဟာ နှလုံးရောဂါကြောင့် သေဆုံးရခြင်းဖြစ်တယ်လို့ မိသားစုဝင်တွေက အတည်ပြု ထားတာတွေ့ရပါတယ်။  အောက်ပါ screebshot ကတော့ ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြားပျံ့နှံ့ခဲ့တဲ့ ပို့စ်တစ်ခုရဲ့ပုံဖြစ်ပါတယ်။ “တော်လှန်နေရင်း အမှန်တရားတွေ ပြောမိလို့ ပြည်ပမှာ လုပ်ကြံ ခံလိုက်ရတဲ့ ဒေါ်ဌေးဌေးဝင်း (ခ) ရိုစီအောင် ဒေါ်ရိုစီအောင် ရဲ့ ဘော်ဒီပြန်ရတယ်ဆိုတဲ့ထုတ်ပြန်ချက်ပါ။ထုတ်ပြန်ချက်အရ ပြီးခဲ့တဲ့နှစ်ဒီဇင်ဘာလမှာ လုပ်ကြံခံရတဲ့သဘောပါပဲ။ ဦးသန့်အရေးအခင်းတွင် ဖမ်းဆီးခံရသူ ခေါင်းဆောင် ၅၂ ဦးအနက် တစ်ဦးအပါအဝင်ဖြစ်ခဲ့ပြီး မြန်မာ့နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ဒေါ်ရိုစီအောင်(ခ)ဒေါ်ဌေးဌေးဝင်းမှာ အမေရိကန်တွင်လုပ်ကြံခြင်း ခံလိုက်ရပါတယ်။ သို့ပေမယ် လက်ရှိနိုင်ငံရေးဖြစ်စဉ်မှာ လိုင်းပေါ်မှ တော်လှန်ရေး လုပ်နေစဉ်အတွင်း အခြေအနေမလှတော့တဲ့ မြေပြင် PDF တွေရဲ့ အခြေအနေမှန်နဲ့ […]

Continue Reading

Fact Check: စစ်တပ်ကျင်းပမယ့် ရွေးကောက်ပွဲမှာ ဝင်ပြိုင်ဖို့ NUG လျှို့ဝှက်တွေ့ဆုံဆိုတဲ့ သတင်းတု

စစ်တပ်ကလုပ်မယ့်ရွေးကောက်ပွဲမှာ ဝင်ပြိုင်ဖို့အတွက် NUG အဖွဲ့လျှို့ဝှက်ညှိုနှိုင်းနေတယ်လို့ဆိုတဲ့ ပို့စ်တစ်ခု ဖေ့စ်ဘွတ်နဲ့တယ်လီဂရမ်မှာဖြန့်ဝေလျက်ရှိပါတယ်။ သတင်းမှားတစ်ခုသာ ဖြစ်ပါတယ်။ “NUGအဖွဲ့ကတော့ ဘာတွေအပေးအယူလုပ်လိုက်လဲတော့မသိဘူး ကြားရတဲ့သတင်းကတော့  ရွေးကောက်ပွဲမှာ ဝင်ပြိုင်မယ်ဆိုပြီး နစက ကို လာညှိနေတယ် ဒီလိုမှ လာမညှိလည်း နစက ရွေးကောက်ပွဲမဖြစ်ဖြစ်အောင်လုပ်ပြီး အရပ်သားအစိုးရတက်လာရင် NUG ခွက်ပျောက်ပြီလေ ဆိုတော့ ဘာတွေ အပေးအယူတွေ လုပ်လိုက်လဲ ဆိုတာတော့ မကြာခင်ကာလမှ လယ်ပြင်မှာ ဆင်ကောင်ကြီးသွားသလို ကားကားနဲ့ မြင်ရတော့မယ် စောင့်ကြည့်ကြအမျိုးတို့ 🇲🇲⭐⭐⭐⭐⭐⭐🇲🇲 မှိုင်းဝေ”လို့ ရေးသားပြီး “စောမှိုင်းဝေ” အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူကအောက်ပါအတိုင်းမျှဝေထား တာတွေ့ရပါတယ်။  မူရင်းလင်ခ့် – FB link |  Archive link   တူညီတဲ့ရေးသားမျှဝေမှုတွေကို တယ်လီဂရမ်ရဲ့ ဒီလင့်ခ်၊ ဖေ့စ်ဘွတ်ရဲ့ ဒီလင့်ခ်နဲ့ ဒီလင့်ခ်တွေမှာလည်းကြည့်ပါ။ အချက်အလက်စိစစ်ချက် […]

Continue Reading

Fact Check: NUG ကိုတရားဝင်အစိုးရဟု အာဆီယံ အလှည့်ကျ ဥက္ကဌ ထုတ်ပြောဆိုတဲ့သတင်းမှား

NUG ကိုတရားဝင်အစိုးရဟု အာဆီယံ အလှည့်ကျဥက္ကဌ ထုတ်ပြောလိုက်ပြီး စစ်ကောင်စီကို အကန့်သတ်မဲ့ ထုတ်ပယ်လိုက်ပြီလို့ဆိုတဲ့ပို့စ်တစ်ခုဖေ့စ်ဘွတ်အသုံးပြုသူတွေအကြားပျံ့နှံ့လျက်ရှိပါတယ်။ နားလည်မှုလွဲ စေနိုင်တဲ့ သတင်းမှားဖြန့်ချိန်မှုဖြစ်ပါတယ်။ အောက်ပါစာသားကတော့ ဖေ့စ်ဘွတ်စာမျက်နှာတစ်ခုက ဖြန့်ဝေနေတဲ့ စာသားဖြစ်ပါတယ်။ (မူရင်းအရေးအသား) “NUG ကိုတရားဝင်အစိုးရဟု အာဆီယံ အလှည့်ကျ ဥက္ကဌ ထုတ်ပြော အကန့်သတ်မဲ့ စစ်ကောင်စီကို ထုတ်ပယ်လိုက်ပြီ”စသည်ဖြင့်ရေးသားထားပါတယ်။  မူရင်းလင်ခ့် – FB link |  Archive link   တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။  အချက်အလက်စိစစ်ချက် “NUG ကိုတရားဝင်အစိုးရဟု အာဆီယံ အလှည့်ကျ ဥက္ကဌ ထုတ်ပြော အကန့်သတ်မဲ့ စစ်ကောင်စီကို ထုတ်ပယ်လိုက်ပြီ”စသည်ဖြင့် ရေးသားပြီး ဖေ့စ်ဘွတ်အသုံးပြုသူတွေကိုလှည့်စားပေမဲ့ ဗွီဒီယိုတစ်ခုလုံးမှာ ဒီအကြောင်းအရာပါဝင်ခြင်းမရှိပါဘူး။ ၁၂ မိနစ်ရှည်လျားတဲ့ ဒီဗွီဒီယိုထဲမှာ တကယ်တော့ မြန်မာနောင်းသတင်းဌာနက ဇန်နဝါရိ […]

Continue Reading

Fact Check: ဖေဖော်ဝါရီ ၁ ရက်မှာ ရွေးကောက်ပွဲကျင်းပမယ်လို့ စစ်တပ်က ကြေညာဆိုတဲ့သတင်းမှား

အာဏာသိမ်း ၃ နှစ်ပြည့် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှာ ရွေးကောက်ပွဲကျင်းပမယ်လို့ စစ်တပ်က ကြေညာ တယ်ဆိုတဲ့ သတင်းမှားပို့စ်တစ်ခုဖေ့စ်ဘွတ်အသုံးပြုသူတွေအကြားပျံ့နှံ့လျက်ရှိပါတယ်။  “အာဏာသိမ်း ၃ နှစ်ပြည့်နေ့မှာ ရွေးကောက်ပွဲကျင်းပမယ်တဲ့ဗျို့”လို့ ရေးသားပြီး “TepPon News” အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာကအောက်ပါအတိုင်းမျှဝေထားတာတွေ့ရပါတယ်။ ဗွီဒီယိုထဲမှာလည်း “၁၀ရက်နေ့ အ‌ရေးပေါ်သတင်း ရွေးကောက်ပွဲကြောင့် ကြေညာပြီ Feb 1 ရက်နေ့ ရွေးကောက်ပွဲကျင်းမည်”လို့ ရေးသားထားတာတွေ့ရပါတယ်။ မူရင်းလင်ခ့် – FB link |  Archive link   တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာမှာ လည်းတွေ့ရပါတယ်။  အချက်အလက်စိစစ်ချက် ၂၀၂၁ ခုနှစ်ဖေဖော်ဝါရီ ၁ မှာ ရွေးကောက်ပွဲမှာ မဲစာရင်းဖောင်းပွမှုအကြောင်းပြပြီး စစ်တပ်က ၂၀၀၈ အခြေခံ ဉပဒေနဲ့ မညီပေမဲ့ အာဏာသိမ်းခဲ့ပါတယ်။ […]

Continue Reading

Fact Check: NUG နဲ့ စကစ အာဏာလွှဲပြောင်းသဘောတူစာချုပ်လက်မှတ်ထိုးတဲ့ သတင်းမှား

NUG နဲ့ စကစ အာဏာလွှဲစာချုပ်လက်မှတ်ထိုးလိုက်ပြီလို့ MRTVကနေကြေညာတယ်ဆိုတဲ့ ပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြားပျံ့နှံ့လျက်ရှိပါတယ်။ သတင်းတုဖြစ်ပါတယ်။ အောက်ပါ ဖေ့စ်ဘွတ်စာမျက်နှာတစ်ခုက ဒီလိုဖြန့်ဝေထားတဲ့ ဗွီဒီယိုပုံစံပို့စ်ရဲ မြင်ကွင်း screenshot ဖြစ်ပါတယ်။ “အာဏာလွှဲစာချုပ်MRTVကနေကြေငြာပြီ။အချိန်၃မိနစ်ပေးနားထောင်ကြည့်”လို့ရေးထားသားပြီး ဗွီဒီယိုထဲမှာလည်း “NUG နဲ့ နစက သဘောတူလက်မှတ်ထိုးပြီ ၂၅ ရက် MRTV သတင်းမှာကြေငြာပြီ အာဏာလွှဲစာချုပ် ဝမ်းသာလိုက်တာ”စသည်ဖြင့်ရေးသားရာ ဒီဗွီဒီယိုပို့စ်ကို ဖေ့စ်ဘွတ်အသုံးပြုသူတွေ ရာဂဏန်းကမျှဝေခဲ့ကြပြီး ကြည့်ရှူ့မှုပေါင်း ၅၀၀၀၀ ကျော်ရှိပါတယ်။ ဒီပို့စ်ဟာဖေ့စ်ဘွတ်အသုံးပြုသူတွေအကြာ ထင်ယောင်ထင်မှားဖြစ်စေတာတွေ့ရပါတယ်။ မူရင်းလင်ခ့် – FB link |  Archive link   တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာမှာ လည်းတွေ့ရပါတယ်။  အချက်အလက်စိစစ်ချက် စစ်တပ်က အာဏာပြန်လွှဲပြီ၊ စစ်တပ်နဲ့ NUG သဘောတူညီမှုရပြီ စတဲ့အကြောင်းအရာတွေဟာ မကြာခဏ ဖြန့်ဝေနေတဲ့ သတင်းမှားတစ်ခုဖြစ်ပါတယ်။ […]

Continue Reading