Fact Check: ဖိလစ်ပိုင်နိုင်ငံကပျံ့နှံ့ခဲ့ပြီး ဓာတ်ပုံများကို NUG က PDF တွေကို သင်တန်း ပေးပုံအဖြစ်မျှဝေ

အမျိုးသားညီညွှတ်ရေးအစိုးရ(NUG)မှ အထူးလေ့ကျင့်ပေးထားတဲ့ ပြည်သူ့ကာကွယ်ရေး တပ်မတော် တပ်ဖွဲ့ (PDF)ဝင်တွေလို့ ရေးသားလျက် စစ်ရေးလေ့ကျင့်နေတဲ့ စစ်သားဓာတ်ပုံတွေကို ဖေ့စ်ဘွတ်အသုံပြုသူ အများ အပြား ပြန်လည် မျှဝေလျှက်ရှိပါတယ်။ သို့သော် ဓာတ်ပုံတွေဟာ မြန်မာနိုင်ငံနဲ့ သက်ဆိုင်ခြင်းမရှိဘဲ ဖိလစ်ပိုင်နိုင်ငံက စစ်ရေးလေ့ကျင်မှု ဓာတ်ပုံတွေ ဖြစ်တာတွေ့ရပါတယ်။ “NUG မှ အထူးလေ့ကျင့်ပေးထားတဲ့ PDF တော်ဝင်တပ်ဖွဲ့များ။”လို့ရေးသားပြီး “La Minn Htet” အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူ မျှဝေထားရာမှာ ဒီပို့စ်ကို ပြန်လည်မျှဝေ အရေအတွက် ၅၀၀ ကျော်ရှိပါတယ်။ တူညီစွာရေးသားမျှဝေနေကြတာကို ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။  မူရင်းလင်ခ့် – Fb link |  Archive link အချက်အလက်စိစစ်ချက် အမျိုးသမီးတွေ သေနတ်ပစ်လေ့ကျင့်နေတဲ့ ဓာတ်ပုံမှာ Hugot […]

Continue Reading

Fact Check: ဒီမောဆိုမှာ ပြည်သူ့ကာကွယ်ရေးတပ်ရဲ့ တိုက်ခိုက်ဖျက်ဆီးခံရတဲ့ တင့်ကားတွေလား-မဟုတ်ပါ

ဒီမောဆိုမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)ရဲ့ တိုက်ခိုက်ခံရတဲ့ တင့်ကားတွေလို့ ရေးသားပြီး ကွင်ပြင်တစ်ခုမှာ တင့်ကားတစ်စီး မီးလောင်နေတဲ့ဓာတ်ပုံနဲ့ နောက်ထပ်တင့်ကားတစ်စီး လမ်းဘေးထိုးကျနေတဲ့ ဓာတ်ပုံ ၂ ပုံကို ဖေ့စ်ဘွတ်မှာ မျှဝေလျက်ရှိပါတယ်။ သို့ေသာ်လည်း ဓာတ်ပုံတွေဟာ ပြီးခဲ့တဲ့ နှစ်များအတွင်းကတည်းက အင်တာနက်မှာ ပျံ့နှံ့နေခဲ့ပြီး မြန်မာနိုင်ငံနဲ့ သက်ဆိုင်ခြင်းမရှိပါဘူး။  “ဒီမော့ဆို PDF လက်ချက်ကြောင့်မီးလောင်ပျက်ဆီး သွားသော..အိုဟောင်းနေသောတင့်ကားများ”လို့ေရးသားပြီး “Ro Kyaw Zan Htet”အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူက မျှဝေထားပါတယ်။ အလားတူ ရေးသားမျှဝေမှုတွေကို ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာ မှာလည်း တွေ့ရပါတယ်။ မူရင်းလင်ခ့် – Fb link |  Archive link  အချက်အလက်စိစစ်ချက် ဒီမောဆိုမှာ တင့်ကား ၂ စီး ပြည်သူ့ကာကွယ်ရေးတပ်က ဖျက်စီးနိုင်ခဲ့တဲ့ သတင်းကို ခေတ်သစ်သတင်းဌာနရဲ့ […]

Continue Reading