Fact Check: မြန်မာနိုင်ငံကို R2P ဝင်ဖို့ အတည်ပြုဆိုတဲ့ နားလည်မှုလွဲစေနိုင်တဲ့ သတင်းမှား
မြန်မာနိုင်ငံကို R2P ဝင်ရောက်ဖို့ အတည်ပြုလိုက်ပြီလို့ဆိုထားတဲ့ ဗွီဒီယိုတွေ ယခုရက်ပိုင်းမှာ ယူကျူ့မှာ ဖြန့်ဝေ လာရာ ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ နားလည်မှုလွဲမှားစေနိုင်တဲ့ သတင်းမှားတွေသာဖြစ်တယ်။ R2P ဆိုတာကတော့ နိုင်ငံတနိုင်မှာ အုပ်ချုပ်သူအစိုးရတွေဟာ သူ့နိုင်ငံသားတွေကို လူမျိုးတုန်းသတ်ဖြတ်မှု၊ လူမျိုးရေးသုတ်သင် ရှင်းလင်းမှုနဲ့ စစ်ရာဇဝတ်မှုတွေ ကျူးလွန်နေတာကို တားဆီးရန် ပျက်ကွက်ရင် နိုင်ငံတကာကလည်း ဒီကိစ္စကို တားဆီဖို့ တာဝန်ရှိတဲ့အတွက် လိုအပ်ရင် စစ်ရေးနည်းလမ်းအထိ ရွေးချယ် နိုင်တယ်ဆိုတဲ့ ယူဆချက်ပဲဖြစ်တယ်။ အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။ အလားတူတဲ့ရေးသားမျှဝေမှုကို ဒီနေရာမှာလည်းတွေ့ရတယ်။ “သန်ခေါင်ယံ အမိန့် R2P ဝင်မည် မြန်မာ့အရေး R2P ခွင့်ပြုလိုက်ပြီ စစ်အင်အား များပြားပြီး ပြည်သူတွေ အရေးပေါ်”(မူရင်းအရေးအသား) မူရင်းလင်ခ့် – Youtube link | Archive […]
Continue Reading