တစ်နိုင်ငံလုံးရှိ စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များဆိုင်ထိုင်ခွင့်ပိတ်သိမ်းလိုက်ပြီ ဆိုတဲ့အချက်အလက်မှား

တစ်နိုင်ငံလုံးရှိ စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များဆိုင်ထိုင်ခွင့်ပိတ်သိမ်းလိုက်ပြီဆိုတဲ့ ပို့စ်တစ်ခု လူမှုကွန်ယက်မှာ ပျံ့နှံ့လျက်ရှိတာတွေ့ရပါတယ်။ “Mg Nge”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက “တစ်နိုင်ငံလုံးရှိ စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များ ဆိုင်ထိုင်ခွင့်ပိတ်သိမ်းလိုက်ပြီ(အများသိအောင်ရှယ်ပေးကြပါဦးနော်)”ဆိုပြီး ြသဂုတ် ၂၆ ရက်က အောက်ပါအတိုင်း မျှဝေထားရာ ဒီပို့စ်ကို ပြန်လည်မျှဝေသူ ၁ သောင်း ၇ ကျော်ရှိခဲ့ပါတယ်။ Fb link Archive link အချက်အလက်စိစစ်ချက် သမ္မတရုံးနှင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရုံးအပါအဝင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ တရားဝင် ဖေ့စ်ဘွတ်စာမျက်နှာတွေမှာ  ဒီလို ညွှန်ကြားချက်မျိုး ထုတ်ပြန်ထားခြင်းမရှိတာတွေ့ရပါတယ်။ Google မှာ “စားသောက်ဆိုင်များ ပိတ်သိမ်းဖို့ ညွှန်ကြား”၊ “စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များ ပိတ်သိမ်း”စတဲ့ အဓိကျကတဲ့ စကားလုံးတွေ အသုံးပြုရှာဖွေရှာလည်း ဒီပို့စ်မှာ ပြောထားသလို သတင်းမျိုး တစ်စုံတစ်ရာမတွေ့ရှိရပါဘူး။ စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်နဲ့ ဆေးဆိုင်တွေကို […]

Continue Reading