၂၀၁၁ ခုနှစ်ကဖြစ်ပွားခဲ့တဲ့ ဆူနာမီကို သူတို့အိမ်တွေအတွက် ဆုတောင်ပေးပါဉီးဆိုပြီး ထုတ်လွှင့်နေတဲ့ Facebook Live အကြောင်း

ဖေ့စ်ဘွတ်သုံးစွဲသူတွေအကြားမှာ “ဂျပန်နိုင်ငံမှာ tsunami ၊ သူတို့အိမ်ကို ဆုတောင်းပေးကြပါ ။ ဘုရားရေ!! “လို့ မြန်မာလို ပြန်ဆိုနိုင်တဲ့ “Tsunami in Japan, pray Them Home. OMG!!”ဆိုပြီး မူရင်းအင်္ဂလိပ်လိုရေးသားပြီး မျှဝေထားတဲ့  á€‚ဝပန်နိုင်ငလက ဆူနာမီ Facebook live ဗွီဒီယိုကို ပြန်လည်မျှဝေနေကြတာတွေ့ရပါတယ်။ “Debimlivinglifemoore”အမည်နဲ့ဖေ့စ်ဘွတ်စာမျက်နှာက Facebook live ဗွီဒီယိုကို ထုတ်လွှင့်ခဲ့ရာမှာ “Moe Htet”အမည်နဲ့ဖေ့စ်ဘွတ်သုံးစွဲသူက “သတင္းစုံ(NEWS)”အမည်နဲ့ ဖေ့စ်ဘွတ်အုပ်စုထဲမှာ ပြန်လည်မျှဝေ ထားပါတယ်။အလားတူပဲ “Aungsan Aungsan”အမည်နဲ့ဖေ့စ်ဘွတ်သုံးစွဲသူက “မျမန္မာ့ သတင္းစံု” အမည်နဲ့ဖေ့စ်ဘွတ်အုပ်စုထဲမှာ ပြန်လည်မျှဝေထားတာတွေ့ရပါတယ်။ Fb link Fb link Archive link Archive link “Debimlivinglifemoore” အမည်နဲ့ဖေ့စ်ဘွတ်စာမျက်နှာက ၇ နာရီခွဲကျော်ကြာမြင့်တဲ့ […]

Continue Reading

အီရန်နိုင်ငံမှာ Covid-19 ရောဂါကြောင့်လူတွေသေတာ မြှုပ်လို့မနိုင်တော့လို့ လမ်းပေါ်ထွက် ဆန္ဒပြကုန်ပြီဆိုတဲ့သတင်းမှား

ဧပြီ ၂၂ ရက်အထိ ကမ္ဘာတစ်လွှားမှာ COVID-19 ပိုးကူးစက်ခံရသူ အတည်ပြုလူနာပေါင်း ၂ ဒသမ ၅ သန်းကျော် လာပြီး သေဆုံးသူ ၁ သိန်း ၇ သောင်းကျော်ရှိလာပြီဖြစ်ပါတယ်လို့ worldmeters.info က ဖော်ပြပါတယ်။ အာရှမှာ ကိုရိုနာဗိုင်းရပ်စ် စတင်ဖြစ်ပွားရာ တရုတ်နိုင်ငံထက် ကူးစက်ခံရသူနဲ့ သေဆုံးသူ ပိုမိုများပြားတဲ့ အီရန်နိုင်ငံဖြစ်ပြီး ဧပြီ ၂၂ ရက်အထိ စုစုပေါင်း အတည်ပြုလူနာ ၈၄၈၀၀ ကျော်နဲ့ သေဆုံးသူ ၅၃၀၀ နီးပါးရှိလာပြီဖြစ်ပါတယ်။ ဒီလိုအခြေအနေမျိုးမှာ “အီရန်နိုင်ငံမှာ Covid-19 ရောဂါကြောင့် လူတွေသေတာ မြှုပ်လို့မနိုင်တော့လို့တဲ့ဗျာ မကယ်နိုင်တဲ့အလ္လာဟ်ကို လမ်းပေါ်ထွက် ဆန္ဒပြကုန်ကြပါပြီ အလ္လာဟ်ထွက်ခဲ့ပါတော့တဲ့”ဆိုပြီး ဗွီဒီယိုဖိုင် တစ်ခုကို“နေ ထက် လင်း”အမည်နဲ့ဖေ့စ်ဘွတ်သုံးစွဲသူက မျှဝေထားပါတယ်။ အလားတူပဲ “Myo […]

Continue Reading

Mask အဟောင်းတွေကို ဈေးကွက်ထဲသို့ရောင်းဝယ်နေမှုအထူးသတိပြုပါဆိုတဲ့ ပို့စ်မှာ ပါတဲ့ ဓာတ်ပုံတွေက မြန်မာနိုင်ငံက မဟုတ်ပါ

“ယခုဖြစ်ပေါ်နေသော ကမ္ဘာ့ကပ်ရောဂါ COVID-19 ရောဂါပိုးပြန့်ပွားနေမှု့ကို အကြောင်းခံပြီး မြန်မာနိုင်ငံရှိ ပြည်သူများကို လိမ်ညာရောင်းနေကြသည့် Mask များသည် အများပြည်သူများ ဝယ်ယူတပ်ဆင်ထားပြီးသော Mask အဟောင်းများကို ပြန်လည်ကောက်ယူကာ လျှော်ဖွတ်၍ အသစ်ပုံစံအတိုင်း ပြုလုပ်ပြီး ဈေးကွက်ထဲသို့ ဈေးပေါပေါဖြစ် ဖြန့်ချီးရောင်းဝယ်နေတာတွေ ရှိနေပါတယ်။ ၎င်းပြန့်ချီးရောင်းဝယ်နေသော Mask အဟောင်း များသည် အများပြည်သူများထံ ပြန်လည်းရောက်ရှိကာ COVID-19 ရောဂါပိုးမကူးဆက် နိုင်ရန်အတွက်၎င်း ၊ မျက်နှာပေါ်သို့ ကာကွယ်ထိန်းချုပ်ရန်အတွက်၎င်း ၊  တပ်ဆင်ရာတွင် ပုံပါအတိုင်း မျက်နှာပေါ်ရှိ အရည်ပြားများ ပျက်စီးဆုံးရှုးမှုနဲ့ တွေ့ကြုံရပါသည်”ဆိုတဲ့ ပို့စ် လူမှုကွန်ယက်မှာ ပျံ့နှံ့ခဲ့ပါတယ်။  â€œá€•á€”á€şá€¸á€”á€Żá€›á€ąá€Źá€„á€şá€€á€ąá€Źá€„á€şá€™á€œá€ąá€¸ ပန်းနုရောင်ကောင်မလေး”အမည်နဲ့ဖေ့စ်ဘွတ်သုံးစွဲသူက “မြန်မာသတင်းစုံ”အမည်နဲ့ ဖေ့စ်ဘွတ်အုပ်စုထဲကို “မေ သူ”အမည်နဲ့ဖေ့စ်ဘွတ်သုံးစွဲသူရဲ့ပို့စ်ကို ပြန်လည်မျှဝေထားတာတွေ့ရပါတယ်။ ဒီပို့စ်ကို “မေ သူ”က “ဝူဟန်/ကိုရိုနာဗိုင်းရပ်စ်COVID-19 […]

Continue Reading

ညကအုပ်စုဖွဲ့ရမ်းကားသူများအားထိန်းသိမ်းဆိုတဲ့ သတင်းတု

COVID-19 ရောဂါပျံ့နှံ့မှုကို ထိန်းချုပ်နိုင်ဖို့အတွက် မြန်မာနိုင်ငံတစ်ဝှမ်းမှာ လူ ၅ ဉီးထပ်ပိုစုဝေးခြင်းမပြုရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ကြေညာထားပြီး ရောဂါကူးစက်မှုများပြားတဲ့ မြို့နယ်တွေမှာ အိမ်အတွင်းပဲနေထိုင်ဖို့ ညွှန်ကြားထားပါတယ်။ ဒီလိုပဲ ညမ ထွက်ရအမိန့်တွေကို သက်ဆိုင်ရာ တိုင်းဒေသကြီး ပြည်နယ်အလိုက် အစိုးရက ကောင်ထည်ဖော်နေချိန်မှာ “Kozawgyimps Kozawgyimps” အမည်နဲ့ဖေ့စ်ဘွတ်သုံး စွဲသူက “ညကအုပ်စုဖွဲ့ရမ်းကားသူများအားထိန်းသိမ်း”ဆိုပြီး ပို့စ်တစ်ခုကို မျှဝေလာပါတယ်။ Link Archive link ဘယ်နေရာ ဘယ်အချိန်မှာဖြစ်ပျက်ခဲ့သလိုဆိုတာကို ဖော်ပြထားခြင်းမရှိပေမဲ့ ဒီသတင်းကို ဖေ့စ်ဘွတ်သုံးစွဲသူ ၂ ထောင်ကျော်က ပြန်လည်မျှဝေထားတာတွေ့ရပါတယ်။ အချက်အလက်စိစစ်ချက် ပထမဆုံးဉီးစွာ Google မှာပုံပြောင်းပြန်ရှာနည်းနဲ့ ဓာတ်ပုံကို ရှာဖွေကြည့်ရာမှာ အောက်ပါအတိုင်းတွေ့ရပါတယ်။ ဒေသတွင်းမူးယစ်ဆေးဝါးနှင့်ဆက်နွယ်သောအကြမ်းဖက်မှုများတွင်ပါဝင်ပတ်သက်မှုရှိသည်ဟုသံသယရှိသူ ၈ ဦး အားဖမ်းဆီးခဲ့တဲ့သတင်းကို Cambodia News English အမည်နဲ့သတင်းဝက်ဘ်ဆိုက်က […]

Continue Reading

ငမိုးရိပ်ချောင်းထဲကနေ ဘင်္ဂါလီတွေဝင်လာတယ်ဆိုတဲ့ သတင်းမှား

COVID-19 ရောဂါဖြစ်ပွားမှုများပြားနေတဲ့ တောင်ဉက္ကလာပမြို့နယ်အပါအဝင် မြို့နယ် ၇ ခုမှာ နေအိမ်အတွင်း သာနေထိုင်ရန်နဲ့ လူနှစ်ဉီးထက်ပိုပြီးသွားလာခြင်းမပြုရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ကန့်သတ် ထားချိန်မှာ ဧပြီ ၁၉ ရက်ညပိုင်းက လူစုလူဝေးဖြစ်စဉ်တစ်ခုဖြစ်ပွားခဲ့ပြီး ဒီအခြေအနေကို ရိုက်ကူးထားတဲ့ ဗွီဒီယိုအပေါ် အမျိုးမျိုးကထင်မြင်ချက်တွေပေးပြီး မျှဝေနေကြတာ တွေ့ရပါတယ်။ “19.4.2020 ညကဖြစ်သည်။nld အစိုးရ၏ဝူဟန်ကပ်ဘေးကိုအသုံးချပြီးနိုင်ငံရေးအမြတ်ထုတ်နေမှုများ ညမထွက်ရအမိန့်ထုတ်ပြီးကုလားများကိုခိုးသွင်းနေသည်။ 19-4-2020 နေ့ညက ငမိုးရိပ်ချောင်းအတိုင်းစက်လှေ (၂)စီးနှင့်ဝင်လာတဲ့ ဘင်္ဂလီ (၂၀၀)ကျော်ကို ရန်ကုန်တိုင်း ဝန်ကြီးချုပ်၏  တိုက်ရိုက်ကွပ်ကဲမှု့ဖြင့်လက်စပျောက် သွားဘီဟု အမည်မဖော်လိုသော NLD ရန်ကုန်တိုင်းလွှတ်တော်ကိုယ်စားလှယ်က RFM သို့ပြောကြားသည်” ဆိုပြီးတော့ ပို့စ်တစ်ခုကို “Ko Mar Ga” အမည်နဲ့ဖေ့စ်ဘွတ်သုံးစွဲသူက မျှဝေလာတာတွေ့ရပါတယ်။ Fb link Archive link “May Yoon […]

Continue Reading

ဘင်္ဂလာဒေ့ရှ်မှာ မြန်မာပြည်က ခိုးဝင်လာသူ ဘင်္ဂလီတွေနဲ့ဒေသခံ တွေ ဆော်ကုန်ကြပြီး ဆိုတဲ့ သတင်းမှား

COVID-19 ဟာ မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံအသီးသီးနဲ့ နယ်မြေဒေသအသီးသီးကို ပျံ့နှံ့လျက်ရှိပါတယ်။ လူဉီးရေထူထပ်တဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွက်လည်း စိန်ခေါ်မှုတစ်ရပ်ဖြစ်ပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ ဧပြီ ၁၉ ရက်နေ့အထိ ထုတ်ပြန်ချက်အရ ဘင်္ဂလားဒေ့ရှ်မှာ ရောဂါပိုးတွေ့ရှိသူ အတည်ပြုလူနာ ၂၁၄၄ ဉီးနဲ့ သေဆုံး ၈၄ ဉီးရှိပြီဖြစ်ပါတယ်။ ဒီလိုအခြေအနေမျိုးမှာ “ဘင်္ဂလာဒေ့ရှ် မွာ မြန်မာပြည်က ခိုးဝင်လာသူ ဘင်္ဂလီတွေ နဲ့ဒေသခံ တွေ ဆော်ကုန်ကြပြီ၊ အဝင်မခံဘူး ၊   Covid 19 ဟာဘာသာတူခြင်းတောင် ကြောက်ရွံ့စေတယ်၊ ဆလမ်မာလေကွမ်း ”ဆိုပြီးတော့ Myo Min အမည်နဲ့ဖေ့စ်ဘွတ် သုံးစွဲသူက အောက်ပါအတိုင်းမျှဝေလာပါတယ်။ Fb link Archive link အချက်အလက်စိစစ်ချက် ပထမဆုံး ဗွီဒီယိုကို InVID ဗွီဒီယိုဆန်းစစ်ရေးဆော့ဖ်ဝဲလ်ကို အသုံးပြုပြီး […]

Continue Reading

ဆေးရုံကြမ်းခင်းပေါ်မှာ အိပ်ပျော်သွားတဲ့ ဆရာဝန်က လက်ရှိ COVID-19 နဲ့ ပတ်သက်ခြင်းမရှိ

COVID-19 ရောဂါဟာ ကူးစက်မြန် ကမ္ဘာ့ကပ်ရောဂါဆိုးတစ်ခုအဖြစ် ကမ္ဘာ့ကျန်မားရေးအဖွဲ့က မတ် ၁၁ ရက်မှာပဲ ကြေညာခဲ့ပြီး ဧပြီ ၁၇ ရက်အထိ ကမ္ဘာတစ်ဝှမ်းကူးစက်ခံရသူ နှစ်သန်းကျော်နဲ့ ဒီရောဂါနဲ့သေဆုံးသူ ၁၄၀၀၀၀ ဝန်းကျင်ရှိလာပြီဖြစ်ပါတယ်။ ဒီအထဲမှာ လူနာတွေနဲ့ နေ့စဉ်နဲ့အမျှ ထိတွေ့ဆက်ဆံနေရတဲ့ ဆေးဘက်ဆိုင်ရာ ဝန်ထမ်းတွေလည်း အပါအဝင်ဖြစ်ပြီး အများအကျိုးအတွက် သူတို့ရဲ့ ဘဝတွေကို စတေးထားကြရပါတယ်။ ဒီလိုအခြေအနေမျိုးမှာ ဆေးဘက်ဆိုင်ရာဝန်ထမ်းတွေဟာ သာမန်ထက် ပင်ပန်းပြီး သာမန်အလုပ်ချိန်ထက်ပိုမိုတဲ့ အလုပ်ဖိအားနဲ့လည်းရင်ဆိုင်နေကြရတာမို့ ကမ္ဘာတစ်လွှာမှာ သူတို့ကို လေးစားချစ်ခင်ကြ၊ အားပေးကြ၊ ချီးမွှမ်းကြပါတယ်။ ဒီလိုပဲ “Kyaw Htun” အမည်နဲ့ဖေ့စ်ဘွတ်သုံးစွဲသူက “Today News MM” စာမျက်နှာက ပို့စ်ကို “မြန်မာ့ သတင်းစုံ”အမည်နဲ့ဖေ့စ်ဘွတ်အုပ်စုမှာ မျှဝေထားတာတွေ့ရပါတယ်။  “သူတို့လေး တွေအရမ်းပင်ပမ်းနေကြပြီ ဒါပေမယ့် သူတို့ […]

Continue Reading

ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားမှုကို အကောင်းဆုံးတုန့်ပြန်နိုင်ခဲ့တဲ့နိုင်ငံတကာအမျိုးသမီး ခေါင်းဆောင်တွေထဲမှာ ဒေါ်အောင်ဆန်းစုကြည်နံပါတ်(၁)ဆိုတဲ့ သတင်းတု

မြန်မာနှစ်သစ်ကူးနေ့ (ဧပြီ ၁၇ ရက်မနက် ၂ နာရီအချိန်အထိထုတ်ပြန်)မှာ COVID-19 အတည်ပြုလူနာ မတွေ့ရှိရဘဲ မင်္ဂလာရှိသော နှစ်သစ်ကူးဖြစ်ခဲ့ပေမဲ့ သင်္ကြန်ကာလအတွင်းမှာအတည်ပြုလူနာတွေ့ ရှိမှုများပြားခဲ့တာကြောင့် လက်ရှိအချိန်မှာ အတည်ပြုလူနာ ၈၅ ဉီးအထိရှိနေပါတယ်။  သို့သော်လည်း ကမ္ဘာ့နိုင်ငံအသီးသီးမှာဖြစ်ပွားနေတဲ့ ကူးစက်မှုနှုန်းနဲ့ အတည်ပြုလူနာအရေအတွက်ကို ကြည့်မယ် ဆိုရင် မြန်မာနိုင်ငံဟာ ကူးစက်ခံရမှု နည်းပါးတဲ့ နိုင်ငံတစ်နိုင်ငံအဖြစ်ဆက်လက်ရပ်တည်နေပါတယ်။ ဒီလိုအခြေအနေမှာ“ကိုရိုနာ ဖြစ်ပွားနေချိန်မှာ အကောင်းဆုံးပြည်သူလူထုကို တုန့်ပြန်‌နေတဲ့ နိုင်ငံတစ်ကာ အမျိုးသမီးတွေထဲမှာ အမေစုက နံပါတ် (၁) တဲ့”ဆိုပြီး “Mg Nge” အမည်နဲ့ဖေ့စ်ဘွတ် သုံးစွဲသူက “ပြည်တွင်း ပြည်ပ နေ့စဉ် သတင်းများ”အမည်နဲ့ဖေစ်ဘွတ်အုပ်စုထဲမှာ မျှဝေလာတာတွေ့ရပါတယ်။ Facebook Archive အချက်အလက်စိစစ်ချက် ပထမဉီးစွာ Google မှာ ဓာတ်ပုံပြောင်းပြန်ရှာနည်းအသုံးပြု ရှာဖွေကြည့်ရာမှာအောက်ပါအတိုင်းတွေ့ရပါတယ်။  ဧပြီ […]

Continue Reading

COVID-19 ကြောင့် အီကွေဒေါနိုင်ငံ ပျက်သုဉ်းပြီဆိုတဲ့သတင်းမှား

လူဉီးရေ ၁၈ သန်းကျော်ရှိပြီး တောင်အမေရိကမှာ လူဉီးရေအထူထပ်ဆုံးနဲ့ အကျယ်အဝန်းအားဖြင့် အသေးဆုံး နိုင်ငံငယ်ဖြစ်တဲ့ အီကွေဒေါနိုင်ငံဟာ ဧပြီ ၁၆ ရက်အထိ ရောဂါဖြစ်ပွားသူ ၇၈၅၈ ဦးရှိပြီးတော့ သေဆုံးသူ ၃၈၈ ဦးရှိဖြစ်တယ်လို့ worldmeter.info ကအချက်အလက်အရ သိရပါတယ်။ လူဉီးရေအချိုးအစားနဲ့ ယှဉ်ရင် ကူးစက်မှုနှုန်းမြင့်မားတဲ့ အီကွေဒေါနိုင်ငံရဲ့အခြေအနေဟာ လူမှုကွန်ယက်မှာ စိတ်ဝင်စားစရာတစ်ခုအဖြစ်ရှိခဲ့ပါတယ်။ ဒီလိုအခြေအနေမှာ “Covid-19 တိုက်ပွဲမှာ ပထမဆုံး အရှုံးပေးလိုက်တဲ့ နိုင်ငံ ကတော့ အီကွေဒေါ ဖြစ်ပါတယ် …။ ဒေသစံတော်ချိန် ၃ နာရီ မှာ Fail down လို့ ကြေငြာလိုက်ပါပြီ။ ပြည်သူတွေ လမ်းပေါ်မှာ အတုံးအရုံးသေ နေကြပြီး ၊ ရောဂါကူးစက်မှုကို ဘယ်လိုမှ မထိမ်းချုပ်နိုင်တော့ ပါဘူး”ဆိုပြီး ပို့စ်တစ်ခုကို […]

Continue Reading

တရားဟောဆရာ စောဒေးဗစ်လားအမှုကို ရုပ်သိမ်းလိုက်ပြီဆိုတဲ့ သတင်းမှား

ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ်ဟာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရမှုအတည်ပြုလူနာ အများဆုံး ရှိနေတဲ့ နေရာတစ်ခုဖြစ်နေရာမှာ ခရစ်ယာန်ဘာသာရေးအခမ်းအနားတစ်ခုကြောင့် လူနာအရေအတွက် များပြားလာခဲ့ပါတယ်။  ဒီလိုအခြေအနေမျိုးမှာ “၁၄.၄.၂၀၂၀ ရက်နေ့က မရမ်းကုန်းမြို့မရဲစခန်းမှာ အမှုအမှတ်(ပ)(၅၈၃/၂၀၂၀)ဖြင့် အမှုဖွင့်အရေးယူထားသော စောဒေးဗစ်(ခ) ဒေးဗစ်လားကို နိုင်ငံတော် အတိုင်ပင်ပုဂ္ဂိုလ်၏ ညှိုနှိုင်းဖြန်ဖြေမှု အရအမှုပိတ်သိမ်းလိုက်ကြောင်း သတင်းရရှိပါတယ်။သောက်မျိုးအတွက်ဆို ဥပဒေအပေါ်ရောက်နေတာ ဘယ်သူတွေလဲ။ဒေးဗစ်လားကို မြန်မာပြည်ခေါ်လာတာ ဦးဗန်။တရားစွဲတာက ရန်ကုန်တိုင်းအစိုးရ။ အမှုပိတ် ခိုင်းတာက မွှေမွှေ ကျွန်တော် သဘောကတော့ ကွီးဖြိုးဘက်ကပဲ။တရားစွဲသင့်တယ်။မှန်တယ်။”ဆိုပြီးတော့ “Ko Mar Ga” အမည်နဲ့ ဖေ့စ်ဘွတ်သုံးစွဲသူနဲ့ “အန်ကယ်မာမီ”အမည်နဲ့ဖေ့စ်ဘွတ်သုံးစွဲသူတွေက ဧပြီ ၁၅ ရက်ညနေပိုင်းမှာ လူမှုကွန်ယက်မှာမျှဝေခဲ့တာ အောက်ပါအတိုင်းတွေ့ရပါတယ်။ Fb link Fb link Archive link Archive link ဘာသာရေးခေါင်းဆောင်နဲ့ အခြားလူ ၄ဉီးကို […]

Continue Reading