ဘင်္ဂလားဒေ့ရှ်နိုင်ငံ Bhasan Char ကျွန်းက အဆောက်အဉီးပုံတွေကို ရခိုင်မှာဆောက် ထားတဲ့ အိမ်တွေအဖြစ်ဖော်ပြနေကြတဲ့ သတင်းမှား

မြန်မာနိုင်ငံမှာ ပြည်ပက ပြန်လာတဲ့သူတွေ အများအပြားရှိခဲ့တာကြောင့် ကိုရိုနာဗိုင်းရပ်စ်စောင့်ကြည့်မှု လုပ်ငန်းစဉ်မှာ စောင့်ကြည့်နေရာအဖြစ်လက်ခံနိုင်ဖို့ အစိုးရအနေနဲ့ ယာယီအားဖြင့် အခက်အခဲ တစ်ချို့ရှိခဲ့ပါတယ်။  ဒီလိုအခြေအနေမှာ “နိုင်ငံခြားကပြန်လာတဲ့ ကိုဗစ်၁၉ သံသယစောင့်ကြည့်လူတွေကို ဘုန်းကြီးကျောင်းမှာနေရာပေးမယ့်အစား လောလောဆယ်ရခိုင်မှာဆောက်ထားတဲ့ အိမ်မှာနေရာပေးလိုက်ရင် ပိုအဆင်ပြေမယ်။” ဆိုပြီးတော့ “Wnow White” အမည်နဲ့အကောင့်က အဆောက်အဉီးပုံအချို့ကို မျှဝေလာပါတယ်။  Fb link Archive link မျှဝေလာတဲ့ အဆောက်အဉီးရဲ့ အပေါ်မှာ ဘင်္ဂလီတွေအတွက် အထူးရှယ်ဆောက်လုပ်ပေးထားတဲ့ အိမ်တွေအဖြစ်လည်း ဖော်ပြကြပါတယ်။ အချက်အလက်စိစစ်ချက် Google မှာ ပုံကိုပြောင်းပြန်ရှာနည်းအသုံးပြုရှာကြည့်တဲ့အခါမှာအောက်ပါအတိုင်းတွေ့ရပါတယ်။  Google မှာ “Bhasan Char”ဆိုတဲ့ စကားလုံးကို ရိုက်ရှာရင်လည်း ဒီပုံတွေကို အောက်ပါအတိုင်းတွေ့ရှိရပါတယ်။ ဘင်္ဂလားဒေ့ရှ်သတင်းဌာနတွေ ဒီပုံကို ဖော်ပြထားတွေ ၂၀၁၇ ခုနှစ်ကတည်းကဖော်ပြထားတာတွေ့ရပါတယ်။ Dhakatribune သတင်းဌာနက […]

Continue Reading

လက်ဖက်ရည်ကြမ်းက ကိုရိုနာဗိုင်းရပ်စ်ကို ကုသနိုင်တယ်ဆိုတဲ့ သတင်းမှား

လက်ဖက်ရည်ကြမ်းက covid-19 ရဲ့ လက္ခဏာတွေကို ပျောက်ကင်း စေတယ်ဆို၊ ကုသနိုင်တယ်ဆိုတဲ့ စာသား တွေ ဖေ့စ်ဘွတ်မက်ဆေ့ဂျာကနေ မျှဝေလာတာတွေ့ရပါတယ်။ အမေရိကန်အခြေစိုက်သတင်းဌာနဖြစ်တဲ့ CNN ကို သတင်းရင်းမြစ်အဖြစ်ဖော်ပြထားတဲ့ အောက်ပါစာသားက တော့ ဖေ့စ်ဘွတ်မက်ဆေ့ဂျာကနေ ဓာတ်ပုံအနေနဲ့ ပို့လာတဲ့ စာပဲဖြစ်ပါတယ်။ဒီစာသားတွေကို “ထီလာရွှေပြည် သတင်းစုံ”အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာလည်း မျှဝေထား တာတွေ့ ရပါတယ်။ Fb link Archive link လက်ဖက်ရည်ကြမ်းဟာ တကယ်ပဲ ကိုရိုနာဗိုင်းရပ်စ်ကို ကုသနိုင်ပါသလား။ အချက်အလက် စိစစ်ကြည့်ရ အောင်ပါ။ အချက်အလက်စိစစ်ချက် Google မှာ “cnn green tea covid-19”ဆိုတဲ့ စကားလုံးတွေကိုရိုက်ရှာကြည့်တဲ့အခါမှာ အောက်ပါအတိုင်းတွေ့ရပါတယ်။ လက်ဖက်ရည်ကြမ်းဟာ ကိုရိုနာဗိုင်းရပ်စ်ကို ကာကွယ်နိုင်တယ်ဆိုတဲ့ အထောက်အထားမတွေ့ရှိရပါဘူး။ ဧပြီ ၈ ရက်အထိ ကိုရိုနာဗိုင်းရပ်စ်ကို […]

Continue Reading

ကောင်းကင်မှပေါ်လာသော ဗုဒ္ဓပုံတော်အဖြစ် မမျှဝေခင်မှာ မြွေနဂါးပုံအဖြစ် မျှဝေခဲ့ဘူး

လူတွေ အလုအယက်ဓာတ်ပုံရိုက်နေကြဟန်နဲ့ ကောင်းကင်မှပေါ်လာတဲ့ ဗုဒ္ဓပုံတော်ဟာ လူမှုကွန်ယက်မှာ ပျံ့နှံမှုအားကောင်းခဲ့ပါတယ်။ “သီတဂူဆရာတော်ကြီးကို ကြည်ညိုကြသူများ”ဆိုတဲ့ ဖေ့စ်ဘွတ်အုပ်စုမှာ “စိုးစိုး”အမည်နဲ့အကောင့်က “KH Shop” ဆိုတဲ့ စာမျက်နှာက ပုံတစ်ပုံကို ပြန်လည်မျှဝေလာတာတွေ့ရပါတယ်။ “KH Shop”  ဆိုတဲ့ စာမျက်နှာ မှာတော့ ထိုင်းဘာသာစကား နဲ့ရေးသားထားတာဖြစ်ပြီး ဖေ့စ်ဘွတ်မှာ အလိုအလျောက် ဘာသာပြန်စနစ် အသုံးပြုပြီး ဘာသာပြန် ဆိုကြည့်မယ်ဆိုရင် “မယုံရင် မစော်ကားနဲ့. မြင်ရင်. 1 ကိုနှိပ်ပြီး. ရောဂါမရှိတဲ့. share ပေးပါ” ဆိုပြီးတော့ အဓိပ္ပာယ်ထွက်တာတွေ့ရပါတယ်။ Fb link Fb link Archive link Archive link ဒီလို ဗုဒ္ဓပုံတော်တွေ ဘယ်လိုဖြစ်ပေါ်လာသလဲဆိုတာကြည့်ရအောင်ပါ။ အချက်အလက်စိစစ်ချက် Google မှာ ပုံပြောင်းပြန်ရှာနည်းအသုံးပြုရှာဖွေကြည့်တဲ့အခါမှာ ဒီဓာတ်ပုံထဲမှာပါတဲ့ […]

Continue Reading

အသက်ရှုလေ့ကျင်ခန်းက ကိုရိုနာဗိုင်းရပ်စ်ကို ကာကွယ်နိုင်တယ်ဆိုတဲ့ သတင်းမှား

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ စာရင်းတွေအရ ဧပြီ ၅ ရက်နေ့အထိ ကမ္ဘာတစ်လွှာမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက် ခံရသူဉီးရေ ၁၁ သိန်းကျော်နဲ့ ကူးစက်ခံရမှုကြောင့် သေဆုံးသူ ၆၂၀၀၀ ထက်မနည်းရှိလာပြီဖြစ်သလို မြန်မာနိုင်ငံမှာလည်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရ သူ ၂၁ ဉီးနဲ့ သေဆုံးသူတစ်ဉီးရှိထားပါတယ်။ ဒီလိုအခြေအနေမျိုးမှာ အိမ်တွင်းဆေးမီတို၊ တိုင်းရင်းဆေးနဲ့ နိုင်ငံခြားဆေးတွေကကိုရိုနာဗိုင်ရပ်စ်နဲ့ပတ်သက်ပြီး ပျောက်ကင်းတယ်ဆိုတဲ့ သတင်းတွေမကြာခဏတွေ့ရသလို အိမ်တွင်းမှာ အလွယ်တကူလုပ်နိုင်မယ့် ကိုရိုနာဗိုင်းရပ်စ်ရှိမရှိသိနိုင်တဲ့နည်းလမ်း၊ ကာကွယ်နိုင်မယ့် နည်းလမ်းတွေကိုလည်း လူမှုကွန်ယက်မှာ မကြာခဏတွေ့ရပါတယ်။ အခုလည်း“ပိုက်ဆံ (၅) ပြားမှ မကုန်ဘဲ ကိုရိုနာဗိုင်းရပ်စ်ကို ကာကွယ်တဲ့နည်းလမ်း အခုပြောတဲ့ အတိုင်း လေ့ကျင့်ပြီး ရင် အနည်းငယ် မူးဝေမှု ဖြစ်ပေါ်ပါမယ်၊ စိုးရိမ်စရာမလို ပြီးရင် ခေါင်းအုံးကို ရင်ပတ်အောက်မှာခံပြီး မှောက်လျက် ခဏနားလိုက်ပါ ( ပက်လက်ဆိုရင် […]

Continue Reading

လူနာအမှတ် ၁၆ ဆုံးပြီးဆိုတဲ့ သတင်းမှား

မြန်မာနိုင်ငံမှာကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ကိုရိုနာဗိုင်းရပ်စ်လူနာတွေ့ပြီလို့ကြေညာခဲ့ပြီး နောက်တစ်နေ့မှာ တီးတိန်ကလူနာသေပြီဆိုပြီး လူမှုကွန်ယက်မှာ ပျံ့နှံ့ခဲ့သလိုပဲ လူနာအမှတ် ၅ နဲ့ပတ်သက်ပြီးတော့လည်း လူနာနာမကျန်းဖြစ်စဉ်မှာ သေဆုံးပြီဆိုတဲ့ သတင်းတွေဖြစ်ပေါ်ခဲ့ပါတယ်။ အခုတဖန်လည်း “Aung Naing Htwe” အမည်နဲ့အကောင့်က “ဒူဘိုင်းက ပြန်လာခဲ့သော သားကို ကြိုဆိုခဲ့သော အမှတ်(၁၆) လူနာဖြစ်ခဲ့သူ အန်တီကြီး… ဆုံးပါးရှာပြီလို့ သိရပါတယ်”လို့ မျှဝေထားတာတွေ့ရပါတယ်။ ဒီပို့စ်ကို ပြီးခဲ့တဲ့ ၁၆ နာရီအတွင်းမှာ လူ ၂ ထောင်နီးပါးက ပြန်လည်မျှဝေထားတာလည်းတွေ့ရပါတယ်။ Fb link Archive link အချက်အလက်စိစစ်ချက် “Aung Naing Htwe” အမည်နဲ့အကောင့်က ဒီပို့စ်တင်ပြီးနာရီပိုင်းအတွင်းမှာပဲ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက covid-19 နောက်ဆုံးအခြေအနေ နေ့စဉ်သတင်းထုတ်ပြန်ကို သတင်းထုတ်ပြန်ခဲ့ပါတယ်။ ဧပြီ ၅ ရက်နေ့မှာ […]

Continue Reading

အွန်လိုင်းမှာရောင်းချနေတဲ့ ဗိုင်းရပ်စ်ရှောင်လည်ဆွဲက ကိုရိုနာဗိုင်းရပ်စ်ကာကွယ်နိုင် ဆိုတဲ့ သတင်းမှား

လည်ပင်းမှာဆွဲထားရုံနဲ့ ကိုရိုနာဗိုင်းရပ်စ်မကူးစက်နိုင်ဘူးဆိုပြီး virus shut out တံဆိပ်နဲ့ လည်ဆွဲကတ်လေး တွေကို အွန်လိုင်းမှာရောင်းချနေတာတွေ့ရပါတယ်။  “ကိုယ်ခန္ဓာမှာ Virus တွေမကပ်နိုင်အောင်အသစ်တီထွင်ထုပ်လုပ်လိုက်တဲ့ Virus Shut Out လေးပါ  အခုရက်ပိုင်းမှအသစ်ထွက်ရှိလာပြီး ဂျပန်အဆင့်မြင့်နည်းပညာဖြင့် ထုတ်လုပ်ထားတဲ့ပစ္စည်းလေးပါ ကလေး လူကြီးမရွေး အခုလိုအချိန်မှာ အသုံးပြုသင့် တဲ့ပစ္စည်းကောင်းလေးတစ်ခုပါ လူစည်ကားရာနေရာရုံး ကျောင်း အလုပ်တို့သွား တဲ့အခါမှာ လည်းပင်းလေးမှာဆွဲပေးထားရုံနဲ့ 3 မီတာ ပတ်လည်မှာရှိတဲ့ virus တွေကပ်မလာ နိုင်အောင် ကာကွယ်ပေးပါတယ် လည်ပင်းမှာဆွဲထားရုံမက စာရေးခုံ ကွန်ပြူတာအစရှိတဲ့ မိမိနဲ့အနီးတဝိုက်မှာ ရှိတဲ့ပစ္စည်းလေးတွေမှာလည်းချိတ်ဆွဲထားလို့ရ ပါတယ် လည်ပင်းမှာဆွဲထားရင်တော့အထိရောက်ဆုံး ကာကွယ်မှု ပေးနိုင်ပါတယ် ယခုလိုကူးစက်ရောဂါတွေဖြစ်ပွားနေချိမ် မနီးပတ်ဝန်းကျင်မှာရှိတဲ့ လူအချို့၏ နှာဆေးချောင်းဆိုး မှု လေထဲတွက်ပျံ့နှံ့လာသော မမြင်ရတဲ့ virus တွေကူးစက်မှုကို ဒီ […]

Continue Reading

ရောဂါကာကွယ်ဆေးကို ရှာတွေ့ပြီလို့ ကျန်းမာရေးဝန်ကြီး သတင်းကောင်းပေးဆိုတဲ့ သတင်းမှား

ရောဂါကာကွယ်ဆေးကို ရှာတွေ့ပြီလို့ ကျန်းမာရေးဝန်ကြီး သတင်းကောင်းပေးဆိုတဲ့ပို့စ်လူမှုကွန်ယက်မှာ ပျံ့နှံ့ခဲ့ပါတယ်။ Bo Aung Din အမည်နဲ့အကောင့်က “မှု့ခင်းနှင့်သတင်းစုံ”ဖေ့စ်ဘွတ်အုပ်စုမှာ “ရောဂါကာကွယ်ဆေးကို ရှာတွေ့ပါပြီလို့ ကျန်းမာရေးဝန်ကြီး သတင်းကောင်းပေးပြီ”ဆိုပြီး ရေးသားမျှဝေထားပါတယ်။ Nay Min Khant အမည်နဲ့အကောင့်ကလည်း “သတင်းစုံ”အမည်နဲ့ ဖေ့စ်ဘွတ်အုပ်စုမှာ အလားတူမျှဝေထားပါတယ်။ Fb link Fb link Fb link Archive link Archive link Archive link လင့်ခ်ကိုထောက်ပြီးတော့ဖတ်မယ်ဆိုရင်တော့ လိင်ပိုင်းဆိုင်ရာလင့်ခ်တွေ၊ ကံစမ်းမဲပေါက်ပြီးစတဲ့လင့်ခ်တွေဆီကို မျှားခေါ်နေသလိုခံစားရတဲ့ကြော်ညာတွေအလိုအလျှောက်ဝင်လာတဲ့ myanmartips ဆိုတဲ့ဝက်ဆိုဒ်ဆီကို ရောက်ရှိသွားပြီး အောက်ပါအတိုင်းရေးသားထားတာတွေ့ရပါတယ်။ “BPI (အင်းစိန်)၊ ဒီဆေးစက်ရုံက စက်မှု(၁)အောက်မှာရှိတဲ့ဆေးဝါးထုတ်လုပ်ရေးစက်ရုံပါ။ ဆေး quality နဲ့အာနိသင် က အခုနိုင်ငံခြားကဝင်နေတဲ့ဆေးတေအားလုံးထက်သာပါတယ်။ မြန်မာနိုင်ငံမှာ ဒီလိုဆေးစက်ရုံတစ်ခုရှ်တာ တကယ်ကိုတန်ဖိုးရှိပါတယ်။ အခုပြောချင်တာက […]

Continue Reading

ဆပ်ပြာစားရင် COVID-19 ရောဂါပျောက်တယ်ဆိုပြီး မျှဝေနေတဲ့ အန္တရာယ်ရှိသတင်းမှား

“မလေးရှားမှာ ဆပ်ပြာစားရင် COVID-19 ရောဂါပျောက်တယ်ဆိုလို့ စားကုန်ကြပြီ ရုပ်သံဖိုင်”ဆိုပြီး Love H အမည်နဲ့အကောင့်တစ်ခုက “အထူးသတင်းစုံ”၊ “သတင်းစုံ”၊ “မှုခင်းသတင်းများ”စတဲ့ ဖေ့စ်ဘွတ် အုပ်စုတွေထဲမှာ မျှဝေထားတာတွေ့ရပါတယ်။  Fb link Fb link Fb link Archive link Archive link Archive link “အကိုတို့ ၊ အမတို့ရေ ဆပ်ပြာစားရင် ပျောက်တယ်တဲ့ မလေးရှားမှာ ဆပ်ပြာစားလို့ ပျောက်ကုန်ကြပြီတဲ့… မြန်မာပြည်က လူတွေသိအောင် ရှဲပေးဦး ဟာသအနေနဲ့ တင်တာနော်။တကယ်သွားမလုပ်နဲ့။ ဆပ်ပြာစားလည်း မပျောက်ဘူး..သေသွားလိမ့်မယ်..”ဆိုပြီးတော့ “သုတ”အမည်နဲ့ဖေ့စ်ဘွတ်စာမျက်နှာကလည်း မျှဝေထားတာပါတယ်။ Fb link Archive link “သုတ”အမည်နဲ့ဖေ့စ်ဘွတ်စာမျက်နှာကလည်း မျှဝေထားတာကို tatinhtoo အမည်နဲ့ ဝက်ဆိုဒ်က “မလေးရှားမှာ ဆပ်ပြာစားရင် […]

Continue Reading

ကွမ်းစားတဲ့သူတွေကို ကိုရိုနာဗိုင်းရပ်စ်မကူးစက်နိုင်ဘူးဆိုတဲ့ သတင်းမှား

 ကွမ်းစားတဲ့သူတွေကို ကိုရိုနာဗိုင်းရပ်စ်မကူးစက်နိုင်ဘူးဆိုပြီး ပို့စ်တစ်ခု လူမှုကွန်ယက်မှာ ပျံ့နှံ့နေပါတယ်။ “ကဲ ကွမ်းစားတဲ့ ညီနောင်တွေ ပျော်လို့ရပီ ကွမ်းယာမှာပါတဲ့ ထုံးဓာတ်Ca(OH)2 အယ်ကာလီက အဆီလွှာကို ပေါက်ပြဲပျက်စီးစေတာကြောင့် အဆီလွှာနဲ့ဖုံးအုပ်ထားတဲ့ ကိုဗစ် ပိုးကို သေကြေပျက်စီးစေပါတယ် မတော် တဆ ပါးစပ်ထဲရောက်လာတဲ့ ကိုဗစ် ပိုးဟာ ထုံးဓာတ်ကြောင့် သေကြေပျက်စီးပါတယ် တရုတ်ပြည်ဝူဟန်မှာ ထုံးအမှုန့် တွေဖြန်းပီးနောက်ပိုင်း ပိုးကူးစက်မှု ရပ်တန့်သွားကြောင်းအခု လက်ရှိ postive ဝေဒနာသည်တွေဟာ ကွမ်းမစား သူတွေဖြစ်ကြကြောင်း ထို့ကြောင့် ကွမ်းစားများတဲ့ အိန္နိယနဲ့မြန်မာမှာ ကူးစက်မှုနည်းနေကြောင်း ကွမ်းစားခြင်း ကိုအားပေးတာမဟုတ်ပေမဲ့ လက်ရှိတွေ့ရှိချက်တွေကို ထုတ်ပြန်ထားတာပါ တစ်ခုတော့ရှိပါတယ် ကျန်တဲ့ အပေါက် တွေက မဝင်အောင်တော့ အိမ်ထဲမှာပဲ နေ လက်ဆေးကြပေါ့ဗျာ ဒါပေမဲ့ ကွမ်းမစားသူထက်စာရင်တော့ ကွမ်းစားနေကြတဲ့သူတွေက ကူးစက်ခံရမှုမရှိသလောက်ဖြစ်နေ […]

Continue Reading

(၁၄) ကြိမ်မြောက် ထီ သိန်းတစ်သောင်းခွဲ ကံထူးရှင်ကိုလွဲမှားဖော်ပြနေ

လစဉ်လဆန်း ၁ ရက်မှာ ထီဖွင့်တိုင်း အမြင့်ဆုံးဆုဖြစ်တဲ့ ကျပ် သိန်း ၁၅၀၀၀ ဆုကို ဘယ်တိုင်း ဒေသကြီးကပေါက်သလဲ၊ ဘယ်သူပေါက်သလဲဆိုတာဟာ စိတ်ဝင်စားစရာခေါင်းစဉ်တစ်ခုပါ။ ဒီလိုအခြေအနေမှာ “(၁၄) ကြိမ်မြောက် ထီ သိန်းတစ်သောင်း ခွဲ ကံထူးရှင် ရန်ကုန်တိုင်းဒေသကြီး မြောက်ဒဂုံမြို့နယ်မှ မလဲ့လဲ့မိုး သိန်း ၁၅၀၀၀ ဆု (ဗ ၄၉၄၅၇၈) ဖြင့် ထိုက်တန်စွာ ဆွတ်ခူးပေးလိုက်ပါပြီ… ထပ်တူ ဝမ်းသာမိပါသည်။ Credit… Linn Latt Thway”ဆိုပြီး ပုံစံတူပို့စ်တွေ လူမှုကွန်ယက်စာမျက်နှာအမြောက်အများက ပြန်လည်မျှဝေခဲ့တာတွေ့ရပါတယ်။ Fb link Fb link Archive link Archive link အချက်အလက်စိစစ်ချက် ဒီကနေ့ ဧပြီ(၁)ရက်နေ့မှာ ထွက်ရှိတဲ့ (၁၄)ကြိမ်မြောက် အောင်ဘာလေထီဆုကြီးရဲ့ ကျပ်သိန်းတစ်သောင်းခွဲဆုကို […]

Continue Reading