TIKA တံဆိပ်ပါအိတ်တွေကို ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းက ဆန်အိတ်တွေအဖြစ်ဖော်ပြ နေတဲ့ သတင်းမှား

တူရကီပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ(TIKA)တံဆိပ်နဲ့အိပ်တွေကို  ဒေါ်ခင်ကြည်ဖောင် ဒေးရှင်းက ရခိုင်လက်နက်ကိုင်အဖွဲ့(AA)ကိုထောက်ပံ့သော ဆန်အိတ်များအဖြစ် လူမှုကွန်ယက်မှာ ဖြန့်ဝေနေပါတယ်။ တပ်မတော်က AA စခန်းကိုသိမ်းမိလို့ ပစ္စည်းလေးတွေကိုစစ်ဆေးလိုက်တော့ ဒေါ်ခင်ကြည် ဖောင်ဒေးရှင်းကထောက်ပံ့ပေးထားတဲ့ပစ္စည်းတွေဖြစ်နေတယ်ဆိုပြီးတော့ Tin Myo အမည်နဲ့ အကောင့်က ပို့စ်တင်ထားပါတယ်။ FB link Archive link အချက်အလက်စိစစ်ချက် ၁။ တပ်မတော်ကာကွယ်ရေးဥ◌ီးစီးချုပ်ရုံးရဲ့ ဝက်ဆိုဒ်စာမျက်နှာမှာ AA စခန်းကို သိမ်းပိုက်ရရှိတဲ့သတင်းနဲ့ အခုလို ဆန်အိတ်တွေ ဖမ်းဆီးရမိတဲ့ သတင်းမတွေ့ရပါဘူး။ ၂။ ဆန်အိတ်ပေါ်က အမှတ်တံဆိပ်ကို ကြည့်တဲ့အခါမှာ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းက အမှတ်တံဆိပ်မဟုတ်ပါဘူး။ ၃။ တရားဝင်သတင်းဌာနတွေက ဒီလိုဖမ်းဆီးရရှိမှုသတင်းမတွေ့ရှိရပါဘူး။ ၄။ Google မှာရှာကြည့်ရင် ဒီအမှတ်တံဆိပ်ဟာ တူရကီပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီရဲ့ အမှတ်တံဆိပ်နဲ့တူနေတာတွေ့ရပါတယ်။ ၅။ Google မှာ reverse image ရှာဖွေနည်းနဲ့ […]

Continue Reading

မိဘကို စော်ကား၍မြေမြိုခံရဆိုတဲ့ သတင်းမှား

မိဘကို စော်ကား၍မြေမြိုခံဆိုတဲ့သတင်းကို လူမှုကွန်ယက်မှာ မျှဝေသူတွေ များပြားနေပါတယ်။ မန္တလေးတိုင်း အောင်ပင်လယ်ရပ်ကွက်နေသူမောင်ထင်လင်းဦး ခေါ် မောင်ဆူဟိုဟာ ဇွန် ၁၅ ရက်က ကိုရီးယားအဆိုတော်အဖွဲ့ EXO ရဲ့ သီချင်းခွေဝယ်ရန် အမေဖြစ်သူမုဆိုးမကြီးထံမှ ပိုက်ဆံတောင်းရာ မပေးသဖြင့် မိခင်အိုကြီးအား ဆဲဆိုကန် ကျောက်ရိုက်နက် ၍ အိမ်မှ ဆင်းသွားစဉ် မြေမြိုခံခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။ FB link Archive link အချက်အလက်စိစစ်ချက် ၁။ Google မှာပုံကို ရှာကြည့်တဲ့အခါ အင်္ဂလိပ်ဘာသာနဲ့ရေးထားတဲ့ သတင်းအမြောက ်အများကို အောက်ပါအတိုင်းတွေ့ရပါတယ်။ ၂။ ပထမဆုံး လင့်ခ်ကိုဖွင့်ကြည့်မယ်ဆိုရင် ဒီပုံဟာ အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ်က သဘာဝလှိုင်ဂူထဲကို လူတစ်ယောက်က ဝင်ဖို့ကြိုးစားနေတဲ့ ပုံလို့ဖော်ပြထားပါတယ်။ ၂၀၁၅ ခုနှစ်က အခြားဝင်ပေါက်ရှိပေမဲ့ စွန့်စားချင်တဲ့သူ တစ်ယောက်က […]

Continue Reading