Fact Check:  မီးပြတ်လို့ ဂျပန်လျှပ်စစ်ဝန်ကြီးက ပြည်သူတွေကို တောင်းပန်နေပုံလား-မဟုတ်ပါ

ဂျပန်မှာ ရွာငယ်လေး တစ်ရွာမှာ လျှပ်စစ်မီး မိနစ် ၂၀ ကြာပြတ်တောက်ခဲ့သည်အတွက် လျှပ်စစ်ဝန်ကြီးက မီးပြတ်ချိန်အတိုင်း ပြည်သူ့ရှေ့မှောက်မှာ ဦးညွှတ်ပြန်တောင်းပန်ခဲ့တဲ့ပုံအဖြစ် ဓာတ်ပုံပို့စ်တစ်ခု ဖေ့စ်ဘွတ် မှာပျံ့နှံနေတာတွေ့ ရပါတယ်။ ဒီဓာတ်ပုံထဲက ပုဂ္ဂိုလ်ဟာ ဟွန်ဒါ(Honda) ကုမ္ပဏီရဲ့ အမှုဆောင်အရာရှိချုပ် တာကဟီရို ဟချီဂို(Takahiro Hachigo)ဖြစ်ပါတယ်။ စင်မြင့်တစ်ခုပေါ်ကနေ အနောက်တိုင်းဝတ်စုံဝတ်အမျိုးသားတစ်ယောက်က စင်အောက်က လူတွေကို ခါးကိုင်း ခေါင်းငုံ့ပြီး တောင်းပန်တယ်လို့ယူဆရတဲ့ဓာတ်ပုံတစ်ပုံပါဝင်ပြီး “ဂျပန်က ရွာငယ်လေး တစ်ရွာမှာ လျှပ်စစ်မီး မိနစ် (၂၀) ကြာ ပြတ်တော က်ခဲ့သည်အတွက် လျှပ်စစ်ဝန်ကြီးမှ ပြည်သူရှေ့ ပြည်သူရှေ့မှောက်မှာ မီးပြတ်တောက်ချိန် နဲ့ ညီမျှတဲ့ မိနစ် (၂၀) ကြာ ဦးညွတ် တောင်းပန်ခဲ့ရ”လို့ရေးသားလည်း ရေးသားထာပါတယ်။ ယဉ်‌ကျေးတဲ့အမူအယာ၊အလုပ်လုပ်တာတိကျမှု၊ အချိန်လေးစားမှုဆိုတဲ့ စကားလုံးတွေဟာ ဂျပန်လူမျိုးတွေရဲ့ […]

Continue Reading