ဂျင်းက COVID-19 ကိုကာကွယ်ကုသနိုင်တဲ့ အထောက်အထားမရှိပါ

ဂျင်းက COVID-19 ကာကွယ်ကုသနိုင်တယ်ဆိုတဲ့ ပို့စ်တစ်ခု လူမှုကွန်ယက်အသုံးပြုသူကြားမှာ ပျံ့နှံ့လျက်ရှိတာတွေ့ရပါတယ်။ ပျံ့နှံ့လျက်ရှိတဲ့ ပို့စ်မှာ ဂျင်း ဆားပြုတ်ရည်ကို နာရီဝက်လောက်ကြိုသောက်ထားမယ်ဆိုရင် COVID-19 ပိုးမတွေ့ နိုင်ဘူးလို့လည်း ပြောကြားထားပြီး “ဂျင်း၊ဆားပြုတ်ရည်ဟာ လည်ချောင်းဝ၊ ချွဲအရည်ကြည်မှာ ပိုးကို ခိုကပ်အား မယူနိုင်အောင်၊ ကြာရှည် မနေနိုင်အောင် မောင်းထုတ်နိုင်တယ်ဆိုတာမျိုး ဖြစ်ဖို့များပါတယ်။ သူကြာကြာ မနေနိုင်ရင် ပွားများလာပြီး အဆုတ်နဲ့ ခန္ဓာကိုယ်ကို ဆက်တိုက်ခိုက်ဖို့ အင်အားလျော့နည်းသွားစေတဲ့ သဘောဖြစ်ပါတယ်”လို့ “Min Han”အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူကရေးသားမျှဝေထားတွေ့ရပါတယ်။ Link Archive link တကယ်တော့ ဒီလိုပြောဆိုချက်ဟာ ကိုယ်ပိုင်ယူဆချက်တစ်ခုဟာဖြစ်ပြီး ဆေးဘက်ဆိုင်ရာမှာ ကာကွယ်ကုသနိုင်တယ်ဆိုတဲ့အထောက်အထားမျိုးမရှိတာတွေ့ရပါတယ်။ အချက်အလက်စိစစ်ချက် အမေရိကန်အမျိုးသားသိပ္ပံအဖွဲ့အစည်းက ဂျင်းကို စားတာဖြစ်စေ ဂျင်းလက်ဖက်ရည်ကို သောက်တာဖြစ်စေ ဂျင်းပါတဲ့ဆေးလုံးကို စားတာဖြစ်စေ ဂျင်းမှုန့်ကို ရှူတာ၊ အစားထဲမှာ […]

Continue Reading

အမေရိကန်မှာ COVID-19 ကာကွယ်ဆေး လူသန်း ၂၀၀ မှာ ထိုးမယ်ဆိုတာမဟုတ်ပါ

အမေရိကန်မှာ COVID-19 ကာကွယ်ဆေး လူသန်း ၂၀၀ ကို အောက်တိုဘာ ၂၂ ရက်မှာ စတင်ထိုးမယ်ဆိုတဲ့ ပို့စ်တစ်ခု ပျံ့နှံ့လျက်ရှိတာတွေ့ရပါတယ်။ “အောက်တိုဘာ 22 Covid19 ကာကွယ်ဆေး USA မှာလူသန်း 200စထိုးပြီ..CNN”လို့ “Lwin Moe”အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူက ရေးသားထားပြီး ဒီသတင်းကို ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာတွေမှာ မျှဝေခဲ့ကြ တာတွေ့ရပါတယ်။ Link Archive link အချက်အလက်စိစစ်ချက် Google မှာ “us covid-19 vaccine on october 22 cnn”လို့ အဓိကကျတဲ့စကားလုံးတွေကို ရိုက်ရှာမယ်ဆိုရင် အောက်ပါအတိုင်းတွေ့ရပါတယ်။ COVID-19 ကာကွယ်တားဆီးရန်အလားအလာကောင်းများ ကာကွယ်ဆေးတွေအတွက် ခွင့်ပြုချက် သို့မဟုတ် လိုင်စင်ချထားပေးခြင်းတွေကို အားဆွေးနွေးဖို့အတွက် ၂၀၂၀၊ အောက်တိုဘာ ၂၂ ရက်တွင်ကာကွယ်ဆေးနဲ့ […]

Continue Reading

ရောဂါကာကွယ်ဆေးကို ရှာတွေ့ပြီလို့ ကျန်းမာရေးဝန်ကြီး သတင်းကောင်းပေးဆိုတဲ့ သတင်းမှား

ရောဂါကာကွယ်ဆေးကို ရှာတွေ့ပြီလို့ ကျန်းမာရေးဝန်ကြီး သတင်းကောင်းပေးဆိုတဲ့ပို့စ်လူမှုကွန်ယက်မှာ ပျံ့နှံ့ခဲ့ပါတယ်။ Bo Aung Din အမည်နဲ့အကောင့်က “မှု့ခင်းနှင့်သတင်းစုံ”ဖေ့စ်ဘွတ်အုပ်စုမှာ “ရောဂါကာကွယ်ဆေးကို ရှာတွေ့ပါပြီလို့ ကျန်းမာရေးဝန်ကြီး သတင်းကောင်းပေးပြီ”ဆိုပြီး ရေးသားမျှဝေထားပါတယ်။ Nay Min Khant အမည်နဲ့အကောင့်ကလည်း “သတင်းစုံ”အမည်နဲ့ ဖေ့စ်ဘွတ်အုပ်စုမှာ အလားတူမျှဝေထားပါတယ်။ Fb link Fb link Fb link Archive link Archive link Archive link လင့်ခ်ကိုထောက်ပြီးတော့ဖတ်မယ်ဆိုရင်တော့ လိင်ပိုင်းဆိုင်ရာလင့်ခ်တွေ၊ ကံစမ်းမဲပေါက်ပြီးစတဲ့လင့်ခ်တွေဆီကို မျှားခေါ်နေသလိုခံစားရတဲ့ကြော်ညာတွေအလိုအလျှောက်ဝင်လာတဲ့ myanmartips ဆိုတဲ့ဝက်ဆိုဒ်ဆီကို ရောက်ရှိသွားပြီး အောက်ပါအတိုင်းရေးသားထားတာတွေ့ရပါတယ်။ “BPI (အင်းစိန်)၊ ဒီဆေးစက်ရုံက စက်မှု(၁)အောက်မှာရှိတဲ့ဆေးဝါးထုတ်လုပ်ရေးစက်ရုံပါ။ ဆေး quality နဲ့အာနိသင် က အခုနိုင်ငံခြားကဝင်နေတဲ့ဆေးတေအားလုံးထက်သာပါတယ်။ မြန်မာနိုင်ငံမှာ ဒီလိုဆေးစက်ရုံတစ်ခုရှ်တာ တကယ်ကိုတန်ဖိုးရှိပါတယ်။ အခုပြောချင်တာက […]

Continue Reading